[Zawgyi]

ရႈိးပြဲမွာ ေသနတ္သံ Sound Effects ေတြ သံုးလို႔ အေဝဖန္ခံေနရတဲ့ Eminem

အေမရိကန္ႏုိင္ငံမွာ ေက်ာင္းေတြ၊ ရိႈးပြဲေတြမွာ ေသနတ္နဲ႔ ဝင္ေရာက္ပစ္ခတ္ရလို႔ ေသဆံုးရတဲ့ ျဖစ္ရပ္ေတြ မ်ားျပားလာအျပီးမွာ လူထုက ေသနတ္ကိုင္ေဆာင္မႈကို တားဆီးပိတ္ပင္ဖို႔အထိ ကန္႔ကြက္ဆႏၵျပတာမ်ိဳးေတြ ရွိလာၾကပါတယ္။ အခုလည္း Eminem ရဲ႕ ရႈိးပြဲတစ္ခုမွာ ေသနတ္သံလိုမ်ိဳး Sound Effects ေတြ သံုးခဲ့တယ္ဆိုျပီး အေဝဖန္ခံေနရတာပါ။

Eminem

Eminem

၂၀၁၈ ခုႏွစ္ Bonnaroo ဂီတပြဲေတာ္မွာ Eminem ေဖ်ာ္ေျဖေနတုန္း စင္ေပၚက ဂီတအသံေတြၾကား ေသနတ္သံေတြၾကားလို႔ ပြဲလာၾကည့္သူ ပရိသတ္အေတာ္မ်ားမ်ားဟာ ထိတ္လန္႔တုန္လႈပ္ကုန္ၾကပါတယ္။ ေတာ္ေတာ္မ်ားမ်ားက Eminem ရဲ့ ေနာက္ပိုင္းရႈိးပြဲအေတာ္မ်ားမ်ားမွာ ဒီလို အသံေတြ ထည့္မသံုးျဖစ္ဘဲ အခုလို လူေတြအားလံုး ေသနတ္သံကို ေၾကာက္ေနတဲ့အခ်ိန္ၾကမွ သံုးတဲ့အခ်က္ကို ေထာက္ျပၾကတာ ျဖစ္ပါတယ္။

လူေတြ ေၾကာက္ရေလာက္ေအာင္လည္း ၂၀၁၆ ခုႏွစ္မွာ ပဲရစ္ညကလပ္ပစ္ခတ္မႈ၊ ၂၀၁၇ ခုႏွစ္မွာ လပ္စ္ဗီးဂတ္စ္မွာလုပ္တဲ့ Route 91 Harvest Music Festiva မွာ အစုလုိက္အျပံဳလုိက္ပစ္ခတ္ခံရမႈနဲ႔ ၂၀၁၇ မွာျပဳလုပ္ခဲ့တဲ့ Ariana Grande ရဲ႕ Manchester Concert မွာ ဗံုးခြဲခံရမႈေတြ ျဖစ္ပ်က္ခဲ့တဲ့ သာဓကေတြလည္း ရွိခဲ့ပါတယ္။

YouTube Star Andrea Russett ကေတာ့ သီခ်င္းတစ္ပုဒ္ရဲ့အဆံုးသတ္ကို ခုလို ေသနတ္သံေတြနဲ႔ အဆံုးသတ္တာ အထာမက်ေၾကာင္း၊ တစ္သက္လံုး Eminem သီခ်င္းေတြနဲ႔ ၾကီးျပင္းလာရေပမယ့္ ဒီတစ္ခါေတာ့ အေတာ္ေၾကာက္ခဲ့ရေၾကာင္းနဲ႔ ေသနတ္သံ Effects ေတြ ရုတ္တရက္ ၾကားလိုက္ရျပီး လူအုပ္ၾကီး လန္႔ျပီး ဝပ္ခ်လိုက္တဲ့ပံုစံဟာ ရယ္စရာလို႔ကို ခံစားလို႔ မရေၾကာင္း Twitter မွာ Tweet လုပ္ခဲ့တဲ့အျပင္ ဒါဟာ တကယ့္လက္ေတြ႔ဘဝမွာ လူေတြရဲ႕ အေၾကာက္တရားမို႔လို႔ ဟာသလုပ္စရာ ကိစၥလည္း မဟုတ္ဘူးလို႔ ထပ္မံေျပာၾကားခဲ့ပါတယ္။

တျခား Twitter အသံုးျပဳသူတစ္ေယာက္ကလည္း “စတိတ္စင္ေပၚကေန ေသနတ္သံေတြၾကားတဲ့အခ်ိန္မွာ လူအုပ္ၾကီးဟာ ေသနတ္သံအစစ္ေတြ ထင္လို႔ ျငိမ္ေတာင္က်သြားပါတယ္” လို႔ ေရးသားခဲ့ပါတယ္။

Eminem ရဲ့ ကုိယ္စားလွယ္ကေတာ့ Eminem ဟာ သတင္းေတြက ဆုိသလို ေသနတ္သံ Sound Effects မ်ိဳးသံုးခဲ့တာ မဟုတ္ဘဲ မီးရႈးမီးပန္းေျဗာက္ေဖာက္တဲ့ အသံမ်ိဳးသံုးလိုက္လို႔ အရမ္းက်ယ္သြားတာပါလို႔ ျပန္လည္ေခ်ပခဲ့ပါတယ္။ ဒီ Sound Effects ကို တျခားအႏုပညာရွင္ ေတြလည္း အသံုးျပဳေနျပီး Eminem အသံုးျပဳခဲ့တာလည္း အခုမွ မဟုတ္ဘဲ ၁၀ ႏွစ္ေက်ာ္ေလာက္ရွိျပီ” ဆိုျပီးလည္း ျပန္လည္ေျဖရွင္းခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ေသနတ္ပစ္ခတ္မႈေတြ ျဖစ္ပြားေနတဲ့ ေခတ္ဆုိေတာ့လည္း ေၾကာက္တဲ့သူက ေၾကာက္တာေတာ့ အျပစ္မဆိုသာပါဘူးေနာ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.eonline.com
[Unicode]

