[Zawgyi]





 


www.akhayar.com

[Unicode]

တောင်ကြီးမြို့နဲ့ အလှတရားချင်းပြိုင်နေတဲ့ အိချောပို

တောင်ကြီးမြို့ဆိုတာ မြန်မာနိုင်ငံက သိပ်လှတဲ့ မြို့တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရာသီဥတုကလည်း တကယ့်ကို အေးအေးမြမြနဲ့ နေလို့ ကောင်းလို့ မြန်မာပြည်အထက်ပိုင်းဘက် လည်မယ်ဆို တောင်ကြီးမြို့ကို ရွေးချယ်ကြတာ။

ပရိသတ်တွေက စူစူလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးအိချောပိုလေးကလည်း တောင်ကြီးမြို့ကို မိခင်နဲ့တူတူ သွားရောက်ခဲ့ပါတယ်တဲ့။ တောင်ကြီးရောက်ခိုက်မှာလည်း စူစူတစ်ယောက် တောင်တန်းမြေမြင့်တွေကို နောက်ခံထားပြီး အလှဓာတ်ပုံလေးတွေ ရိုက်ခဲ့ပါသေးတယ်။

တောင်ကြီးရောက်လို့ ကောင်မလေးတွေ ဓာတ်ပုံရိုက်ရင် Location နဲ့ Pose အသစ်လေးတွေ ရှာတွေ့လောက်ပြီထင်ပါတယ်။

 

စူစူ့လို Backpack လေးနဲ့ ရှုးလေးနဲ့ ပေါ့ပေါ့ပါးပါး ခရီးသွားဓာတ်ပုံတွေ ရိုက်မယ်ဆိုရင်တော့ ဒီတစ်ပတ် ပိတ်ရက်တွေမှာ ခရီးသွားဖို့ ကြံလိုက်တော့နော်။

www.akhayar.com

Photo Credit : Ei Chaw Po’s Facebook Account