[Zawgyi]

ဂ်င္းေကာင္ေပါက္စေလးဆီ အလည္သြားခဲ့တဲ့ အိေခ်ာပုိ

ႏုိင္ငံေက်ာ္မင္းသမီးတစ္လက္ျဖစ္တဲ့ သရုပ္ေဆာင္ အိေခ်ာပုိကေတာ့ အႏုပညာရွင္ေလာကမွာ ပရိသတ္အားေပးမႈေတြအခုိင္အမာရရွိထားသူျဖစ္ပါတယ္။ လူမႈကြန္ရက္မွာပါ ပုရိသပရိသတ္ေတြရဲ႕ ၀န္းရံအားေပးျခင္းခံေနရတ့ဲ အိေခ်ာပုိတစ္ေယာက္ အႏုပညာအလုပ္ေတြအားလပ္တဲ့အခ်ိန္ေလးမွာလည္း လုပ္ေဖာ္ကုိင္ဖက္ေတြနဲ႕လည္း အခ်ိန္ေပးေလ့ရွိတာေတြ႕ရပါတယ္။

အိေခ်ာပုိ ဟာ မေန႕က မင္းသားျမင့္ျမတ္တုိ႕အိမ္ကုိ အလည္သြားခဲ့ရင္း ျမင့္ျမတ္ရဲ႕ သားေလးနဲ႕အတူ အမွတ္တရပုံေလးေတြရုိက္ကူးခဲ့တာေတြ႕ရပါတယ္။ ဂ်င္းေကာင္ေပါက္စေလးလုိ႕ ပရိသတ္ေတြခ်စ္စႏုိးေခၚၾကတဲ့ သားသားေလးကုိ ခ်စ္ေနတဲ့ အိေခ်ာပုိ ကေတာ့ သူမရဲ႕လူမႈကြန္ရက္မွာ”ဒီေန႔ မ်က္ႏွာေပၚေလးနဲ႔ခ်စ္စရာေကာင္းတဲ့ေဘဘီဂ်င္းေကာင္ေလးဆီသြားေတြ႕ခဲ႔တယ္”ဆုိျပီးေရးသားကာ ဓာတ္ပုံေလးေတြကုိမွ်ေ၀ထားတာျဖစ္ပါတယ္။

ဂ်င္းေကာင္ေပါက္စေလးကုိေတာ့ မိဘေတြျဖစ္တဲ့ ျမင့္ျမတ္တုိ႕ဇနီးေမာင္ႏွံသာမက အႏုပညာပရိသတ္ေတြလည္း သဲသဲလႈပ္အခ်စ္ပုိေနရပါတယ္။ အိေခ်ာပုိဟာ ျမင့္ျမတ္တုိ႕သားအဖေတြကုိ တစ္ပုံစံထဲဆုိျပီးေတာ့လည္း ေျပာထားပါတယ္။ ကေလးခ်စ္တတ္တဲ့အိေခ်ာပုိကုိေတာ့ အပ်ိဳၾကီးဘ၀နဲ႕ပဲ သူမ်ားကေလးေလးေတြကုိလုိက္ခ်စ္ေနေတာ့မွာလားဆုိတာ ေမးခြန္းထုတ္စရာပါပဲ။

Photos Credit – Ei Chaw Po and Alin Yaung

Stella(Akhayar)

www.akhayar.com

[Unicode]

ဂျင်းကောင်ပေါက်စလေးဆီ အလည်သွားခဲ့တဲ့ အိချောပို

နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ အနုပညာရှင်လောကမှာ ပရိသတ်အားပေးမှုတွေအခိုင်အမာရရှိထားသူဖြစ်ပါတယ်။ လူမှုကွန်ရက်မှာပါ ပုရိသပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းခံနေရတဲ့ အိချောပိုတစ်ယောက် အနုပညာအလုပ်တွေအားလပ်တဲ့အချိန်လေးမှာလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အချိန်ပေးလေ့ရှိတာတွေ့ရပါတယ်။

အိချောပို ဟာ မနေ့က မင်းသားမြင့်မြတ်တို့အိမ်ကို အလည်သွားခဲ့ရင်း မြင့်မြတ်ရဲ့ သားလေးနဲ့အတူ အမှတ်တရပုံလေးတွေရိုက်ကူးခဲ့တာတွေ့ရပါတယ်။ ဂျင်းကောင်ပေါက်စလေးလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ သားသားလေးကို ချစ်နေတဲ့ အိချောပို ကတော့ သူမရဲ့လူမှုကွန်ရက်မှာ”ဒီနေ့ မျက်နှာပေါ်လေးနဲ့ချစ်စရာကောင်းတဲ့ဘေဘီဂျင်းကောင်လေးဆီသွားတွေ့ခဲ့တယ်”ဆိုပြီးရေးသားကာ ဓာတ်ပုံလေးတွေကိုမျှဝေထားတာဖြစ်ပါတယ်။

ဂျင်းကောင်ပေါက်စလေးကိုတော့ မိဘတွေဖြစ်တဲ့ မြင့်မြတ်တို့ဇနီးမောင်နှံသာမက အနုပညာပရိသတ်တွေလည်း သဲသဲလှုပ်အချစ်ပိုနေရပါတယ်။ အိချောပိုဟာ မြင့်မြတ်တို့သားအဖတွေကို တစ်ပုံစံထဲဆိုပြီးတော့လည်း ပြောထားပါတယ်။ ကလေးချစ်တတ်တဲ့အိချောပိုကိုတော့ အပျိုကြီးဘဝနဲ့ပဲ သူများကလေးလေးတွေကိုလိုက်ချစ်နေတော့မှာလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။

Photos Credit – Ei Chaw Po and Alin Yaung

Stella(Akhayar)

www.akhayar.com