This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကုိလံဘီယာကုိ မ႐ႈံးဖူးေသးတဲ့ မွတ္တမ္းေကာင္း ဆက္ထိန္းဖုိ႔ႀကိဳးပမ္းရမယ့္ အဂၤလန္

၂၀၁၈ ကမၻာ႔ဖလား ႐ႈံးထြက္(၁၆)သင္းအဆင့္ရဲ႕ ေနာက္ဆုံးပဲြစဥ္(၂)ပဲြျဖစ္တဲ့ ဆြီဒင္-ဆြစ္ဇာလန္၊ အဂၤလန္-ကုိလံဘီယာပဲြေတြကုိ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ ဒီႏွစ္ပဲြက အႏုိင္ရတဲ့ႏွစ္သင္း ကြာတားဖုိင္နယ္မွာ ဆုံေတြ႕မွာျဖစ္တာေၾကာင့္ ဘယ္အသင္းေတြ ထိပ္တုိက္ေတြ႕မလဲဆုိတာ စိတ္၀င္စားစရာပါပဲ . . .

ဆြီဒင္ ႏွင့္ ဆြစ္ဇာလန္ (၃-၇-၂၀၁၈ ည ၈း၃၀)
အုပ္စု(F)မွာ ဂ်ာမနီကုိ ေက်ာ္ျဖတ္ၿပီး အုပ္စုဗုိလ္နဲ႔ ဒီအဆင့္ကုိေရာက္လာတဲ့ ဆြီဒင္အသင္းရဲ႕ စြမ္းေဆာင္ရည္က ေလးစားစရာပါပဲ။ တစ္ဦးေကာင္းထက္ Team Work ေကာင္းေကာင္းနဲ႔ ကစားတတ္တဲ့အသင္းျဖစ္ၿပီး ေျခစြမ္း၊ စိတ္ဓာတ္ကလည္း မာေက်ာမႈအျပည့္ပါပဲ။ တိုက္စစ္က ၀ါရင့္ကစားသမားေတြျဖစ္တဲ့ မားကပ္စ္ဘတ္ဂ္ Marcus Berg ၊ တြိဳင္ဗုိနန္ Toivonen တို႔ဟာ ၿပိဳင္ဘက္ခံစစ္ကုိ ဒုကၡေပးႏုိင္သူေတြျဖစ္ၿပီး ကြင္းလယ္နဲ႔ ေနာက္တန္းမွာလည္း ကစားသမားေကာင္းေတြ ရွိပါတယ္။ ဘရာဇီးလ္၊ ဆားဘီးယား၊ ေကာ္စတာရီကာတို႔လုိ အသင္းေတြနဲ႔ အုပ္စုက်ပ္ထဲက်ေရာက္ခဲ့ၿပီး ဒီအဆင့္အထိေရာက္လာတဲ့ ဆြစ္ဇာလန္အသင္းကုိလည္း အထင္ေသးလုိ႔မရပါဘူး။ အုပ္စုတြင္းမွာ ဘရာဇီးလ္လုိအသင္းမ်ိဳးကုိ သေရကစားႏုိင္ခဲ့တယ္။ ဒါမစ္ Drmic ၊ ရွာကီရီ Shaqiri ၊ ခ်ာကာ Xhaka တို႔လုိ ကစားသမားေတြအျပင္ ဒီဇီမယ္လီ Džemaili ၊ ဘရာမီ Behrami စတ့ဲ ၀ါရင့္ကစားသမားေတြလည္းရွိပါတယ္။ ႏွစ္သင္းစလုံးရဲ႕ ကစားသမားစုဖဲြ႕မႈ၊ ေျခစြမ္းပုိင္းက ကြာျခားခ်က္မရွိလုိ႔ အႏုိင္၊အ႐ႈံးခန္႔မွန္းဖုိ႔ ခက္တယ္။ မိနစ္(၉၀)အတြင္း အေျဖေပၚဖုိ႔ မရွိဘဲ အခ်ိန္ပုိ၊ ပယ္နယ္တီအထိေရာက္သြားႏုိင္ၿပီး စိတ္ႀကိဳက္အသင္းဆုိရင္ေတာ့ ဆြစ္ဇာလန္ကုိပဲ ႀကိဳက္တယ္။

