[Zawgyi]

တရုတ္လူမ်ဳိးေတြ ယူဆထားတဲ့ ကံေကာင္းျခင္း၊ ကံမေကာင္းျခင္းနံပါတ္တို႔ရဲ႕ အဓိပၸါယ္

တရုတ္ႏိုင္ငံရွိ ဓာတ္ေလွကားေတြမွာ ဓာတ္ေလွကားနံပါတ္ ၅၀ ကို ႏွိပ္ရင္ ၃၅ ထပ္ကိုေရာက္ရွိသြားတယ္ဆိုတာ သင္သိပါသလား။ ဒါအျပင္ တရုတ္ႏိုင္ငံမွာ ၁၃ ထပ္လည္းမရွိသလို ပါဝင္တဲ႔ ကိန္းဂဏန္းေတြေပါင္းလိုက္လို႔ (၄) ရရင္လည္း အသံုးမျပဳတတ္ၾကပါဘူး။ ဘာေၾကာင္႔လဲဆိုေတာ့ တရုတ္ရုိးရာအရ (၄)ဂဏန္းဟာ ကံမေကာင္းတဲ႔ဂဏန္းအျဖစ္ သတ္မွတ္ထားတဲ့အတြက္ေၾကာင္႔ ျဖစ္ပါတယ္။ တရုတ္ေတြဟာ ကိန္းဂဏန္းေတြနဲ႔ ပတ္သက္ၿပီး အလြန္အယူသီးမႈေတြ ရွိၾကပါတယ္။ တရုတ္ေတြအေနနဲ႔ ဘယ္လိုကိန္းဂဏန္းေတြကို ကံေကာင္းေစတဲ႔ ကိန္းဂဏန္းအျဖစ္ သတ္မွတ္ၿပီး ဘယ္လိုကိန္းဂဏန္းေတြကို ကံမေကာင္းေစတဲ႔ ဂဏန္းေတြအျဖစ္ သတ္္မွတ္ေလ့ရွိလဲဆိုတာကို ဗဟုသုတၾကြယ္ေစဖို႔အတြက္ ေအာက္မွာတစ္ခ်က္ေလာက္ ေလ့လာမွတ္သားၾကည္႔ၾကရေအာင္။

 (၂)ဂဏန္း (ကံေကာင္းေစတဲ႔ကိန္းဂဏန္း)

တရုတ္ေတြက (၂)ဂဏန္းကို ကံေကာင္းျခင္းေတြ ယူေဆာင္လာေပးတယ္လို႔ ယံုၾကည္ၾကပါတယ္။ အထိမ္းအမွတ္ပဲြေတြက်င္းပဖို႔နဲ႔ လက္ေဆာင္ပစၥည္းေတြ ေပးတဲ႔အခါမ်ဳိးမွာ စံုဂဏန္းကုိသာ တရုတ္ေတြက ဦးစားေပး ေရြးခ်ယ္အသံုးျပဳၾကပါတယ္။ တရုတ္ရုိးရာႏွစ္သစ္ကူူးမွာ ကပ္တဲ႔ တရုတ္စာတန္းေလးေတြကိုလည္း ကံေကာင္းေစဖို႔အတြက္ ရည္ရြယ္ၿပီး တံခါးတစ္ဖက္တစ္ခ်က္စီမွာ တစ္ခုစီနဲ႔ တစ္စံုကပ္ေလ့ရွိပါတယ္။

(၃) ဂဏန္း (ကံေကာင္းေစတဲ့ကိန္းဂဏန္း)

