This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဘယ္လ္ဂ်ီယံနဲ႔ ပြဲအၿပီး တိုက္ခိုက္ခံခဲ့ရတဲ့ အဂၤလန္ပရိသတ္တစ္ဦး Coma ေရာဂါ ခံစားေနရ

ဘယ္လ္ဂ်ီယံအသင္းကို ရံႈးနိမ့္ခဲ့ အုပ္စုေနာက္ဆံုး ပြဲစဥ္အၿပီး တိုက္ခိုက္ခံခဲ့ရတဲ့ အဂၤလန္ပရိသတ္တစ္ဦး ျပင္းထန္တဲ့ ထိခိုက္မႈေတြေၾကာင့္ Coma ေရာဂါ ခံစားေနခဲ့ရပါတယ္။ အသက္ (၄၉)ႏွစ္အရြယ္ရွိ Coma ေရာဂါ ခံစားေနရတဲ့ ပရိသတ္ဟာ အဂၤလန္ႏိုင္ငံ၊ ဒါဗြန္ၿမိဳ႕အတြင္းရွိ စားေသာက္ဆိုင္တစ္ခု အျပင္ဘက္မွာျဖစ္ပြားခဲ့တဲ့ ရန္ပြဲမွာ တိုက္ခိုက္ခံခဲ့ရတာျဖစ္ပါတယ္။ ရန္ပြဲအၿပီး Crown and Anchor လို႔ အမည္ရတဲ့ စားေသာက္ဆိုင္အျပင္မွာ ျပင္းထန္တဲ့ ဦးေခါင္းဒဏ္ရာေတြနဲ႔ လဲက်ေနတဲ့ အဆိုပါ ပရိသတ္ကို ျဖတ္သြားျဖတ္လာေတြက ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

Crown-and-Anchor-pub

Crown-and-Anchor-pub

ပလိုင္းေမာက္ၿမိဳ႕မွာရွိတဲ့ ဒါရီေဖာ့ဒ္ေဆးရုံမွာ အနီးကပ္ေစာင့္ၾကည့္ ကုသမႈေတြ ခံယူလ်က္ရွိၿပီး Coma ျဖစ္ပြားေနေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ေရာ့ဘ္ေဝးေမာက္ Rob Waymouth လို႔ အမည္ရတဲ့ ဒါဗြန္ၿမိဳ႕ရဲတပ္ဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူက “အျခားအမ်ိဳးသားတစ္ဦးနဲ႔ Coma ခံစားေနရသူတို႔ အျငင္းပြားရာကေန ရန္ပြဲစတင္ခဲ့တာပါ၊ ရန္ပြဲက Crown and Anchor စားေသာက္ဆိုင္ အျပင္မွာဆက္လက္ျဖစ္ပြားခဲ့ၿပီး အုပ္စုလိုက္ရန္ပြဲမ်ိဳးျဖစ္ပြားခဲ့ၾကတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဘယ်လ်ဂျီယံနဲ့ ပွဲအပြီး တိုက်ခိုက်ခံခဲ့ရတဲ့ အင်္ဂလန်ပရိသတ်တစ်ဦး Coma ရောဂါ ခံစားနေရ

ဘယ်လ်ဂျီယံအသင်းကို ရှုံးနိမ့်ခဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်အပြီး တိုက်ခိုက်ခံခဲ့ရတဲ့ အင်္ဂလန်ပရိသတ်တစ်ဦး ပြင်းထန်တဲ့ ထိခိုက်မှုတွေကြောင့် Coma ရောဂါ ခံစားနေခဲ့ရပါတယ်။ အသက် (၄၉)နှစ်အရွယ်ရှိ Coma ရောဂါ ခံစားနေရတဲ့ ပရိသတ်ဟာ အင်္ဂလန်နိုင်ငံ၊ ဒါဗွန်မြို့အတွင်းရှိ စားသောက်ဆိုင်တစ်ခု အပြင်ဘက်မှာဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ရန်ပွဲအပြီး Crown and Anchor လို့ အမည်ရတဲ့ စားသောက်ဆိုင်အပြင်မှာ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာတွေနဲ့ လဲကျနေတဲ့ အဆိုပါ ပရိသတ်ကို ဖြတ်သွားဖြတ်လာတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Crown-and-Anchor-pub

Crown-and-Anchor-pub

ပလိုင်းမောက်မြို့မှာရှိတဲ့ ဒါရီဖော့ဒ်ဆေးရုံမှာ အနီးကပ်စောင့်ကြည့် ကုသမှုတွေ ခံယူလျက်ရှိပြီး Coma ဖြစ်ပွားနေကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ရော့ဘ်ဝေးမောက် Rob Waymouth လို့ အမည်ရတဲ့ ဒါဗွန်မြို့ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “အခြားအမျိုးသားတစ်ဦးနဲ့ Coma ခံစားနေရသူတို့ အငြင်းပွားရာကနေ ရန်ပွဲစတင်ခဲ့တာပါ၊ ရန်ပွဲက Crown and Anchor စားသောက်ဆိုင် အပြင်မှာဆက်လက်ဖြစ်ပွားခဲ့ပြီး အုပ်စုလိုက်ရန်ပွဲမျိုးဖြစ်ပွားခဲ့ကြတာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com