မနေ့က ကျင်းပခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာတော့ အသက် ၃၉ နှစ်သာ ရှိသေးတဲ့ Emmanuel Macron ဟာ သူ့ပြိုင်ဘက်ဖြစ်တဲ့ လက်ယာပါတီဖြစ်တဲ့ (National Front ) က Marine Le Pen  ကို မဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အတိအကျပြောရရင်တော့ Macron က မဲပေးတဲ့ အရေအတွက်ရဲ့ ၆၆ ရာခိုင်နှုန်း၊ Le Pen က ၃၄ ရာခိုင်နှုန်း မဲရရှိပြီး အနိုင်ရရှိသွားခဲ့တာပါ။

Emmanuel Macron

 

ဒီလို မဲရလဒ်ထွက်ပေါ်လာပြီး ၁၅ မိနစ်အကြာမှာပဲ Le Pen က Macron ဆီ အနိုင်ရရှိမှုအတွက် ဂုဏ်ပြုစကားကို ချက်ချင်းဖုန်းဆက်ပြီး ပြောကြားခဲ့ပါတယ်။ Macron ကိုယ်တိုင်လည်း ဒီအောင်ပွဲအတွက် သူ့ကို ထောက်ခံအားပေးတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေနဲ့ ပြင်သစ်မှာ ရှိတဲ့ Louvre Museum အပြင်ဘက်မှာ တနင်္ဂနွေနေ့ညက အောင်ပွဲခံခဲ့ပါတယ်။

Macron, 39, raised his hands as thousands of his supporters waved French flags and listened to him say that he will 'defend the spirit of the enlightenment everywhere'

တကယ်တော့ Macron ဟာ  ဒီဇင်ဘာလ ၂၁ ရက် ၁၉၇၇ ခုနှစ်မွေးတာ ဖြစ်တဲ့ အတွက် အသက် ၃၉နှစ်သာ ရှိသေးပြီး ပြင်သစ်သမိုင်းတလျှောက် အသက်အငယ်ဆုံးသမ္မတဖြစ်လာခဲ့ပါတယ်။ အရင်က ဘဏ်လုပ်ငန်းရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ခဲ့တဲ့ Macron ဟာ Paris Nanterre University မှာ အတွေးအခေါ်ပညာ (Philosophy)  ကို လေ့လာသင်ကြားခဲ့ပြီး Paris Institute of Political Studies တက္ကသိုလ်ကနေ master’s of public affairs ကို သင်ကြားပြီးမြောက်ခဲ့ပါတယ်။

ဘွဲ့ကိုတော့ École nationale d’administration (National School of Administration) ကနေ ၂၀၀၄ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ပြင်သစ်အထွေထွေဘဏ္ဍာရေးဌာန (Inspectorate General of Finances -IGF)  မှာ ဘဏ္ဍာရေးမှူးအနေနဲ့ တာဝန်ယူပြီးတဲ့အချိန်မှာ Rothschild & Cie Banque ဘဏ်မှာ ဘဏ္ဍာရေးရင်းနှီးမြှပ်နှံသူ ဖြစ်လာခဲ့ပါတယ်။

 

၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ Socialist Party (PS) မှာ ပါတီဝင်တစ်ယောက်ဖြစ်ခဲ့ပြီးတော့ ၂၀၁၂ ခုနှစ် သမ္မတ  François Hollande လက်အောက်မှာတော့ လက်ထောက်အထွေထွေအတွင်းရေးမှုးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ် Manuel Valls လက်ထက် ၂၀၁၄ ခုနှစ်မှာတော့ စီးပွားရေး၊စက်မှုနဲ့ ဒစ်ဂျစ်တယ်ရေးရာဝန်ကြီး အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် သြဂုတ်လ ၂၀၁၆ ခုနှစ်မှာပဲ သမ္မတရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် အဲဒီရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။

Emmanuel Macron's family life

 

Macron ရဲ့ မိသားစုဘဝကတော့ သူ့ထက် အသက် ၂၄ နှစ်ကြီးတဲ့ Brigitte Trogneux နဲ့ လက်ထပ်ထားပြီး Brigitte ဟာ လက်ရှိ Lycée Saint-Louis-de-Gonzague ကျောင်းမှာ စာသင်ကြားနေသူဖြစ်ပါတယ်။ Macron နဲ့ Brigitte တွေ့ဆုံပုံကတော့ာ အာမြန် (Amiens) မြို့မှာ ရှိတဲ့ La Providence အထက်တန်းကျောင်းမှာ Brigitte က ဆရာမ ၊ Macron ကတော့ ကျောင်းသားလေးအဖြစ်နဲ့ တွေ့ရှိခဲ့ကြတာပါ။ အဲဒီတုန်းကတော့ Macron က အသက် ၁၅ နှစ် ၊ Brigitte ကတော့ အသက် ၃၉နှစ်အရွယ်ပေါ့။  သူတို့ဟာ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ခုထက်ထိ ရွှေလက်တွဲမြဲနေဆဲပါပဲ။

 

You May Also Like : “ပြင်သစ်မှာ အသက်အငယ်ဆုံးသမ္မတ ဖြစ်လာတော့မယ့် မက်ခ်ရွန်းရဲ့အချစ်ဇာတ်ကြောင်း
ဗြိတိန်ရဲ့ EU ကနေ ခွဲထုတ်ခဲ့မှု၊ US မှာ Donald Trump ရဲ့ မထင်မှတ်ထားတဲ့ သမိုင်းဝင်အောင်ပွဲတွေကြောင့် ပြင်သစ်ရွေးကောက်ပွဲဟာ ကမ္ဘာတစ်ဝှမ်းလုံး စောင့်ကြည့်မှုကို ခံခဲ့ရပြီး လက်ယာယိမ်းအမျိုးသားရေးဝါဒီတွေရဲ့ လှိုင်း ဘယ်လောက်တောင် မြင့်တက်လာလဲဆိုတာကို စမ်းသပ်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

 

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လက်ယာပါတီသမ္မတလောင်းကို ဖြုတ်ချခဲ့နိုင်ပြီး Macron သမ္မတအဖြစ်နဲ့ ရွေးချယ်ခံခဲ့ရပါပြီ။ “ဒီငါးနှစ်အတွင်း အစွန်းရောက်တွေကို မဲပေးစရာအကြောင်းပြချက်တစ်ခုမှ မရှိရလေအောင် ကျွန်တော်လုပ်နိုင်သမျှ အရာရာအားလုံးကို လုပ်ဆောင်မှာ ဖြစ်တယ်” လို့ သူကတိပေးခဲ့တဲ့အတိုင်း ဖြစ်လာမှာလား။ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပြင်သစ်ရဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ဒီအသက်အငယ်ဆုံး သမ္မတအသစ်က ဘာတွေ ဘယ်လို  လုပ်ဆောင်နိုင်မလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ကြရမှာပေါ့ ခင်ဗျာ။

 

ရိုးလူ (အခရာ)

www.akhayar.com

Ref : ndtv.com, abcnews.go.com, dailymails.co.uk