(၃)ဂဏန္းဟာ တရုတ္ရိုးရာမွာဆိုရင္ အသက္ (သို႔မဟုတ္) ေမြးဖြားျခင္းလို႔ အဓိပၸါယ္ရၿပီး ကံေကာင္းေစတဲ့ ကိန္းဂဏန္းတစ္ခု ျဖစ္ပါတယ္။ ဗုဒၶဘာသာျမန္မာလူမ်ဳိးေတြအတြက္ဆိုရင္လည္း (၃)ဂဏန္းဟာ ရတနာသံုးပါးကို ေဖာ္ေဆာင္တဲ့အတြက္ ျမန္မာလူမ်ဳိးေတြအတြက္လည္း ကံေကာင္းေစတဲ႔ ကိန္းဂဏန္း ၊ မြန္ျမတ္တဲ႔ ကိန္းဂဏန္းလို႔ သတ္မွတ္မယ္ဆို သတ္မွတ္လို႔ရတဲ႔ ကိန္းဂဏန္းမ်ဳိး ျဖစ္ပါတယ္။

(၄) ဂဏန္း (ကံမေကာင္းေစတဲ႔ကိန္းဂဏန္း)

(၄) ဂဏန္းဟာ တရုတ္လူမ်ဳိးေတြရဲ႕ သတ္မွတ္ခ်က္အရဆို ေသဆံုးျခင္းလို႔ အဓိပၸါယ္ရတဲ႔အတြက္ေၾကာင္႔ ကံမေကာင္းေစတဲ႔ ကိန္းဂဏန္းအျဖစ္ သတ္မွတ္ထားျခင္း ျဖစ္ပါတယ္။ တရုတ္လူမ်ဳိးေတြဟာ (၄) ဂဏန္းနဲ႔ ပတ္သက္ရင္ အလြန္ကိုမွ အယူသည္းပါတယ္။ တရုတ္ႏိုင္ငံမွာဆိုရင္ (၄)ဂဏန္းကို အမ်ားျပည္သူသံုးေနရာေတြ၊ လိပ္စာေတြ၊ ID နံပါတ္ေတြ၊ ဖုန္းနံပါတ္ေတြ၊လိုင္စင္ျပားေတြ၊ထုတ္ကုန္အမွတ္ေတြနဲ႔ ဓာတ္ေလွကားေတြမွာ အမ်ားအားျဖင္႔ အသံုးမျပဳၾကဘဲ ခ်န္လွပ္ထားေလ့ရွိၾကပါတယ္။

(၅) ဂဏန္း( ကံလည္းေကာင္းေစသလို ကံလည္းဆိုးေစတဲ့ ကိန္းဂဏန္း)

(၅)ဂဏန္းဟာ တရုတ္ေတြအတြက္ဆို အေၾကာင္းအရာေပၚမူတည္ၿပီး ကံေကာင္းေစတဲဲ့ ကိိန္းဂဏန္းလည္းျဖစ္သလို ကံဆုိးေစတဲ႔ ကိန္းဂဏန္းလည္းျဖစ္တယ္ဆိုၿပီး ယူဆၾကပါတယ္။ (၅)ဂဏန္းကို တရုတ္လူမ်ဳိးေတြက“ဝူ” လို႔ အသံထြက္ၿပီး အဓိပၸါယ္ကေတာ့ ဘာမွမရွိဘူးလို႔ အဓိပၸါယ္ရၿပီး ကံမေကာင္းေစတဲ့ ရႈေထာင္႔အေနနဲ႔လည္း ျမင္ၾကပါတယ္။ သို႔ေသာ္လည္း အေကာင္းဘက္က ၾကည္႔မယ္ဆိုရင္ တရုတ္ရုိးရာ ဒႆနိကသေဘာတရားေတြမွာ (၅)ဂဏန္းနဲ႔ ဆက္စပ္မႈရွိတဲ့အတြက္ အက်ဳိးျပဳမႈ တစ္စံုတစ္ရာျဖစ္ထြန္းလို႔ ကံေကာင္းေစတဲ႔ ကိန္းဂဏန္းအျဖစ္လည္း သတ္မွတ္ၾကပါေသးတယ္။

(၆) ဂဏန္း (ကံေကာင္းေစတဲ့ကိန္းဂဏန္း)

