Venom ရုပ္ရွင္က အခုအခ်ိန္မွာ ျပသေနဆဲရုပ္ရွင္တစ္ခုျဖစ္ျပီးေတာ့ အဆိုပါ ရုပ္ရွင္ရဲ႕ ဇတ္ဝင္သီခ်င္းကို Eminem က သီဆုိခဲ့တာပဲျဖစ္ပါတယ္။ အဆိုပါ ဇာတ္ဝင္သီခ်င္းရဲ႕ နာမည္ကလည္း Venom ပဲျဖစ္ျပီးေတာ့ အခုအခိ်ိန္မွာ Eminem ကေန အခုသီခ်င္းရဲ႕ ေနာက္ထပ္ Performance တစ္ခုကို ရုိက္ကူးခဲ့ပါတယ္။

Eminem

ဒီတစ္ၾကိမ္မွာေတာ့ Jimmy Kimmel Live YouTube Channel ကေန တင္ဆက္ခဲ့တာျဖစ္ျပီးေတာ့ Eminem က New York ျမိဳ႕မွာရွိတဲ့ Empire State မိုးေမွ်ာ္တုိက္ၾကီးေပၚမွာ ယခုသီခ်င္းကုိ ေဖ်ာ္ေျဖခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ Performance မွာ တကယ္ကို ထူးျခားတဲ့အရာတစ္ခုရွိေနပါတယ္။

Eminem

ဒါကေတာ့ အခု Performance အစကေန အဆံုးအထိကို Google ကေန အသစ္ထြက္ရွိထားတဲ့ Google Pixel 3 စမတ္ဖုန္းနဲ႔ ရုိက္ကူးထားခဲ့တာျဖစ္ပါတယ္။ အဆုိပါ Video မွာလည္း Google Pixel 3 ဖုန္းေတြကို Gimbal နဲ႔အသံုးျပဳျပီး ရုိက္ကူးေနတာကိုေတြ႕ခဲ့ရပါတယ္။

Google Pixel 3 & Pixel 3 XL

အခုလုိမ်ိဳး Google က ယခင္တုန္းကလည္း Pixel 2 စမတ္ဖုန္းနဲ႔ John Legend ရဲ႕ Music Video တစ္ခုကိုလည္း ရုိက္ကူးခဲ့ဖူးျပီး အခုတစ္ၾကိမ္မွာေတာ့ ပိုျပီး နာမည္ၾကီးတဲ့ Eminem ၊ Jimmy Kimmel နဲ႔ Empire State အေဆာက္အဦးေတြကိုပါ ထည့္သြင္းလာခဲ့တာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အခု Eminem ရဲ႕ Venom Performance က အေစာပိုင္းကထြက္ရွိထားတဲ့ Eminem ရဲ႕ Venom Music Video ထက္ေတာင္ ပိုျပီးေကာင္းေနျပီးေတာ့ Google Pixel 3 စမတ္ဖုန္းရဲ႕ Video ရုိက္ကူးႏုိင္စြမ္းကိုလည္း ေတြ႕ျမင္ရတဲ့ Video တစ္ခုပါ။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Venom ရုပ်ရှင်က အခုအချိန်မှာ ပြသနေဆဲရုပ်ရှင်တစ်ခုဖြစ်ပြီးတော့ အဆိုပါ ရုပ်ရှင်ရဲ့ ဇတ်ဝင်သီချင်းကို Eminem က သီဆိုခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ဇာတ်ဝင်သီချင်းရဲ့ နာမည်ကလည်း Venom ပဲဖြစ်ပြီးတော့ အခုအချိိန်မှာ Eminem ကနေ အခုသီချင်းရဲ့ နောက်ထပ် Performance တစ်ခုကို ရိုက်ကူးခဲ့ပါတယ်။

Eminem

ဒီတစ်ကြိမ်မှာတော့ Jimmy Kimmel Live YouTube Channel ကနေ တင်ဆက်ခဲ့တာဖြစ်ပြီးတော့ Eminem က New York မြို့မှာရှိတဲ့ Empire State မိုးမျှော်တိုက်ကြီးပေါ်မှာ ယခုသီချင်းကို ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Performance မှာ တကယ်ကို ထူးခြားတဲ့အရာတစ်ခုရှိနေပါတယ်။

Eminem

ဒါကတော့ အခု Performance အစကနေ အဆုံးအထိကို Google ကနေ အသစ်ထွက်ရှိထားတဲ့ Google Pixel 3 စမတ်ဖုန်းနဲ့ ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ အဆိုပါ Video မှာလည်း Google Pixel 3 ဖုန်းတွေကို Gimbal နဲ့အသုံးပြုပြီး ရိုက်ကူးနေတာကိုတွေ့ခဲ့ရပါတယ်။

Google Pixel 3 & Pixel 3 XL

အခုလိုမျိုး Google က ယခင်တုန်းကလည်း Pixel 2 စမတ်ဖုန်းနဲ့ John Legend ရဲ့ Music Video တစ်ခုကိုလည်း ရိုက်ကူးခဲ့ဖူးပြီး အခုတစ်ကြိမ်မှာတော့ ပိုပြီး နာမည်ကြီးတဲ့ Eminem ၊ Jimmy Kimmel နဲ့ Empire State အဆောက်အဦးတွေကိုပါ ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Eminem ရဲ့ Venom Performance က အစောပိုင်းကထွက်ရှိထားတဲ့ Eminem ရဲ့ Venom Music Video ထက်တောင် ပိုပြီးကောင်းနေပြီးတော့ Google Pixel 3 စမတ်ဖုန်းရဲ့ Video ရိုက်ကူးနိုင်စွမ်းကိုလည်း တွေ့မြင်ရတဲ့ Video တစ်ခုပါ။

Zawyè (Akhayar) 

www.akhayar.com