လူေတြရဲ႕ စကားေျပာသံေတြၾကားထဲမွာ စက္ရုပ္ေတြကလည္း တစ္စင္ေထာင္ၿပီး စကားေျပာလာခဲ့ရင္ ဘာေတြျဖစ္လာႏုိင္မလဲဆိုတာ ေတြးသင့္တဲ့အခ်ိန္ကို ေရာက္ရွိလာေတာ့မွာပါ။ AI (Aritficial Intelligence) နည္းပညာကို အသံုးျပဳထားတဲ့ စက္ရုပ္ေတြၾကားမွာ စက္ရုပ္ဘာသာစကားတစ္ခုကို စမ္းသပ္ေနတာဟာ အတိုင္းအတာတစ္ခုအထိ Elon Musk ရဲ႕ ဓာတ္ခြဲခန္းထဲမွာ ေအာင္ျမင္ေနၿပီျဖစ္တယ္လုိ႔ သိရပါတယ္။

SpacX ရဲ႕ ပဲ့ကုိင္ရွင္ Elon Musk နဲ႔ Sam Altman တို႔ တည္ေထာင္ထားတဲ့ Open AI ထဲမွာေတာ့ စက္ရုပ္ေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္လုိ ဆက္သြယ္ေျပာဆိုရမယ္ဆိုတာကို သင္ၾကားလ်က္ရွိေနၾကၿပီး ေနရာေျပာင္းေရႊ႕မႈလုိမ်ိဳး အေသးအဖြဲကိစၥေတြအတြက္ Concept အဆင့္နဲ႔ ဆက္သြယ္ေနႏုိင္ၿပီျဖစ္တယ္လုိ႔ သိရပါတယ္။

ေလာေလာဆယ္မွာေတာ့ စက္ရုပ္ခ်င္းသာသိရွိမယ့္ ပံုေသနည္းတစ္ခ်ိဳ႕နဲ႔ စမ္းသပ္လ်က္ရွိေနၿပီး ဘာသာစကားလုိမ်ိဳးေတာ့ ရုပ္လံုးေပၚမလာေသးပါဘူး။ စက္ရုပ္ေတြကို အစိမ္း ၊ အနီနဲ႔ အျပာဆုိၿပီး အုပ္စုသံုးစုခြဲၿပီး ပိြဳင့္တစ္ေနရာကေန ေနာက္တစ္ေနရာကို သြားခုိင္းတဲ့အခါမွာေတာ့ အုပ္စုတစ္ခုနဲ႔ တစ္ခု ဆက္သြယ္ၿပီး ဆံုေအာင္ သြားတတ္ေနတဲ့အဆင့္အထိေတာ့ေရာက္ရွိေနပါၿပီ။

ေလာေလာဆယ္ Concept နဲ႔ နားလည္ေနတဲ့ ဘာသာစကားကိုေတာ့ Elon Musk တို႔က အသံထည့္ၿပီး စမ္းသပ္ဖို႔ အားစိုက္ေနၿပီး စက္ရုပ္ဘာသာစကားတစ္ခုကို အေျခတည္ဖို႔အတြက္ အဆင္သင့္ျဖစ္လုိ႔ေနပါၿပီ။ လူေတြလုိ အျပဳအမူ ၊ စကားလံုး ၊ အသံေတြနဲ႔ အခ်င္းခ်င္းဆက္သြယ္ႏုိင္ဖို႔ေတာ့ အလွမ္းေဝးေသးေပမယ့္လည္း ဝါက်တိုေတြကို အသံုးျပဳၿပီး စက္ရုပ္အခ်င္းခ်င္းဆက္သြယ္ႏုိင္မယ္လို႔ Open AI က ေမွ်ာ္လင့္ေနပါတယ္။

“ကၽြန္ေတာ္တို႔ရဲ႕ သုေတသနျပဳမႈကေတာ့ စက္ေတြအတြက္ စက္ဘာသာစကားတစ္ခုနဲ႔ စက္ရုပ္ဘဝတစ္ခုကို ေပးခ်င္တာပါ။ ဒီ့အတြက္လည္း ကၽြန္ေတာ္တို႔ တိုးတက္ေအာင္ျပဳလုပ္ေနပါတယ္” လို႔ Open AI က သူတို႔ရဲ႕ Blog မွာေရးထားခဲ့ပါတယ္။ ေလာေလာဆယ္ ဒီပေရာဂ်က္ၿပီးရင္ေတာ့ Open AI က Robot-To-English ဘာသာျပန္ ပေရာဂ်က္တစ္ခုကို စတင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