(၆)ဂဏန္းကိုု တရုတ္လူမ်ဳိးေတြက“လွ်ဳိ” လုိ႔ အသံထြက္ၿပီး အဓိပၸါယ္ကေတာ့ စီးဆင္းျခင္းလို႔ အဓိပၸါယ္ရပါတယ္္။ တရုတ္စီးပြားေရးလုပ္ငန္းေတာ္ေတာ္မ်ားမွာ ေကာင္းတဲ႔ကံၾကမၼာေတြ ေရာက္ရွိလာေစဖို႔ (၆)ဂဏန္းကို အသံုးျပဳၾကပါတယ္။ တရုတ္ယဥ္ေက်းမႈနဲ႔မတူဘဲ အေနာက္တိုင္းယဥ္ေက်းမႈေတြမွာေတာ့ ၆၆၆ က မေကာင္းဆိုးဝါးနဲ႔ ဆက္စပ္မႈရွိေသာ္လည္း တရုတ္မွာေတာ့ (၆)ဂဏန္းကို ထပ္ခါထပ္ခါေရးျခင္းက ေကာင္းမြန္ျခင္းေတြကို ေဖာ္ေဆာင္ေပးပါတယ္။

(၇) ဂဏန္း ( ကံလည္းေကာင္းေစသလို ကံလည္းဆိုးေစတဲ့ ကိန္းဂဏန္း)

တရုတ္ရုိးရာယဥ္ေက်းမႈမွာ (၇)ဂဏန္းက (၅)ဂဏန္းလိုပဲ ေကာင္းတဲ့ ယူဆခ်က္၊ ဆိုးတဲ႔ယူဆခ်က္ဆိုၿပီး ယူဆခ်က္ႏွစ္မ်ဳိး ရွိပါတယ္။ အေကာင္းဘက္ကယူဆမယ္ဆိုရင္ ခုနစ္ဂဏန္းက စတင္ျခင္းနဲ႔ ျမင္႔တက္ျခင္းလို႔ အဓိပၸါယ္ရပါတယ္။ မရွိမျဖစ္လိုအပ္တဲ႔ စြမ္းအင္လုိ႔လည္း အဓိပၸါယ္ရပါေသးတယ္။ ဒါ့အျပင္ (၇)ဂဏန္းကို Relationship ေတြမွာ ကံေကာင္းျခင္းကို ေပးစြမ္းတဲ႔ ဂဏန္းအျဖစ္လည္း သတ္မွတ္ၾကပါေသးတယ္။ဘာေၾကာင့္လဲဆုိေတာ့ Lunar Calendar အရ တရုတ္ Valentine Day ဟာ ခုနစ္ရက္ ခုနစ္လျဖစ္တဲ႔ အတြက္ေၾကာင္႔ပါ။ ဒါ့အျပင္ ခုနစ္လကို သရဲမ်ားလလို႔ တရုတ္ေတြက သတ္မွတ္ၾကပါေသးတယ္။ တရုတ္ေတြရဲ႕ အယူအဆအရ ခုနစ္လမွာ သရဲတေစၦမ်ားနဲ႔ ဝိညာဥ္မ်ား ငရဲျပည္ကေန လူျပည္ကို တက္ေရာက္လာတယ္လို႔ ယံုၾကည္ၾကပါတယ္။ တရုတ္ျပည္မွာ သရဲႀကီးမ်ားပဲြေတာ္ကို ခုနစ္လမွာ စည္ကားသိုက္ၿမိဳက္စြာ က်င္းပၾကပါတယ္။ ဒါ့ေၾကာင္႔မို႔ (၇)ဂဏန္းကို ကံမေကာင္းေစတဲ႔ ဂဏန္းအျဖစ္ သတ္မွတ္ယူဆၾကျခင္းလည္း ျဖစ္ပါတယ္။

(၈) ဂဏန္း (ကံေကာင္းေစတဲ့ကိန္းဂဏန္း)

