[Zawgyi]






Stella(Akhayar)

www.akhayar.com

[Unicode]

သူငယ်ချင်းတွေနဲ့ ခရီးထွက်ရလို့ပျော်နေတဲ့ အိစိကွေးရဲ့ ပုဂံရောက်ပုံရိပ်များ

ကလေးဘဝထဲက ချစ်စရာအလွန်ကောင်းပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေရရှိနေသူထဲမှာ ကလေးသရုပ်ဆောင် အိစိကွေးတစ်ယောက်လည်းပါဝင်ပါတယ်။ တက္ကသိုလ်ကျောင်းသားကြီးဖြစ်နေတဲ့ အိစိကွေးတစ်ယောက် သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူ ပုဂံဘုရားဖူးထွက်နေတယ်လို့ သိရပါတယ်။

“ကိုယ့်သူငယ်ချင်းတွေနဲ့ ခရီးသွားရတဲ့ပျော်ရွှင်မှုဆိုတာ ဘာနဲ့မှ လဲလို့မရဘူး” လို့ ဆိုလာတဲ့ အိစိကွေးကတော့ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါး အမှတ်တရပုံရိပ်တွေကိုလည်း မျှဝေထားပါတယ်။သရုပ်ဆောင်အိစိကွေးဟာ ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် လက်ရှိအရွယ်ရောက်လာတဲ့ကောင်လေးတစ်ယောက်ပုံစံနဲ့လည်း ကြည့်ကောင်းနေတာဖြစ်ပါတယ်။

လူငယ်ပီပီ လွတ်လပ်မှုအရသာကိုသဘောကျတဲ့ အိစိကတော့ သူငယ်ချင်းတွေနဲ့ခရီးထွက်ရတာ အပျော်ကြီးပျော်နေတဲ့ပုံပါပဲ။ ပရိသတ်ကြီးရော အိစိကို ချစ်သေးရဲ့လား။

Photos Credit –  Ei Si Kway

Stella(Akhayar)

www.akhayar.com