ရှိုးပွဲမှာ သေနတ်သံ Sound Effects တွေ သုံးလို့ အဝေဖန်ခံနေရတဲ့ Eminem

အမေရိကန်နိုင်ငံမှာ ကျောင်းတွေ၊ ရှိုးပွဲတွေမှာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ရလို့ သေဆုံးရတဲ့ ဖြစ်ရပ်တွေ များပြားလာအပြီးမှာ လူထုက သေနတ်ကိုင်ဆောင်မှုကို တားဆီးပိတ်ပင်ဖို့အထိ ကန့်ကွက်ဆန္ဒပြတာမျိုးတွေ ရှိလာကြပါတယ်။ အခုလည်း Eminem ရဲ့ ရှိုးပွဲတစ်ခုမှာ သေနတ်သံလိုမျိုး Sound Effects တွေ သုံးခဲ့တယ်ဆိုပြီး အဝေဖန်ခံနေရတာပါ။

Eminem

Eminem

၂၀၁၈ ခုနှစ် Bonnaroo ဂီတပွဲတော်မှာ Eminem ဖျော်ဖြေနေတုန်း စင်ပေါ်က ဂီတအသံတွေကြား သေနတ်သံတွေကြားလို့ ပွဲလာကြည့်သူ ပရိသတ်အတော်များများဟာ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ တော်တော်များများက Eminem ရဲ့ နောက်ပိုင်းရှိုးပွဲအတော်များများမှာ ဒီလို အသံတွေ ထည့်မသုံးဖြစ်ဘဲ အခုလို လူတွေအားလုံး သေနတ်သံကို ကြောက်နေတဲ့အချိန်ကြမှ သုံးတဲ့အချက်ကို ထောက်ပြကြတာ ဖြစ်ပါတယ်။

လူတွေ ကြောက်ရလောက်အောင်လည်း ၂၀၁၆ ခုနှစ်မှာ ပဲရစ်ညကလပ်ပစ်ခတ်မှု၊ ၂၀၁၇ ခုနှစ်မှာ လပ်စ်ဗီးဂတ်စ်မှာလုပ်တဲ့ Route 91 Harvest Music Festiva မှာ အစုလိုက်အပြုံလိုက်ပစ်ခတ်ခံရမှုနဲ့ ၂၀၁၇ မှာပြုလုပ်ခဲ့တဲ့ Ariana Grande ရဲ့ Manchester Concert မှာ ဗုံးခွဲခံရမှုတွေ ဖြစ်ပျက်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။

YouTube Star Andrea Russett ကတော့ သီချင်းတစ်ပုဒ်ရဲ့အဆုံးသတ်ကို ခုလို သေနတ်သံတွေနဲ့ အဆုံးသတ်တာ အထာမကျကြောင်း၊ တစ်သက်လုံး Eminem သီချင်းတွေနဲ့ ကြီးပြင်းလာရပေမယ့် ဒီတစ်ခါတော့ အတော်ကြောက်ခဲ့ရကြောင်းနဲ့ သေနတ်သံ Effects တွေ ရုတ်တရက် ကြားလိုက်ရပြီး လူအုပ်ကြီး လန့်ပြီး ဝပ်ချလိုက်တဲ့ပုံစံဟာ ရယ်စရာလို့ကို ခံစားလို့ မရကြောင်း Twitter မှာ Tweet လုပ်ခဲ့တဲ့အပြင် ဒါဟာ တကယ့်လက်တွေ့ဘဝမှာ လူတွေရဲ့ အကြောက်တရားမို့လို့ ဟာသလုပ်စရာ ကိစ္စလည်း မဟုတ်ဘူးလို့ ထပ်မံပြောကြားခဲ့ပါတယ်။

တခြား Twitter အသုံးပြုသူတစ်ယောက်ကလည်း “စတိတ်စင်ပေါ်ကနေ သေနတ်သံတွေကြားတဲ့အချိန်မှာ လူအုပ်ကြီးဟာ သေနတ်သံအစစ်တွေ ထင်လို့ ငြိမ်တောင်ကျသွားပါတယ်” လို့ ရေးသားခဲ့ပါတယ်။

Eminem ရဲ့ ကိုယ်စားလှယ်ကတော့ Eminem ဟာ သတင်းတွေက ဆိုသလို သေနတ်သံ Sound Effects မျိုးသုံးခဲ့တာ မဟုတ်ဘဲ မီးရှုးမီးပန်းဗြောက်ဖောက်တဲ့ အသံမျိုးသုံးလိုက်လို့ အရမ်းကျယ်သွားတာပါလို့ ပြန်လည်ချေပခဲ့ပါတယ်။ ဒီ Sound Effects ကို တခြားအနုပညာရှင် တွေလည်း အသုံးပြုနေပြီး Eminem အသုံးပြုခဲ့တာလည်း အခုမှ မဟုတ်ဘဲ ၁၀ နှစ်ကျော်လောက်ရှိပြီ” လို့ ဆိုပြီးလည်း ပြန်လည်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ ခေတ်ဆိုတော့လည်း ကြောက်တဲ့သူက ကြောက်တာတော့ အပြစ်မဆိုသာပါဘူးနော်။

Yoe Lu (Akhayar)

www.akhayar.com

Ref : www.eonline.com