(၈)ဂဏန္းဟာ တရုုတ္ေတြအတြက္ ကံအေကာင္းဆံုး ကိန္းဂဏန္းျဖစ္ၿပီး ခ်မ္းသာျခင္း၊ အခြင္႔အလမ္းနဲ႔ ႀကီးပြားျခင္းဆိုၿပီး အဓိပၸါယ္ရပါတယ္။ (၈)ဂဏန္းကို ႏွစ္ခါထပ္ေရးျခင္း ဥပမာအေနနဲ႔ “88” လိုု႔ေရးျခင္းကလည္း “ေပ်ာ္ရႊင္မႈႏွစ္ဆရရွိျခင္း” လို႔ အဓိပၸါယ္ရပါတယ္။ (၈)ဂဏန္းဟာ ေပ်ာ္ရႊင္မႈ ႏွစ္ဆရရွိျခင္းနဲ႔ ကံေကာင္းမႈေတြ ေဆာင္ယူလာေပးတာကို တရုတ္လူမ်ဳိးေတြက ယံုၾကည္တဲ့အတြက္ Beijing ေႏြရာသီ အိုလံပစ္ၿပိဳင္ပဲြကို ရွစ္ရက္၊ ရွစ္လ ၂၀၀၈ ခုနစ္ ရွစ္နာရီရွစ္မိနစ္အခ်ိန္မွာ က်င္းပျပဳလုပ္ခဲ႔ပါတယ္။ ကံေကာင္းျခင္း ယူေဆာင္လာေပးတာကို အလြန္ယံုၾကည္မႈ လြန္ကဲတဲ႔အတြက္ တရုတ္စကားေျပာႏိုင္ငံေတြရွိ ေလေၾကာင္းလိုင္းေတြရဲ႕ ပ်ံသန္းနံပါတ္ေတြမွာလည္း (၈)ဂဏန္းပါဝင္ေအာင္ ေပါင္းစပ္အသံုးျပဳၾကတာကို ေတြ႔ရပါတယ္။

(၉) ဂဏန္း( ကံေကာင္းေစတဲ့ကိန္းဂဏန္း)

တရုတ္ေတြအတြက္ (၉)ဂဏန္းဟာ “ကာလၾကာရွည္ျခင္း” နဲ႔ “ထာဝရ” ျဖစ္ျခင္းဆိုၿပီး အဓိပၸါယ္ရပါတယ္။ ဒါေၾကာင္႔မို႔ ေမြးေန႔ပဲြေတြနဲ႔ လက္ထပ္မဂၤလာပဲြေတြကို ကိုးရက္ေန႔မွာက်င္းပဖို႔ ရက္ေရြးေလ့ရွိၾကပါတယ္။ ဒါ့အျပင္ (၉)ဂဏန္းဟာ တရုတ္အစဥ္အလာေတြအရဆိုရင္ ေရွးေခတ္တရုတ္ဧကရာဇ္ ရာဇဝင္ေတြနဲ႔လည္း ဆက္စပ္မႈရွိပါတယ္။ ေရွးေခတ္တရုတ္ဧကရာဇ္ရဲ႕ ဝတ္ရုံမွာ ႏွဂါးကိုးေကာင္ပါရွိတဲ့အတြက္ (၉)ဂဏန္းကို ျမင္႔ျမတ္တယ္လို႔လည္း ယူဆၾကျခင္းလည္း ျဖစ္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