ကုိလံဘီယာ ႏွင့္ အဂၤလန္ (၄-၇-၂၀၁၈ နံနက္ ၁၂း၃၀)
အဂၤလန္အသင္းရဲ႕ ဒီႏွစ္ကမၻာ႔ဖလားေျခစြမ္းက အားရစရာပါပဲ။ ဒါေပမဲ့ အုပ္စုတြင္းမွာ ဘယ္လ္ဂ်ီယံတစ္သင္းသာ ၿပိဳင္ဘက္ေကာင္းပါလုိ႔ အခုပဲြက အဂၤလန္အသင္းရဲ႕ ေျခစြမ္းအစစ္အမွန္ကို စမ္းသပ္မယ့္ပဲြလုိ႔ ဆုိရမယ္။ ကုိလံဘီယာအသငး္ကေတာ့ အုပ္စုတြင္းမွာ ဂ်ပန္ကုိ မထင္မွတ္ဘဲ ႐ႈံးခဲ့တာကလဲြလုိ႔ က်န္တဲ့ႏွစ္ပဲြမွာ ပုံမွန္ေျခစြမ္းျပသႏုိင္ခဲ့ၿပီး ပိုလန္၊ ဆီနီေဂါတို႔ကုိ အႏုိင္ကစားခဲ့တယ္။ အဂၤလန္နဲ႔ ကုိလံဘီယာအသင္းတို႔ဟာ ၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက အုပ္စုတြင္းမွာ ဆုံေတြ႕ခဲ့ဖူးၿပီး အဂၤလန္က (၂-၀)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ ဒီႏွစ္သင္း (၁၃)ႏွစ္အၾကာမွာ ပထမဆုံးအႀကိမ္ ျပန္ေတြ႕တာျဖစ္ၿပီး ေနာက္ဆုံးရင္ဆုိင္ခဲ့တဲ့ ၂၀၀၅ ေျခစမ္းပဲြတုန္းကလည္း အဂၤလန္အသငး္ကပဲ (၃-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တာပါ။ စုစုေပါင္းဆုံေတြ႕ခဲ့တဲ့(၅)ႀကိမ္မွာ အဂၤလန္အသငး္က (၃)ပဲြႏုိင္၊ (၂)ပဲြသေရက်ခဲ့ၿပီး Head To Head မွတ္တမ္းမွာေတာ့ အျပတ္အသတ္ အသာယူထားတယ္။ ဒီႏွစ္သင္းျဖတ္သန္းခဲ့တဲ့ပဲြေတြက ေျခစြမ္းကုိ ႏႈိင္းယွဥ္ၾကည့္မယ္ဆုိရင္ သိသိသာသာ ကြာျခားခ်က္မရွိဘူး။ ကစားသမားစုဖဲြ႕မႈမွာလည္း ဘက္ညီတယ္လုိ႔ဆုိရမယ္။ အရင္တုန္းက အဂၤလန္အသင္းလုိ နာမည္ႀကီးကစားသမားေတြနဲ႔ တစ္ဦးေကာင္းကစားတာမ်ိဳး မဟုတ္ဘဲ လူငယ္ကစားသမားေတြကုိ အေျခခံၿပီး Team Work ကုိ ဦးစားေပးထားတဲ့ အဂၤလန္အသင္း ကြာတားဖိုင္နယ္ကုိ တက္ေရာက္သြားမယ္လုိ႔ ထင္မိတယ္။

Photo:MacMadison News
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကိုလံဘီယာကို မရှုံးဖူးသေးတဲ့ မှတ်တမ်းကောင်း ဆက်ထိန်းဖို့ကြိုးပမ်းရမယ့် အင်္ဂလန်

၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ရဲ့ နောက်ဆုံးပွဲစဉ်(၂)ပွဲဖြစ်တဲ့ ဆွီဒင်-ဆွစ်ဇာလန်၊ အင်္ဂလန်-ကိုလံဘီယာပွဲတွေကို ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီနှစ်ပွဲက အနိုင်ရတဲ့နှစ်သင်း ကွာတားဖိုင်နယ်မှာ ဆုံတွေ့မှာဖြစ်တာကြောင့် ဘယ်အသင်းတွေ ထိပ်တိုက်တွေ့မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ . . .

