[Zawgyi]




အရိပ်အဖွဲ့သားများ





ကြည်သာ (Akhayar)


www.akhayar.com

[Unicode]

အရိပ်ဇာတ်သိမ်းပိုင်းလေးကို ကြိုက်ရဲ့ လားလို့မေးလိုက်တဲ့ မေမြင့်မိုရ်

အရိပ်ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ မေမြင့်မိုရ်က ဇာတ်သိမ်းသွားပြီ ဖြစ်တဲ့ အရိပ်ဇာတ်ကားနဲ့ပတ်သက်လို့ ပရိသတ်ကိုမေးခွန်းလေးတစ်ခုမေးရင်း အခုလိုကျေးဇူးတင်စကားဆိုလိုက်တာဖြစ်ပါတယ်။

“စု ကိုချစ်တဲ့ပရိသတ်ကြီးရေ ‘အရိပ်’ ရဲ့ Happy Ending လေးကိုကြိုက်ရဲ့လား ချစ်ပရိသတ်ကြီးဖြစ်စေချင်တာနဲ့တစ်ထပ်တည်းကြရဲ့လား? အရိပ်ဇာတ်လမ်းတွဲလေးကိုနေ့စဉ်မပြတ်ကြည့်ရှုအားပေးတဲ့ ချစ်ပရိသတ်တစ်ယောက်ချင်းဆီတိုင်းကိုလဲ ‘စုစုလှိုင်’ မှကျေးဇူးများကြီးတင်ပါတယ် အရမ်းလဲချစ်ပါတယ်ရှင့်”

အရိပ်အဖွ့ဲသားများ

‘စု’ဇာတ်ကောင်လေးကိုလဲရင်ဘတ်ထဲမှာသိမ်းထားပေးပါလို့မျှော်လင့်ရင်း…..
‘စု’ ရဲ့နောက်ထပ်လာမဲ့ဇာတ်လမ်းတွဲတွေဇာတ်ကောင်အသစ်လေးတွေကိုလဲ ‘စု’ လိုပဲချစ်ပြီးအားပေးကြပါဦးလို့
‘အရိပ်’ကနေ’စု’ နှုတ်ဆက်လိုက်ပါတယ်…”

“အားလုံးကိုချစ်တဲ့ ‘စုစုလှိုင်’-‘စု’-‘မမစု” ဆိုပြီးတော့ အရိပ်ဇာတ်ကားထဲကသူမရဲ့ နာမည်ဖြစ်တဲ့ စု ဆိုတဲ့ နာမည်လေးနဲ့ အခုလိုနှုတ်ဆက်ထားတာတွေ့ရပါတယ်”။

အရိပ် Producer ဒေါ်ခင်ခင်လေးနဲ့အတူတွေ့ရတဲ့ အဖွဲ့သားများ

အရိပ်ဇာတ်လမ်းတွဲဟာ ပရိသတ်တွေကြိုက်နှစ်သက်ကြတဲ့ အတွက်အောင်မြင်မှုရရှိလိုက်တဲ့ ရုပ်သံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်အရိပ်အဖွဲ့သားတွေကိုလည်း ဇာတ်သိမ်းပိုင်းမတိုင်ခင်တစ်ရက်က ဂုဏ်ပြုပွဲကျင်းပပေးခဲ့တယ်လို့သိရပါတယ်။အရိပ်ဇာတ်သိမ်းပိုင်းကိုတော့ ဇွန်လ ၁၂ ရက်နေ့ညမှာ ပြသခဲ့တာဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: May Myint Mo Facebook

www.akhayar.com