တရုတ်လူမျိုးတွေ ယူဆထားတဲ့ ကံကောင်းခြင်း၊ ကံမကောင်းခြင်းနံပါတ်တို့ရဲ့ အဓိပ္ပါယ်

တရုတ်နိုင်ငံရှိ ဓာတ်လှေကားတွေမှာ ဓာတ်လှေကားနံပါတ် ၅၀ ကို နှိပ်ရင် ၃၅ ထပ်ကိုရောက်ရှိသွားတယ်ဆိုတာ သင်သိပါသလား။ ဒါအပြင် တရုတ်နိုင်ငံမှာ ၁၃ ထပ်လည်းမရှိသလို ပါဝင်တဲ့ ကိန်းဂဏန်းတွေပေါင်းလိုက်လို့ (၄) ရရင်လည်း အသုံးမပြုတတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်ရိုးရာအရ (၄)ဂဏန်းဟာ ကံမကောင်းတဲ့ဂဏန်းအဖြစ် သတ်မှတ်ထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ တရုတ်တွေဟာ ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး အလွန်အယူသီးမှုတွေ ရှိကြပါတယ်။ တရုတ်တွေအနေနဲ့ ဘယ်လိုကိန်းဂဏန်းတွေကို ကံကောင်းစေတဲ့ ကိန်းဂဏန်းအဖြစ် သတ်မှတ်ပြီး ဘယ်လိုကိန်းဂဏန်းတွေကို ကံမကောင်းစေတဲ့ ဂဏန်းတွေအဖြစ် သတ်မှတ်လေ့ရှိလဲဆိုတာကို ဗဟုသုတကြွယ်စေဖို့အတွက် အောက်မှာတစ်ချက်လောက် လေ့လာမှတ်သားကြည့်ကြရအောင်။

 (၂)ဂဏန်း (ကံကောင်းစေတဲ့ကိန်းဂဏန်း)

တရုတ်တွေက (၂)ဂဏန်းကို ကံကောင်းခြင်းတွေ ယူဆောင်လာပေးတယ်လို့ ယုံကြည်ကြပါတယ်။ အထိမ်းအမှတ်ပွဲတွေကျင်းပဖို့နဲ့ လက်ဆောင်ပစ္စည်းတွေ ပေးတဲ့အခါမျိုးမှာ စုံဂဏန်းကိုသာ တရုတ်တွေက ဦးစားပေး ရွေးချယ်အသုံးပြုကြပါတယ်။ တရုတ်ရိုးရာနှစ်သစ်ကူူးမှာ ကပ်တဲ့ တရုတ်စာတန်းလေးတွေကိုလည်း ကံကောင်းစေဖို့အတွက် ရည်ရွယ်ပြီး တံခါးတစ်ဖက်တစ်ချက်စီမှာ တစ်ခုစီနဲ့ တစ်စုံကပ်လေ့ရှိပါတယ်။

(၃) ဂဏန်း (ကံကောင်းစေတဲ့ကိန်းဂဏန်း)

(၃)ဂဏန်းဟာ တရုတ်ရိုးရာမှာဆိုရင် အသက် (သို့မဟုတ်) မွေးဖွားခြင်းလို့ အဓိပ္ပါယ်ရပြီး ကံကောင်းစေတဲ့ ကိန်းဂဏန်းတစ်ခု ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ဆိုရင်လည်း (၃)ဂဏန်းဟာ ရတနာသုံးပါးကို ဖော်ဆောင်တဲ့အတွက် မြန်မာလူမျိုးတွေအတွက်လည်း ကံကောင်းစေတဲ့ ကိန်းဂဏန်း ၊ မွန်မြတ်တဲ့ ကိန်းဂဏန်းလို့ သတ်မှတ်မယ်ဆို သတ်မှတ်လို့ရတဲ့ ကိန်းဂဏန်းမျိုး ဖြစ်ပါတယ်။

(၄) ဂဏန်း (ကံမကောင်းစေတဲ့ကိန်းဂဏန်း)

(၄) ဂဏန်းဟာ တရုတ်လူမျိုးတွေရဲ့ သတ်မှတ်ချက်အရဆို သေဆုံးခြင်းလို့ အဓိပ္ပါယ်ရတဲ့အတွက်ကြောင့် ကံမကောင်းစေတဲ့ ကိန်းဂဏန်းအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ တရုတ်လူမျိုးတွေဟာ (၄) ဂဏန်းနဲ့ ပတ်သက်ရင် အလွန်ကိုမှ အယူသည်းပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် (၄)ဂဏန်းကို အများပြည်သူသုံးနေရာတွေ၊ လိပ်စာတွေ၊ ID နံပါတ်တွေ၊ ဖုန်းနံပါတ်တွေ၊လိုင်စင်ပြားတွေ၊ထုတ်ကုန်အမှတ်တွေနဲ့ ဓာတ်လှေကားတွေမှာ အများအားဖြင့် အသုံးမပြုကြဘဲ ချန်လှပ်ထားလေ့ရှိကြပါတယ်။