ဆွီဒင် နှင့် ဆွစ်ဇာလန် (၃-၇-၂၀၁၈ ည ၈း၃၀)
အုပ်စု(F)မှာ ဂျာမနီကို ကျော်ဖြတ်ပြီး အုပ်စုဗိုလ်နဲ့ ဒီအဆင့်ကိုရောက်လာတဲ့ ဆွီဒင်အသင်းရဲ့ စွမ်းဆောင်ရည်က လေးစားစရာပါပဲ။ တစ်ဦးကောင်းထက် Team Work ကောင်းကောင်းနဲ့ ကစားတတ်တဲ့အသင်းဖြစ်ပြီး ခြေစွမ်း၊ စိတ်ဓာတ်ကလည်း မာကျောမှုအပြည့်ပါပဲ။ တိုက်စစ်က ဝါရင့်ကစားသမားတွေဖြစ်တဲ့ မားကပ်စ်ဘတ်ဂ် Marcus Berg ၊ တွိုင်ဗိုနန် Toivonen တို့ဟာ ပြိုင်ဘက်ခံစစ်ကို ဒုက္ခပေးနိုင်သူတွေဖြစ်ပြီး ကွင်းလယ်နဲ့ နောက်တန်းမှာလည်း ကစားသမားကောင်းတွေ ရှိပါတယ်။ ဘရာဇီးလ်၊ ဆားဘီးယား၊ ကော်စတာရီကာတို့လို အသင်းတွေနဲ့ အုပ်စုကျပ်ထဲကျရောက်ခဲ့ပြီး ဒီအဆင့်အထိရောက်လာတဲ့ ဆွစ်ဇာလန်အသင်းကိုလည်း အထင်သေးလို့မရပါဘူး။ အုပ်စုတွင်းမှာ ဘရာဇီးလ်လိုအသင်းမျိုးကို သရေကစားနိုင်ခဲ့တယ်။ ဒါမစ် Drmic ၊ ရှာကီရီ Shaqiri ၊ ချာကာ Xhaka တို့လို ကစားသမားတွေအပြင် ဒီဇီမယ်လီ Džemaili ၊ ဘရာမီ Behrami စတဲ့ ဝါရင့်ကစားသမားတွေလည်းရှိပါတယ်။ နှစ်သင်းစလုံးရဲ့ ကစားသမားစုဖွဲ့မှု၊ ခြေစွမ်းပိုင်းက ကွာခြားချက်မရှိလို့ အနိုင်၊အရှုံးခန့်မှန်းဖို့ ခက်တယ်။ မိနစ်(၉၀)အတွင်း အဖြေပေါ်ဖို့ မရှိဘဲ အချိန်ပို၊ ပယ်နယ်တီအထိရောက်သွားနိုင်ပြီး စိတ်ကြိုက်အသင်းဆိုရင်တော့ ဆွစ်ဇာလန်ကိုပဲ ကြိုက်တယ်။

ကိုလံဘီယာ နှင့် အင်္ဂလန် (၄-၇-၂၀၁၈ နံနက် ၁၂း၃၀)
အင်္ဂလန်အသင်းရဲ့ ဒီနှစ်ကမ္ဘာ့ဖလားခြေစွမ်းက အားရစရာပါပဲ။ ဒါပေမဲ့ အုပ်စုတွင်းမှာ ဘယ်လ်ဂျီယံတစ်သင်းသာ ပြိုင်ဘက်ကောင်းပါလို့ အခုပွဲက အင်္ဂလန်အသင်းရဲ့ ခြေစွမ်းအစစ်အမှန်ကို စမ်းသပ်မယ့်ပွဲလို့ ဆိုရမယ်။ ကိုလံဘီယာအသင်းကတော့ အုပ်စုတွင်းမှာ ဂျပန်ကို မထင်မှတ်ဘဲ ရှုံးခဲ့တာကလွဲလို့ ကျန်တဲ့နှစ်ပွဲမှာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပြီး ပိုလန်၊ ဆီနီဂေါတို့ကို အနိုင်ကစားခဲ့တယ်။ အင်္ဂလန်နဲ့ ကိုလံဘီယာအသင်းတို့ဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အုပ်စုတွင်းမှာ ဆုံတွေ့ခဲ့ဖူးပြီး အင်္ဂလန်က (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒီနှစ်သင်း (၁၃)နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်တွေ့တာဖြစ်ပြီး နောက်ဆုံးရင်ဆိုင်ခဲ့တဲ့ ၂၀၀၅ ခြေစမ်းပွဲတုန်းကလည်း အင်္ဂလန်အသင်းကပဲ (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ စုစုပေါင်းဆုံတွေ့ခဲ့တဲ့(၅)ကြိမ်မှာ အင်္ဂလန်အသင်းက (၃)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ပြီး Head To Head မှတ်တမ်းမှာတော့ အပြတ်အသတ် အသာယူထားတယ်။ ဒီနှစ်သင်းဖြတ်သန်းခဲ့တဲ့ပွဲတွေက ခြေစွမ်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိသိသာသာ ကွာခြားချက်မရှိဘူး။ ကစားသမားစုဖွဲ့မှုမှာလည်း ဘက်ညီတယ်လို့ဆိုရမယ်။ အရင်တုန်းက အင်္ဂလန်အသင်းလို နာမည်ကြီးကစားသမားတွေနဲ့ တစ်ဦးကောင်းကစားတာမျိုး မဟုတ်ဘဲ လူငယ်ကစားသမားတွေကို အခြေခံပြီး Team Work ကို ဦးစားပေးထားတဲ့ အင်္ဂလန်အသင်း ကွာတားဖိုင်နယ်ကို တက်ရောက်သွားမယ်လို့ ထင်မိတယ်။

Photo:MacMadison News
Naing Linn(Akhayar)
www.akhayar.com