[Zawgyi]

Myanmar Idol ၿပိဳင္ပြဲဝင္နွစ္ေယာက္အတြက္ ဘဝနဲ႔ရင္းတဲ့အေတြ႔အႀကံဳေတြ ေဝမွ်လိုက္တဲ့အိမ့္ခ်စ္

Myanmar Idol Grand Final မတိုင္ခင္ လူမႈကြန္ရက္ေပၚမွာ အျပိဳင္အဆိုင္အတိုက္အခုိက္ေတြ ၾကံဳေနရတဲ့ ၿဖိဳးျမတ္ေအာင္ နဲ႔ ခ်မး္ေျမ ႔ေမာင္ခ်ိဳ တို႔နွစ္ေယာက္အတြက္ အိမ့္ခ်စ္က သူ႕ရဲ ႔အေတြ႔အၾကံဳေတြကို ေဝမွ်ရင္းအခုလို ေမတၱာစကားလက္ေဆာင္ေတြေျပာခဲ့တာျဖစ္ပါတယ္။

 

“Idol ကေလးတစ္ေယာက္ ေဆးရံုတက္ရတာကို သူ႔ရဲ ႔အစ္ကိုကေရးထားတာေလးေတြ႔လိုက္ရတယ္။ စိတ္လည္းမေကာင္းပါဘူး အဲဒီေတာ့မႀကိဳက္လို႔ရွိရင္ မႀကိဳက္ဘူးလို႔ေျပာၾကတာဟာ ျပႆနာမရွိပါဘူး။ လူတစ္ေယာက္ကို ပိုးဆိုးပက္စက္ ေတြမေျပာၾကပါနဲ႔လို႔ေတာ့ေျပာခ်င္ပါတယ္။ အိမ့္ခ်စ္ အဲ့ဒါတစ္ခုကိုေတာ့ ေမတၱာရပ္ခံပါတယ္ဆိုၿပီးေျပာခဲ့တာပါ”။

 

“ဒီလိုကိစၥမ်ိဳးကိုလည္း အိမ့္ခ်စ္ကိုယ္တိုင္ၾကံဳခဲ့ဖူးပါတယ္။ အိမ္မွာ ခ်ံဳးပြဲခ်ၿပီးငိုခဲ့ရတဲ့ ရက္ေတြရွိတယ္ ဒီအလုပ္ႀကီးကိုမလုပ္ေတာ့ပါဘူးဆိုၿပီးေတာ့ ျဖစ္ခဲ့ရတဲ့ ရက္ေတြလည္း ရွိတယ္။အဲ့ေတာ့ေျပာခ်င္တာက သားသမီးခ်င္း ကိုယ္ခ်င္းစာၾကပါ။ ၿပီးရင္ ကိုယ္က ဘာမွမဟုတ္ဘဲနဲ႔စာေလးတစ္ေၾကာင္းကိုေရးလိုက္တာက ဘာမွမဟုတ္ေပမယ့္လို႔ ဖတ္ရတဲ့သူတစ္ေယာက္အတြက္ ကေတာ့ ဓါးနဲ႔အခ်က္ေပါင္းမ်ားစြာထိုးသလိုပဲ လူ႔ေလာကႀကီးမွာ အသက္မရွင္ခ်င္ေလာက္ေအာင္ကို ျဖစ္တယ္ ၊ သတ္ေသခ်င္စိတ္ေတြေတာင္ေပါက္တဲ့ အခ်ိန္မ်ိဳးၾကံဳရတယ္။ အနုပညာကို နွစ္ေပါင္းမ်ားစြာလုပ္ခဲ့တဲ့ သူေတြေတာင္မခံနိုင္တာ အခုမွ အနုပညာကိုဝါသနာပါတယ္၊ စလုပ္မယ္ဆိုတဲ့ သူေတြကဘယ္လိုမွခံနိုင္မွာမဟုတ္ပါဘူး။ အိမ့္ခ်စ္က ဘယ္သူ႔ရဲ ႔ Fan မွလည္း မဟုတ္ပါဘူး”။

“အိမ့္ခ်စ္က တစ္ဖက္တည္းကိုပဲေျပာေနတာမဟုတ္ပါဘူး။ သူဘာပဲလုပ္ခဲ့လုပ္ခဲ့ ေအာက္ဖဲေတြလည္း လွန္ရမယ့္ အခ်ိန္မဟုတ္ပါဘူး။ အနုပညာကိုပဲ ႀကိဳက္ပါ။ မႀကိဳက္ဖူးဆိုလည္း မႀကိဳက္လို႔ရပါတယ္။ ဒါေၾကာင့္အနုပညာလုပ္ေတာ့မယ္ဆိုရင္လည္း ဥပကၡာျပဳသင့္တာေတြကို ျပဳသင့္တယ္လို႔ေျပာခ်င္ပါတယ္” ဆိုၿပီး အိမ့္ခ်စ္က Live လႊင့္ၿပီးေတာ့ ေျပာခဲ့တာျဖစ္ပါတယ္။