Paing A K (akhayar)

Ref : New York Post, BGR

========================

 

[Unicode]

စက်ရုပ်တွေအတွက် သီးသန့်ဘာသာစကားတစ်ခုကို Elon Musk ရဲ့ AI Lab ထဲမှာ တီထွင်နေ

လူတွေရဲ့ စကားပြောသံတွေကြားထဲမှာ စက်ရုပ်တွေကလည်း တစ်စင်ထောင်ပြီး စကားပြောလာခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ တွေးသင့်တဲ့အချိန်ကို ရောက်ရှိလာတော့မှာပါ။ AI (Aritficial Intelligence) နည်းပညာကို အသုံးပြုထားတဲ့ စက်ရုပ်တွေကြားမှာ စက်ရုပ်ဘာသာစကားတစ်ခုကို စမ်းသပ်နေတာဟာ အတိုင်းအတာတစ်ခုအထိ Elon Musk ရဲ့ ဓာတ်ခွဲခန်းထဲမှာ အောင်မြင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

SpacX ရဲ့ ပဲ့ကိုင်ရှင် Elon Musk နဲ့ Sam Altman တို့ တည်ထောင်ထားတဲ့ Open AI ထဲမှာတော့ စက်ရုပ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ဆက်သွယ်ပြောဆိုရမယ်ဆိုတာကို သင်ကြားလျက်ရှိနေကြပြီး နေရာပြောင်းရွှေ့မှုလိုမျိုး အသေးအဖွဲကိစ္စတွေအတွက် Concept အဆင့်နဲ့ ဆက်သွယ်နေနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ စက်ရုပ်ချင်းသာသိရှိမယ့် ပုံသေနည်းတစ်ချို့နဲ့ စမ်းသပ်လျက်ရှိနေပြီး ဘာသာစကားလိုမျိုးတော့ ရုပ်လုံးပေါ်မလာသေးပါဘူး။ စက်ရုပ်တွေကို အစိမ်း ၊ အနီနဲ့ အပြာဆိုပြီး အုပ်စုသုံးစုခွဲပြီး ပွိုင့်တစ်နေရာကနေ နောက်တစ်နေရာကို သွားခိုင်းတဲ့အခါမှာတော့ အုပ်စုတစ်ခုနဲ့ တစ်ခု ဆက်သွယ်ပြီး ဆုံအောင် သွားတတ်နေတဲ့အဆင့်အထိတော့ရောက်ရှိနေပါပြီ။

လောလောဆယ် Concept နဲ့ နားလည်နေတဲ့ ဘာသာစကားကိုတော့ Elon Musk တို့က အသံထည့်ပြီး စမ်းသပ်ဖို့ အားစိုက်နေပြီး စက်ရုပ်ဘာသာစကားတစ်ခုကို အခြေတည်ဖို့အတွက် အဆင်သင့်ဖြစ်လို့နေပါပြီ။ လူတွေလို အပြုအမူ ၊ စကားလုံး ၊ အသံတွေနဲ့ အချင်းချင်းဆက်သွယ်နိုင်ဖို့တော့ အလှမ်းဝေးသေးပေမယ့်လည်း ဝါကျတိုတွေကို အသုံးပြုပြီး စက်ရုပ်အချင်းချင်းဆက်သွယ်နိုင်မယ်လို့ Open AI က မျှော်လင့်နေပါတယ်။

“ကျွန်တော်တို့ရဲ့ သုတေသနပြုမှုကတော့ စက်တွေအတွက် စက်ဘာသာစကားတစ်ခုနဲ့ စက်ရုပ်ဘဝတစ်ခုကို ပေးချင်တာပါ။ ဒီ့အတွက်လည်း ကျွန်တော်တို့ တိုးတက်အောင်ပြုလုပ်နေပါတယ်” လို့ Open AI က သူတို့ရဲ့ Blog မှာရေးထားခဲ့ပါတယ်။ လောလောဆယ် ဒီပရောဂျက်ပြီးရင်တော့ Open AI က Robot-To-English ဘာသာပြန် ပရောဂျက်တစ်ခုကို စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

Paing A K (akhayar)

Ref : New York Post, BGR