(၅) ဂဏန်း( ကံလည်းကောင်းစေသလို ကံလည်းဆိုးစေတဲ့ ကိန်းဂဏန်း)

(၅)ဂဏန်းဟာ တရုတ်တွေအတွက်ဆို အကြောင်းအရာပေါ်မူတည်ပြီး ကံကောင်းစေတဲ့ ကိန်းဂဏန်းလည်းဖြစ်သလို ကံဆိုးစေတဲ့ ကိန်းဂဏန်းလည်းဖြစ်တယ်ဆိုပြီး ယူဆကြပါတယ်။ (၅)ဂဏန်းကို တရုတ်လူမျိုးတွေက“ဝူ” လို့ အသံထွက်ပြီး အဓိပ္ပါယ်ကတော့ ဘာမှမရှိဘူးလို့ အဓိပ္ပါယ်ရပြီး ကံမကောင်းစေတဲ့ ရှုထောင့်အနေနဲ့လည်း မြင်ကြပါတယ်။ သို့သော်လည်း အကောင်းဘက်က ကြည့်မယ်ဆိုရင် တရုတ်ရိုးရာ ဒဿနိကသဘောတရားတွေမှာ (၅)ဂဏန်းနဲ့ ဆက်စပ်မှုရှိတဲ့အတွက် အကျိုးပြုမှု တစ်စုံတစ်ရာဖြစ်ထွန်းလို့ ကံကောင်းစေတဲ့ ကိန်းဂဏန်းအဖြစ်လည်း သတ်မှတ်ကြပါသေးတယ်။

(၆) ဂဏန်း (ကံကောင်းစေတဲ့ကိန်းဂဏန်း)

(၆)ဂဏန်းကို တရုတ်လူမျိုးတွေက“လျှို” လို့ အသံထွက်ပြီး အဓိပ္ပါယ်ကတော့ စီးဆင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းတော်တော်များမှာ ကောင်းတဲ့ကံကြမ္မာတွေ ရောက်ရှိလာစေဖို့ (၆)ဂဏန်းကို အသုံးပြုကြပါတယ်။ တရုတ်ယဉ်ကျေးမှုနဲ့မတူဘဲ အနောက်တိုင်းယဉ်ကျေးမှုတွေမှာတော့ ၆၆၆ က မကောင်းဆိုးဝါးနဲ့ ဆက်စပ်မှုရှိသော်လည်း တရုတ်မှာတော့ (၆)ဂဏန်းကို ထပ်ခါထပ်ခါရေးခြင်းက ကောင်းမွန်ခြင်းတွေကို ဖော်ဆောင်ပေးပါတယ်။

(၇) ဂဏန်း ( ကံလည်းကောင်းစေသလို ကံလည်းဆိုးစေတဲ့ ကိန်းဂဏန်း)