Photo Credit: Eint Chit Facebook ၊ Myanmar Idol Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

Myanmar Idol ပြိုင်ပွဲဝင်နှစ်ယောက်အတွက် ဘဝနဲ့ရင်းတဲ့အတွေ့အကြုံတွေ ဝေမျှလိုက်တဲ့အိမ့်ချစ်

Myanmar Idol Grand Final မတိုင်ခင် လူမှုကွန်ရက်ပေါ်မှာ အပြိုင်အဆိုင်အတိုက်အခိုက်တွေ ကြုံနေရတဲ့ ဖြိုးမြတ်အောင် နဲ့ ချမ်းမြေ့မောင်ချို တို့နှစ်ယောက်အတွက် အိမ့်ချစ်က သူ့ရဲ့အတွေ့အကြုံတွေကို ဝေမျှရင်းအခုလို မေတ္တာစကားလက်ဆောင်တွေပြောခဲ့တာဖြစ်ပါတယ်။

 

“Idol ကလေးတစ်ယောက် ဆေးရုံတက်ရတာကို သူ့ရဲ့အစ်ကိုကရေးထားတာလေးတွေ့လိုက်ရတယ်။ စိတ်လည်းမကောင်းပါဘူး အဲဒီတော့မကြိုက်လို့ရှိရင် မကြိုက်ဘူးလို့ပြောကြတာဟာ ပြဿနာမရှိပါဘူး။ လူတစ်ယောက်ကို ပိုးဆိုးပက်စက် တွေမပြောကြပါနဲ့လို့တော့ပြောချင်ပါတယ်။ အိမ့်ချစ် အဲ့ဒါတစ်ခုကိုတော့ မေတ္တာရပ်ခံပါတယ်ဆိုပြီးပြောခဲ့တာပါ”။

 

“ဒီလိုကိစ္စမျိုးကိုလည်း အိမ့်ချစ်ကိုယ်တိုင်ကြုံခဲ့ဖူးပါတယ်။ အိမ်မှာ ချုံးပွဲချပြီးငိုခဲ့ရတဲ့ ရက်တွေရှိတယ် ဒီအလုပ်ကြီးကိုမလုပ်တော့ပါဘူးဆိုပြီးတော့ ဖြစ်ခဲ့ရတဲ့ ရက်တွေလည်း ရှိတယ်။အဲ့တော့ပြောချင်တာက သားသမီးချင်း ကိုယ်ချင်းစာကြပါ။ ပြီးရင် ကိုယ်က ဘာမှမဟုတ်ဘဲနဲ့စာလေးတစ်ကြောင်းကိုရေးလိုက်တာက ဘာမှမဟုတ်ပေမယ့်လို့ ဖတ်ရတဲ့သူတစ်ယောက်အတွက် ကတော့ ဓါးနဲ့အချက်ပေါင်းများစွာထိုးသလိုပဲ လူ့လောကကြီးမှာ အသက်မရှင်ချင်လောက်အောင်ကို ဖြစ်တယ် ၊ သက်သေချင်စိတ်တွေတောင်ပေါက်တဲ့ အချိန်မျိုးကြုံရတယ်။ အနုပညာကို နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ သူတွေတောင်မခံနိုင်တာ အခုမှ အနုပညာကိုဝါသနာပါတယ်၊ စလုပ်မယ်ဆိုတဲ့ သူတွေကဘယ်လိုမှခံနိုင်မှာမဟုတ်ပါဘူး။ အိမ့်ချစ်က ဘယ်သူ့ရဲ့ Fan မှလည်း မဟုတ်ပါဘူး”။

“အိမ့်ချစ်က တစ်ဖက်တည်းကိုပဲပြောနေတာမဟုတ်ပါဘူး။ သူဘာပဲလုပ်ခဲ့လုပ်ခဲ့ အောက်ဖဲတွေလည်း လှန်ရမယ့် အချိန်မဟုတ်ပါဘူး။ အနုပညာကိုပဲ ကြိုက်ပါ။ မကြိုက်ဖူးဆိုလည်း မကြိုက်လို့ရပါတယ်။ ဒါကြောင့်အနုပညာလုပ်တော့မယ်ဆိုရင်လည်း ဥပက္ခာပြုသင့်တာတွေကို ပြုသင့်တယ်လို့ပြောချင်ပါတယ်” ဆိုပြီး အိမ့်ချစ်က Live လွှင့်ပြီးတော့ ပြောခဲ့တာဖြစ်ပါတယ်။

Photo Credit: Eint Chit Facebook ၊ Myanmar Idol Facebook

ကြည်သာ (Akhayar)

www.akhayar.com