[Zawgyi]

အခုေႏြရာသီမွာ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး အသုံးျပဳခဲ့တဲ့ လာလီဂါ(၈)သင္း

ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္းမွာ ကလပ္အသင္းတိုင္းက ေမွ်ာ္လင့္ခ်က္ကုိယ္စီနဲ႔ ကစားသမားသစ္ေတြကုိ ေခၚယူအားျဖည့္ေနၾကတာ ပရိသတ္ေတြ အသိပါပဲ။ တျခားအသင္းေတြလုိပဲ လာလီဂါကလပ္အသင္းေတြကလည္း ရာသီသစ္မွာ ေအာင္ျမင္မႈရဖုိ႔အတြက္ ေငြေၾကးသုံးစဲြၿပီး ကစားသမားသစ္ေတြ ေခၚယူေနၾကပါတယ္။ အခုေလာေလာဆယ္ လာလီဂါမွာ ကလပ္အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး အသုံးျပဳထားတဲ့ ကလပ္(၈)သင္းအထိ ရွိေနပါၿပီ။ ဒါေပမဲ့ အဲဒီအသင္းေတြထဲမွာ ထိပ္သီးႏွစ္သငး္ျဖစ္တဲ့ ဘာစီလုိနာနဲ႔ ရီးယဲလ္ေတာ့ မပါေသးပါဘူး။ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး အသုံးျပဳထားတဲ့ လာလီဂါ(၈)သင္းကေတာ့ အက္သလက္တီကုိ၊ အလာဗတ္စ္၊ အီဘာ၊ အက္စ္ပန္ညိဳ၊ ဟီ႐ုိနာ၊ ဗယ္လက္ကာႏုိ၊ ဗီလာရီးယဲလ္နဲ႔ ဒီရာသီမွာ ပထမဆုံးအႀကိမ္ တန္းတက္လာတဲ့ ဟြက္စ္ကာ အသင္းတို႔ျဖစ္ၿပီး ဒီထဲမွာ ေငြအမ်ားဆုံးသုံးခဲ့တဲ့အသင္းက အက္သလက္တီကုိပါ။

lemar-atletico-de-madrid

lemar-atletico-de-madrid

အက္သလက္တီကုိအသင္းဟာ မုိနာကုိအသင္းက ျပင္သစ္ကြင္းလယ္ကစားသမား လူမာ Lemar ကုိ ေခၚယူခဲ့တာမွာ ယူ႐ုိသန္း(၇၀)အထိ သုံးစဲြခဲ့တယ္။ ဒုတိယအမ်ားဆုံးက ဗီလာရီးယဲလ္ျဖစ္ၿပီး အက္စ္ပန္ညိဳ တိုက္စစ္မွဴး ေမာ္ရီႏုိ Moreno ကုိ ယူ႐ုိသန္း(၂၀)နဲ႔ ေခၚယူခဲ့တာပါ။ က်န္တဲ့အသင္းေတြကေတာ့ ယူ႐ုိ(၁၀)သန္းနဲ႔ေအာက္သာ သုံးစဲြခဲ့ၾကေပမယ့္ ကုိယ့္အတိုင္းအထြာနဲ႔ ကုိယ္ဆုိေတာ့ ဒီပမာဏကလည္း ကလပ္စံခ်ိန္တင္ေတြျဖစ္ခဲ့ပါတယ္။ ဒီေႏြရာသီမွာ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ကစားသမားေခၚယူခဲ့တဲ့ လာလီဂါကလပ္အသင္းေတြနဲ႔ ကစားသမားေတြကုိ ပရိသတ္ေတြအတြက္ ေဖာ္ျပလုိက္ပါတယ္ . . .

gerard-moreno-villarreal

gerard-moreno-villarreal

အက္သလက္တီကုိ – လူမာ -ယူ႐ုိ(၇၀)သန္း
ဗီလာရီးယဲလ္ – ေမာ္ရီႏုိ – ယူ႐ုိ(၂၀)သန္း
အက္စ္ပန္ညိဳ – အစ္ဂလီစီယာ – ယူ႐ုိ(၁၀)သန္း
ဟီ႐ုိနာ – မုိယီကာ – ယူ႐ုိ(၆)သန္း
အီဘာ – အယ္လ္ဗာရက္ဇ္ – ယူ႐ုိ(၄)သန္း
အလာဗတ္စ္ – ဂြီဒက္တီ – ယူ႐ုိ(၄)သန္း
ဗယ္လက္ကာႏုိ -ကာကူတာ – ယူရုိ(၂.၂)သန္း
ဟြက္စ္ကာ – အက္စ္ရီခ်ီ – ယူ႐ုိ(၀.၈)သန္း
REF:Marca
Photo:10z Soccer,BeSoccer
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အခုနွေရာသီမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုခဲ့တဲ့ လာလီဂါ(၈)သင်း

နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ ကလပ်အသင်းတိုင်းက မျှော်လင့်ချက်ကိုယ်စီနဲ့ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်နေကြတာ ပရိသတ်တွေ အသိပါပဲ။ တခြားအသင်းတွေလိုပဲ လာလီဂါကလပ်အသင်းတွေကလည်း ရာသီသစ်မှာ အောင်မြင်မှုရဖို့အတွက် ငွေကြေးသုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူနေကြပါတယ်။ အခုလောလောဆယ် လာလီဂါမှာ ကလပ်အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုထားတဲ့ ကလပ်(၈)သင်းအထိ ရှိနေပါပြီ။ ဒါပေမဲ့ အဲဒီအသင်းတွေထဲမှာ ထိပ်သီးနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်တော့ မပါသေးပါဘူး။ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုထားတဲ့ လာလီဂါ(၈)သင်းကတော့ အက်သလက်တီကို၊ အလာဗတ်စ်၊ အီဘာ၊ အက်စ်ပန်ညို၊ ဟီရိုနာ၊ ဗယ်လက်ကာနို၊ ဗီလာရီးယဲလ်နဲ့ ဒီရာသီမှာ ပထမဆုံးအကြိမ် တန်းတက်လာတဲ့ ဟွက်စ်ကာ အသင်းတို့ဖြစ်ပြီး ဒီထဲမှာ ငွေအများဆုံးသုံးခဲ့တဲ့အသင်းက အက်သလက်တီကိုပါ။

lemar-atletico-de-madrid

lemar-atletico-de-madrid

အက်သလက်တီကိုအသင်းဟာ မိုနာကိုအသင်းက ပြင်သစ်ကွင်းလယ်ကစားသမား လူမာ Lemar ကို ခေါ်ယူခဲ့တာမှာ ယူရိုသန်း(၇၀)အထိ သုံးစွဲခဲ့တယ်။ ဒုတိယအများဆုံးက ဗီလာရီးယဲလ်ဖြစ်ပြီး အက်စ်ပန်ညို တိုက်စစ်မှူး မော်ရီနို Moreno ကို ယူရိုသန်း(၂၀)နဲ့ ခေါ်ယူခဲ့တာပါ။ ကျန်တဲ့အသင်းတွေကတော့ ယူရို(၁၀)သန်းနဲ့အောက်သာ သုံးစွဲခဲ့ကြပေမယ့် ကိုယ့်အတိုင်းအထွာနဲ့ ကိုယ်ဆိုတော့ ဒီပမာဏကလည်း ကလပ်စံချိန်တင်တွေဖြစ်ခဲ့ပါတယ်။ ဒီနွေရာသီမှာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကစားသမားခေါ်ယူခဲ့တဲ့ လာလီဂါကလပ်အသင်းတွေနဲ့ ကစားသမားတွေကို ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ် . . .

gerard-moreno-villarreal

gerard-moreno-villarreal

အက်သလက်တီကို – လူမာ -ယူရို(၇၀)သန်း
ဗီလာရီးယဲလ် – မော်ရီနို – ယူရို(၂၀)သန်း
အက်စ်ပန်ညို – အစ်ဂလီစီယာ – ယူရို(၁၀)သန်း
ဟီရိုနာ – မိုယီကာ – ယူရို(၆)သန်း
အီဘာ – အယ်လ်ဗာရက်ဇ် – ယူရို(၄)သန်း
အလာဗတ်စ် – ဂွီဒက်တီ – ယူရို(၄)သန်း
ဗယ်လက်ကာနို -ကာကူတာ – ယူရို(၂.၂)သန်း
ဟွက်စ်ကာ – အက်စ်ရီချီ – ယူရို(ဝ.၈)သန်း

REF:Marca
Photo:10z Soccer,BeSoccer
Naing Linn(Akhayar)
www.akhayar.com