တရုတ်ရိုးရာယဉ်ကျေးမှုမှာ (၇)ဂဏန်းက (၅)ဂဏန်းလိုပဲ ကောင်းတဲ့ ယူဆချက်၊ ဆိုးတဲ့ယူဆချက်ဆိုပြီး ယူဆချက်နှစ်မျိုး ရှိပါတယ်။ အကောင်းဘက်ကယူဆမယ်ဆိုရင် ခုနစ်ဂဏန်းက စတင်ခြင်းနဲ့ မြင့်တက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ စွမ်းအင်လို့လည်း အဓိပ္ပါယ်ရပါသေးတယ်။ ဒါ့အပြင် (၇)ဂဏန်းကို Relationship တွေမှာ ကံကောင်းခြင်းကို ပေးစွမ်းတဲ့ ဂဏန်းအဖြစ်လည်း သတ်မှတ်ကြပါသေးတယ်။ဘာကြောင့်လဲဆိုတော့ Lunar Calendar အရ တရုတ် Valentine Day ဟာ ခုနစ်ရက် ခုနစ်လဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒါ့အပြင် ခုနစ်လကို သရဲများလလို့ တရုတ်တွေက သတ်မှတ်ကြပါသေးတယ်။ တရုတ်တွေရဲ့ အယူအဆအရ ခုနစ်လမှာ သရဲတစ္ဆေများနဲ့ ဝိညာဉ်များ ငရဲပြည်ကနေ လူပြည်ကို တက်ရောက်လာတယ်လို့ ယုံကြည်ကြပါတယ်။ တရုတ်ပြည်မှာ သရဲကြီးများပွဲတော်ကို ခုနစ်လမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ ဒါ့ကြောင့်မို့ (၇)ဂဏန်းကို ကံမကောင်းစေတဲ့ ဂဏန်းအဖြစ် သတ်မှတ်ယူဆကြခြင်းလည်း ဖြစ်ပါတယ်။

(၈) ဂဏန်း (ကံကောင်းစေတဲ့ကိန်းဂဏန်း)

(၈)ဂဏန်းဟာ တရုတ်တွေအတွက် ကံအကောင်းဆုံး ကိန်းဂဏန်းဖြစ်ပြီး ချမ်းသာခြင်း၊ အခွင့်အလမ်းနဲ့ ကြီးပွားခြင်းဆိုပြီး အဓိပ္ပါယ်ရပါတယ်။ (၈)ဂဏန်းကို နှစ်ခါထပ်ရေးခြင်း ဥပမာအနေနဲ့ “88” လို့ရေးခြင်းကလည်း “ပျော်ရွှင်မှုနှစ်ဆရရှိခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ (၈)ဂဏန်းဟာ ပျော်ရွှင်မှု နှစ်ဆရရှိခြင်းနဲ့ ကံကောင်းမှုတွေ ဆောင်ယူလာပေးတာကို တရုတ်လူမျိုးတွေက ယုံကြည်တဲ့အတွက် Beijing နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ရှစ်ရက်၊ ရှစ်လ ၂၀၀၈ ခုနစ် ရှစ်နာရီရှစ်မိနစ်အချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကံကောင်းခြင်း ယူဆောင်လာပေးတာကို အလွန်ယုံကြည်မှု လွန်ကဲတဲ့အတွက် တရုတ်စကားပြောနိုင်ငံတွေရှိ လေကြောင်းလိုင်းတွေရဲ့ ပျံသန်းနံပါတ်တွေမှာလည်း (၈)ဂဏန်းပါဝင်အောင် ပေါင်းစပ်အသုံးပြုကြတာကို တွေ့ရပါတယ်။

(၉) ဂဏန်း( ကံကောင်းစေတဲ့ကိန်းဂဏန်း)

တရုတ်တွေအတွက် (၉)ဂဏန်းဟာ “ကာလကြာရှည်ခြင်း” နဲ့ “ထာဝရ” ဖြစ်ခြင်းဆိုပြီး အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့်မို့ မွေးနေ့ပွဲတွေနဲ့ လက်ထပ်မင်္ဂလာပွဲတွေကို ကိုးရက်နေ့မှာကျင်းပဖို့ ရက်ရွေးလေ့ရှိကြပါတယ်။ ဒါ့အပြင် (၉)ဂဏန်းဟာ တရုတ်အစဉ်အလာတွေအရဆိုရင် ရှေးခေတ်တရုတ်ဧကရာဇ် ရာဇဝင်တွေနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ရှေးခေတ်တရုတ်ဧကရာဇ်ရဲ့ ဝတ်ရုံမှာ နှဂါးကိုးကောင်ပါရှိတဲ့အတွက် (၉)ဂဏန်းကို မြင့်မြတ်တယ်လို့လည်း ယူဆကြခြင်းလည်း ဖြစ်ပါတယ်။

H.H(Akhayar)

www.akhayar.com