[Zawgyi]

ဒီရာသီကုန္မွာ မန္ယူအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ကစားသမား(၁၁)ဦး

အခုေလာေလာဆယ္ ရလဒ္ဆုိးေတြၾကား ႐ုန္းကန္ေနရတဲ့ မန္ယူအသင္း အေရးတႀကီး အေကာင္အထည္ေဖာ္ရမယ့္ ကိစၥေတြရွိေနပါေသးတယ္။ အဲဒါကေတာ့ ဒီရာသီကုန္က်ရင္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ကစားသမား(၁၁)ဦးကုိ စာခ်ဳပ္သက္တမ္းတိုးဖုိ႔ပါပဲ။ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖုိ႔ နီးစပ္လာသူေတြထဲမွာ ဒီဂီယာ De Gea ၊ မာစီယဲလ္ Martial ၊ အသင္းေခါင္းေဆာင္ ဗလင္စီယာ Valencia တို႔လုိ အဓိက ကစားသမားေတြ ပါ၀င္ေနလုိ႔ သူတို႔ကုိ အလြတ္နဲ႔ လက္မလႊတ္ရဖုိ႔အတြက္ မန္ယူဘုတ္အဖဲြ႕ဟာ အျမန္ဆုံး စာခ်ဳပ္သက္တမ္းတိုးဖုိ႔ လုိေနပါၿပီ။

The-eleven-Manchester-United-players-who-are-out-of-contract-next-summer

The-eleven-Manchester-United-players-who-are-out-of-contract-next-summer

မန္ယူအသင္းရဲ႕ နံပါတ္(၁)ဂုိးသမား ဒီဂီယာကုိ ရီးယဲလ္အသင္းက ေခၚယူဖုိ႔ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက ပစ္မွတ္ထားခဲ့ေပမယ့္ ဒီေႏြရာသီမွာ ေကာ္တိုအာ Courtois ကုိ ေခၚယူၿပီးျဖစ္တဲ့အျပင္ မန္ယူအသင္းကလည္း ဒီဂီယာနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖုိ႔ စီစဥ္ေနပါၿပီ။ အနာဂတ္မေသခ်ာတာက ေတာင္ပံကစားသမား မာစီယဲလ္ပါပဲ။ မာစီယဲလ္ဟာ ရာသီအစကတည္းက ေမာ္ရင္ဟုိ Mourinho နဲ႔ ဆက္ဆံေရးအဆင္မေျပခဲ့ဘဲ အသင္းက ထြက္မယ္လုိ႔ သတင္းထြက္ခဲ့ဖူးၿပီး ေနာက္ပုိင္းမွာ မန္ယူအသင္းက သူ႔ကုိ (၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးမယ္လုိ႔ သတင္းထြက္ေနေပမယ့္ လက္ေတြ႕မွာေတာ့ ျဖစ္မလာေသးဘူး။ မန္ယူ ကစားသမားဘ၀ (၁၀)ႏွစ္နီးပါး ရွိလာၿပီျဖစ္တဲ့ အသင္းေခါင္းေဆာင္ ဗလင္စီယာအတြက္လည္း မထင္မွတ္ဘဲ ေနာက္ဆုံးရာသီ ျဖစ္သြားႏုိင္ပါတယ္။

Luke-Shaw-and-Smalling

Luke-Shaw-and-Smalling

သူ႔ရဲ႕ စာခ်ဳပ္က ေနာက္ဆုံး(၁၂)လထဲကုိ ေရာက္ေနၿပီျဖစ္ေပမယ့္ မန္ယူအသင္းက စာခ်ဳပ္သက္တမ္းတိုးဖုိ႔ အရိပ္အေယာင္ မျပေသးပါဘူး။ မန္ယူနဲ႔ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္သူေတြထဲမွာ ဟာရဲရား Herrera ၊ မာတာ Mata ၊ ဖီးလ္ဂ်ံဳးစ္ Phil Jones ၊ စေမာလင္း Smalling ၊ လုခ္ေရွာ Luke Shaw ၊ ဒါမီယန္ Darmian ၊ အက္ရွ္ေလယန္း Ashley Young ၊ အန္ဒေရပါရဲရား Andreas Pereira တို႔လည္း ပါ၀င္ေနပါတယ္။ မန္ယူအသင္းအေနနဲ႔ ဒီကစားသမား (၁၁)ဦးစလုံးကုိ စာခ်ဳပ္သက္တမ္းတိုးဖုိ႔ မရွိဘဲ ဖီးလ္ဂ်ံဳးစ္၊ ဒါမီယန္ တို႔က အသင္းနဲ႔လမ္းခဲြဖုိ႔ နီးစပ္ေနၿပီလုိ႔လည္း သတင္းေတြထြက္ေနတာလည္းျဖစ္ပါတယ္။

