[Zawgyi]

ဂ်ဴဗင္တပ္စ္အသင္းနဲ႔ (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ သေဘာတူညီမႈရရွိခဲ့တဲ့ အမ္မရီခ်န္ Emre Can

လာမယ့္ဇြန္လက်ရင္ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးမယ့္ အမ္မရီခ်န္ Emre Can ဟာ ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕ေတာ့မွာျဖစ္ၿပီး (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိဖုိ႔ သေဘာတူညီမႈရခဲ့ၿပီျဖစ္ပါတယ္။ လီဗာပူးလ္အသင္းက အမ္မရီခ်န္ကုိ စာခ်ဳပ္သက္တမး္တိုးဖုိ႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း ကစားသမားက ျငင္းဆန္ခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕မယ္ဆုိတဲ့ သတင္းေတြက ၿပီးခဲ့တဲ့ဇန္န၀ါရီလကတည္းက ထြက္ေပၚ ခဲ့တာပါ။ ဂ်ဴဗင္တပ္စ္အသင္းဟာ အမ္မရီခ်န္ကုိ (၁)ႏွစ္လစာအျဖစ္ ယူ႐ုိ(၅)သန္း ေပးေခ်မွာျဖစ္သလုိ လာမယ့္တစ္ပတ္မွာ ေဆးစစ္မႈ ခံယူသြားဖုိ႔ရွိပါတယ္။

Emre-Can-has-agreed-to-join-Juventus-on-a-four-year-contract

Emre-Can-has-agreed-to-join-Juventus-on-a-four-year-contract

၂၀၁၄ ခုႏွစ္၊ ေႏြရာသီတုန္းက ေလဗာကူဆင္အသင္းကေန လီဗာပူးလ္ကုိ ေျပာင္းေရႊ႕ခဲ့တဲ့ အမ္မရီခ်န္ဟာ အသင္းအတြက္ (၁၆၆)ပဲြကစား၊ (၁၄)ဂုိး သြင္းယူခဲ့ၿပီး ဆုဖလားေအာင္ျမင္မႈေတာ့ မရွိခ့ဲပါဘူး။ အသက္(၂၅)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အမ္မရီခ်န္ဟာ ကြင္းလယ္မွာသာမက Holding Midfielder အျဖစ္ ကစားႏုိင္သူျဖစ္ၿပီး တခ်ိဳ႕ပဲြေတြမွာ ေနာက္ခံလူအျဖစ္ပါ ကစားခဲ့သူျဖစ္ပါတယ္။ အမ္မရီခ်န္အေနနဲ႔ ေနာက္ေက်ာဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ရာသီတုန္းက လီဗာပူးလ္အသင္းရဲ႕ ပဲြအေတာ္မ်ားမ်ားကုိ လဲြေခ်ာ္ခဲ့သလုိ လာမယ့္ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ ဂ်ာမနီအသင္းလူစာရင္းမွာလည္း ေရြးခ်ယ္ခံရျခင္း မရွိပါဘူး။

REF:Goal.com
Photo: Goal.com,Worldfootball
Naing Linn(Akhayar)
www.akhayar.com[Unicode]

ဂျူဗင်တပ်စ်အသင်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အမ်မရီချန် Emre Can

လာမယ့်ဇွန်လကျရင် လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အမ်မရီချန် Emre Can ဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး (၄)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက အမ်မရီချန်ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ကစားသမားက ငြင်းဆန်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေက ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ထွက်ပေါ် ခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းဟာ အမ်မရီချန်ကို (၁)နှစ်လစာအဖြစ် ယူရို(၅)သန်း ပေးချေမှာဖြစ်သလို လာမယ့်တစ်ပတ်မှာ ဆေးစစ်မှု ခံယူသွားဖို့ရှိပါတယ်။

Emre-Can-has-agreed-to-join-Juventus-on-a-four-year-contract

Emre-Can-has-agreed-to-join-Juventus-on-a-four-year-contract

၂၀၁၄ ခုနှစ်၊ နွေရာသီတုန်းက လေဗာကူဆင်အသင်းကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့တဲ့ အမ်မရီချန်ဟာ အသင်းအတွက် (၁၆၆)ပွဲကစား၊ (၁၄)ဂိုး သွင်းယူခဲ့ပြီး ဆုဖလားအောင်မြင်မှုတော့ မရှိခဲ့ပါဘူး။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမ်မရီချန်ဟာ ကွင်းလယ်မှာသာမက Holding Midfielder အဖြစ် ကစားနိုင်သူဖြစ်ပြီး တချို့ပွဲတွေမှာ နောက်ခံလူအဖြစ်ပါ ကစားခဲ့သူဖြစ်ပါတယ်။ အမ်မရီချန်အနေနဲ့ နောက်ကျောဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးလ်အသင်းရဲ့ ပွဲအတော်များများကို လွဲချော်ခဲ့သလို လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီအသင်းလူစာရင်းမှာလည်း ရွေးချယ်ခံရခြင်း မရှိပါဘူး။

REF:Goal.com
Photo: Goal.com,Worldfootball
Naing Linn(Akhayar)
www.akhayar.com