[Zawgyi]

အထက္တန္းက်က်ဝတ္ဆင္တတ္တဲ့ Emma Watson ရဲ႕ Fashion မ်ား

Emma Watson ဆိုတာကေတာ့ Harry Potter ႐ုပ္သံဇာတ္လမ္းတြဲေတြနဲ႔ ငယ္ငယ္ရြယ္ရြယ္အခ်ိန္တည္းက ပရိသတ္အားေပးမႈကိုအျပည့္ပိုင္ဆိုင္ရသူ၊ Beauty and The Beast(2017) ဇာတ္ကားနဲ႔ ပရိသတ္အခ်စ္ခံရသူ Hollywood အႏုပညာေလာကရဲ႕ ပညာတတ္အသိုင္းအ၀ိုင္းထဲက ေငြၾကယ္ပြင့္တစ္ဦးဆိုရင္ မွားမယ္မထင္ပါဘူး။

အႏုပညာနဲ႔ ပညာေရးကို ဟန္ခ်က္မွ်မွ်ျဖတ္သန္းရင္း အထက္တန္းက်က် ေနထိုင္ျပဳမူပံုေတြ၊ ဝတ္စားဆင္ယင္မႈ Fashion ေတြဟာ ငယ္ရြယ္တဲ့ မိန္းကေလးဆယ္ေက်ာ္သက္အမ်ားစုအတြက္ အတုယူစရာ Idol တစ္ေယာက္ျဖစ္လာေစခဲ့တဲ့အထိပါပဲ။

အျဖဴနဲ႔ အနက္ အတြဲအစပ္အေရာင္ေလးကိုသာ ဝတ္ဆင္တတ္ေလ့ရွိတဲ့ Emma ရဲ႕ ႐ိုး႐ိုးရွင္းရွင္းနဲ႔ က်က္သေရရွိရွိ Fashion ေလးေတြဟာလည္း ပြဲေနရာတိုင္းနဲ႔လိုက္ဖက္တင့္တယ္ေနတာမို႔ သူမရဲ႕ Fashion ေလးေတြကို အတုယူၿပီး ပြဲလမ္းသဘင္ေနရာေတြမွာ အထက္တန္းလႊာဆန္ဆန္ လွပႏိုင္ဖို႔ တင္ျပေပးလိုက္ပါတယ္။

သူမပါဝင္႐ိုက္ကူးခဲ့တဲ့ NOAH ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ မိတ္ဆက္ပြဲမွာ ဝတ္ဆင္လာတာကေတာ့ အနက္ေရာင္ ႐ိုး႐ိုးရွင္းရွင္းေလးနဲ႔ ခန္႔ျငားတဲ့ ပိုးသားဝတ္စံုပဲျဖစ္ပါတယ္။

အျဖဴေရာင္ Dress တစ္ထည္လံုးကို ခါးစည္းအနက္ေလးနဲ႔ စည္းထားပံုက ႐ိုးရွင္းၿပီး သိမ္ေမြ႕ေနပါေတာ့တယ္။

ဒီလိုေကာက္ေၾကာင္းအလွေပၚေစတဲ့ကိုယ္က်ပ္ Dress ေလးေတြကလည္း မိန္းမသားဆန္ဆန္ႏူးညံ့မႈရဲ႕ ျပယုဂ္တစ္ခုပါပဲ။

ႏို႔ႏွစ္ေရာင္ လက္ျပတ္ Dress ေလးကို မွန္ဇာပါးေလးနဲ႔အုပ္ထားတဲ့ ဒီ Fashion ဟာလည္း ႐ိုး႐ိုးေလးနဲ႔ကို ဆန္းေနတာပါပဲ။

Suit ေတြကေတာ့ ဘယ္ခ်ိန္ၾကည့္ၾကည့္ Smart က်ၿပီး သြက္လက္ထက္ျမက္တဲ့ အမ်ိဳးသမီးတစ္ေယာက္အျဖစ္ ပံုေဖာ္ႏိုင္မွာပါ။

Emma အတြက္ေတာ့ အျဖဴနဲ႔ အနက္ဟာ သူမရဲ႕ Trademark လိုုေတာင္ျဖစ္ေနပါၿပီ။

ဒီလို အေရာင္အတြဲအစပ္ Pattern ဆန္းေလးနဲ႔ လည္ဟိုက္ပံုစံေလးေတြကလည္း အမ်ားၾကားထဲမွာ ထင္းထြက္ေနေစမွာပါ၊

ဒီလို Dress ေလးေတြကို အေပၚက Coat ေလးနဲ႔ထပ္ဝတ္မယ္ဆိုလည္း အထာက်က်နဲ႔လွေနမွာပါ။

အ႐ိုးရွင္းဆံုးဟာ အလွဆံုးပါပဲဆိုတာ Emma က သက္ေသျပထားသလိုပါပဲ။ ဒီလို ဂါဝန္အနားတြန္႔ေလးေတြဟာလည္း ႏုပ်ိဳတဲ့မိန္းမငယ္ေလးအသြင္ ေဖာ္က်ဴးႏိုင္မွာပါ။

ညိဳ႕ဓါတ္အျပည့္နဲ႔ဆြဲေဆာင္မႈရွိတဲ့ Sexy Type ေတြလည္း မႀကိဳက္၊ ႏုဖတ္ေနတဲ့ မိန္းကေလးဆန္ဆန္ပံုေလးေတြလည္း အသက္အရြယ္အရ အဆင္မေျပေတာ့တဲ့သူေတြအတြက္ေတာ့ Emma Watson ရဲ႕ Fashion ေလးေတြက ဘယ္အရြယ္အမ်ိဳးသမီးတိုင္းနဲ႔မဆို တည္ၿငိမ္ရင့္က်က္တဲ့အလွကို ေပးစြမ္းေနမွာအေသအခ်ာပါ။