REF:Skysports
Photo:The Guardian Nigeria,independent,Skysports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဒီရာသီကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမား(၁၁)ဦး

အခုလောလောဆယ် ရလဒ်ဆိုးတွေကြား ရုန်းကန်နေရတဲ့ မန်ယူအသင်း အရေးတကြီး အကောင်အထည်ဖော်ရမယ့် ကိစ္စတွေရှိနေပါသေးတယ်။ အဲဒါကတော့ ဒီရာသီကုန်ကျရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမား(၁၁)ဦးကို စာချုပ်သက်တမ်းတိုးဖို့ပါပဲ။ စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးစပ်လာသူတွေထဲမှာ ဒီဂီယာ De Gea ၊ မာစီယဲလ် Martial ၊ အသင်းခေါင်းဆောင် ဗလင်စီယာ Valencia တို့လို အဓိက ကစားသမားတွေ ပါဝင်နေလို့ သူတို့ကို အလွတ်နဲ့ လက်မလွှတ်ရဖို့အတွက် မန်ယူဘုတ်အဖွဲ့ဟာ အမြန်ဆုံး စာချုပ်သက်တမ်းတိုးဖို့ လိုနေပါပြီ။

The-eleven-Manchester-United-players-who-are-out-of-contract-next-summer

The-eleven-Manchester-United-players-who-are-out-of-contract-next-summer

မန်ယူအသင်းရဲ့ နံပါတ်(၁)ဂိုးသမား ဒီဂီယာကို ရီးယဲလ်အသင်းက ခေါ်ယူဖို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက ပစ်မှတ်ထားခဲ့ပေမယ့် ဒီနွေရာသီမှာ ကော်တိုအာ Courtois ကို ခေါ်ယူပြီးဖြစ်တဲ့အပြင် မန်ယူအသင်းကလည်း ဒီဂီယာနဲ့ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပါပြီ။ အနာဂတ်မသေချာတာက တောင်ပံကစားသမား မာစီယဲလ်ပါပဲ။ မာစီယဲလ်ဟာ ရာသီအစကတည်းက မော်ရင်ဟို Mourinho နဲ့ ဆက်ဆံရေးအဆင်မပြေခဲ့ဘဲ အသင်းက ထွက်မယ်လို့ သတင်းထွက်ခဲ့ဖူးပြီး နောက်ပိုင်းမှာ မန်ယူအသင်းက သူ့ကို (၅)နှစ်စာချုပ်သက်တမ်းတိုးမယ်လို့ သတင်းထွက်နေပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာသေးဘူး။ မန်ယူ ကစားသမားဘ၀ (၁၀)နှစ်နီးပါး ရှိလာပြီဖြစ်တဲ့ အသင်းခေါင်းဆောင် ဗလင်စီယာအတွက်လည်း မထင်မှတ်ဘဲ နောက်ဆုံးရာသီ ဖြစ်သွားနိုင်ပါတယ်။

Luke-Shaw-and-Smalling

Luke-Shaw-and-Smalling

သူ့ရဲ့ စာချုပ်က နောက်ဆုံး(၁၂)လထဲကို ရောက်နေပြီဖြစ်ပေမယ့် မန်ယူအသင်းက စာချုပ်သက်တမ်းတိုးဖို့ အရိပ်အယောင် မပြသေးပါဘူး။ မန်ယူနဲ့ စာချုပ်ကုန်ဆုံးတော့မယ့်သူတွေထဲမှာ ဟာရဲရား Herrera ၊ မာတာ Mata ၊ ဖီးလ်ဂျုံးစ် Phil Jones ၊ စမောလင်း Smalling ၊ လုခ်ရှော Luke Shaw ၊ ဒါမီယန် Darmian ၊ အက်ရှ်လေယန်း Ashley Young ၊ အန်ဒရေပါရဲရား Andreas Pereira တို့လည်း ပါဝင်နေပါတယ်။ မန်ယူအသင်းအနေနဲ့ ဒီကစားသမား (၁၁)ဦးစလုံးကို စာချုပ်သက်တမ်းတိုးဖို့ မရှိဘဲ ဖီးလ်ဂျုံးစ်၊ ဒါမီယန် တို့က အသင်းနဲ့လမ်းခွဲဖို့ နီးစပ်နေပြီလို့လည်း သတင်းတွေထွက်နေတာလည်းဖြစ်ပါတယ်။

REF:Skysports
Photo:The Guardian Nigeria,independent,Skysports
Naing Linn(Akhayar)
www.akhayar.com