ကယ်…ဒုတိယကမ္ဘာစစ် နောက်ခံထားတဲ့ သမိုင်းကြောင်းကို Prehistoric သတ္တဝါတွေနဲ့ Mix လုပ်ပစ်တယ်ဆိုရင် မင်းဘာပြောမလဲ? အဓိပ္ပာယ်မရှိဘူးပေါ့နော်၊ တကယ်တမ်းကျ Military Shooter ဂိမ်းထဲ T-Rex ကြီး ရောက်လာရင် ဘယ်နှယ့်လုပ်မလဲ၊ ဆော်ပလောတီးကျမှာတော့ ကျိန်းသေပါတယ်။

နောက်ပြီး ဒိုင်နိုဆောလို သတ္တဝါမျိုးက ဂိမ်းလောကထဲ အခြေမကျဖူးသေးဘူး (လာဖို့တောင် စိတ်ပါရဲ့လားမသိ) အထူးသဖြင့် Crossover လိုမျိုးက အရမ်းမြင်ရခဲတယ်။ Game Developer ထဲမှာ Capcom ကလွဲပြီး Jungle Scene တွေနဲ့ အသားစား သတ္တဝါတွေကို Terrifying Gameplay နဲ့ တင်ဆက်နိုင်တာ မရှိသေးပါဘူး။

အခု Battlefield Title ထဲမှာ Dinosaur ပါဝင်လာနိုင်တာကို YouTuber “Jack Frags” ကနေ ထုတ်ပြောလာတာဖြစ်ပြီး အကောင်ပလောင်တွေပါဝင်လာမှာကို သက်သေနဲ့တကွ ဖော်ပြထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် နောက်ခံထားတဲ့ဂိမ်းဆိုတော့ Morse Code ကို Crack နိုင်ခဲ့တဲ့ Enigma လိုအထာမျိုးနဲ့ Battlefield V Development Flow Chart မှာ ဒိုင်နိဆောတွေ ပါလာနိုင်တာကို စကားစုလေးနဲ့ သိရှိရတာဖြစ်ပါတယ်။

ဖြစ်နိုင်ချေလို့တော့ အရင်ပြောရမှာပေါ့နော်၊ Jack Frags အဆိုရ “Soon Preround Red Flares” စကားစုဟာ အမှန်တကယ်တော့ အဓိပ္ပာယ်မရှိတာမှန်ပေမယ့် Red Flares ဆိုတာက အသက်ဖြစ်နေတာပါ။ ရုပ်ရှင်နဲ့ဂိမ်းတွေမှာ ဒိုင်နိုဆော အထူးသဖြင့် T-Rex ကြီးကို Red Flares နဲ့ အာရုံလွဲလေ့ရှိတဲ့အတွက် Battlefield V မှာ ပါလာမယ်လို့ ပြောနိုင်တာဖြစ်ပါတယ်။

နောက်ပြီး DICE ရဲ့ Senior Designer “Niklas Astrand” ဟာ Pterodactyl ငှက်ကြီး ပါလာတဲ့ပုံကို Twitter မှာ တင်ထားခဲ့လို့ Battlefield V မှာ ဒိုင်နိုဆောနဲ့ သက်ဆိုင်တဲ့ Development အပိုင်းပါဝင်နေပြီလို့ ခန့်မှန်းရတာပါ။ ဒါကို Jurassic Park ထဲက T-Rex နဲ့ Red Flares ပါတဲ့ဇာတ်ဝင်ခန်းနဲ့ EA Tease လုပ်ထားပါတယ်။ ကယ်..ဒီလောက်ဆိုရင် ဒိုင်နိုဆောတွေ ပါလာမလားဆိုတာကို စောင့်ကြည့်ဖို့ရှိပြီး လာမယ့် E3 2019 မှာ ထုတ်ပြလာမယ်လို့ သုံးသပ်ထားပါတယ်။

Source: Game Rant
2B (Akhayar)
www.akhayar.com