EiEiKhineMinn (Akhayar)

[Unicode]

အထက်တန်းကျကျဝတ်ဆင်တတ်တဲ့ Emma Watson ရဲ့ Fashion များ

Emma Watson ဆိုတာကတော့ Harry Potter ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ငယ်ငယ်ရွယ်ရွယ်အချိန်တည်းက ပရိသတ်အားပေးမှုကိုအပြည့်ပိုင်ဆိုင်ရသူ၊ Beauty and The Beast(2017) ဇာတ်ကားနဲ့ ပရိသတ်အချစ်ခံရသူ Hollywood အနုပညာလောကရဲ့ ပညာတတ်အသိုင်းအဝိုင်းထဲက ငွေကြယ်ပွင့်တစ်ဦးဆိုရင် မှားမယ်မထင်ပါဘူး။

အနုပညာနဲ့ ပညာရေးကို ဟန်ချက်မျှမျှဖြတ်သန်းရင်း အထက်တန်းကျကျ နေထိုင်ပြုမူပုံတွေ၊ ဝတ်စားဆင်ယင်မှု Fashion တွေဟာ ငယ်ရွယ်တဲ့ မိန်းကလေးဆယ်ကျော်သက်အများစုအတွက် အတုယူစရာ Idol တစ်ယောက်ဖြစ်လာစေခဲ့တဲ့အထိပါပဲ။

အဖြူနဲ့ အနက် အတွဲအစပ်အရောင်လေးကိုသာ ဝတ်ဆင်တတ်လေ့ရှိတဲ့ Emma ရဲ့ ရိုးရိုးရှင်းရှင်းနဲ့ ကျက်သရေရှိရှိ Fashion လေးတွေဟာလည်း ပွဲနေရာတိုင်းနဲ့လိုက်ဖက်တင့်တယ်နေတာမို့ သူမရဲ့ Fashion လေးတွေကို အတုယူပြီး ပွဲလမ်းသဘင်နေရာတွေမှာ အထက်တန်းလွှာဆန်ဆန် လှပနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

သူမပါဝင်ရိုက်ကူးခဲ့တဲ့ NOAH ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မိတ်ဆက်ပွဲမှာ ဝတ်ဆင်လာတာကတော့ အနက်ရောင် ရိုးရိုးရှင်းရှင်းလေးနဲ့ ခန့်ငြားတဲ့ ပိုးသားဝတ်စုံပဲဖြစ်ပါတယ်။

အဖြူရောင် Dress တစ်ထည်လုံးကို ခါးစည်းအနက်လေးနဲ့ စည်းထားပုံက ရိုးရှင်းပြီး သိမ်မွေ့နေပါတော့တယ်။

ဒီလိုကောက်ကြောင်းအလှပေါ်စေတဲ့ကိုယ်ကျပ် Dress လေးတွေကလည်း မိန်းမသားဆန်ဆန်နူးညံ့မှုရဲ့ ပြယုဂ်တစ်ခုပါပဲ။

နို့နှစ်ရောင် လက်ပြတ် Dress လေးကို မှန်ဇာပါးလေးနဲ့အုပ်ထားတဲ့ ဒီ Fashion ဟာလည်း ရိုးရိုးလေးနဲ့ကို ဆန်းနေတာပါပဲ။

Suit တွေကတော့ ဘယ်ချိန်ကြည့်ကြည့် Smart ကျပြီး သွက်လက်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပုံဖော်နိုင်မှာပါ။

Emma အတွက်တော့ အဖြူနဲ့ အနက်ဟာ သူမရဲ့ Trademark လိုတောင်ဖြစ်နေပါပြီ။

ဒီလို အရောင်အတွဲအစပ် Pattern ဆန်းလေးနဲ့ လည်ဟိုက်ပုံစံလေးတွေကလည်း အများကြားထဲမှာ ထင်းထွက်နေစေမှာပါ၊

ဒီလို Dress လေးတွေကို အပေါ်က Coat လေးနဲ့ထပ်ဝတ်မယ်ဆိုလည်း အထာကျကျနဲ့လှနေမှာပါ။

အရိုးရှင်းဆုံးဟာ အလှဆုံးပါပဲဆိုတာ Emma က သက်သေပြထားသလိုပါပဲ။ ဒီလို ဂါဝန်အနားတွန့်လေးတွေဟာလည်း နုပျိုတဲ့မိန်းမငယ်လေးအသွင် ဖော်ကျူးနိုင်မှာပါ။

ညို့ဓါတ်အပြည့်နဲ့ဆွဲဆောင်မှုရှိတဲ့ Sexy Type တွေလည်း မကြိုက်၊ နုဖတ်နေတဲ့ မိန်းကလေးဆန်ဆန်ပုံလေးတွေလည်း အသက်အရွယ်အရ အဆင်မပြေတော့တဲ့သူတွေအတွက်တော့ Emma Watson ရဲ့ Fashion လေးတွေက ဘယ်အရွယ်အမျိုးသမီးတိုင်းနဲ့မဆို တည်ငြိမ်ရင့်ကျက်တဲ့အလှကို ပေးစွမ်းနေမှာအသေအချာပါ။

EiEiKhineMinn (Akhayar)