[Zawgyi]








www.akhayar.com

Photo Credit : Ei Chaw Po
[Unicode]

‘Lady Boy’ ရုပ်ရှင်ကန်တော့ပွဲပေးအခမ်းအနားမှာတွေ့ရတဲ့ အိချောပို

မြန်မာရုပ်ရှင်ချစ် ပရိသတ်ကြီးအတွက် ထိုင်းနဲ့ မြန်မာ ပူးပေါင်း ရိုက်ကူးတင်ဆက်မယ့် ‘Lady Boy’ ဆိုတဲ့ ဇာတ်ကားကြီး စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဒီနေ့မှ ရုပ်ရှင်ကန်တော့ပွဲပေးအခမ်းအနားနဲ့ သတင်းစာ ရှင်းလင်းပွဲကိုပါ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ ကိုပေါက်ဖြစ်ပြီး ခေါင်းဆောင်မင်းသား မင်းသမီးတွေအနေနဲ့ ပြေတီဦး၊ ကျော်ကျော်ဗိုလ်၊ ထူးအောင်နဲ့ အိချောပိုတို့လို ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်တွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ သူတို့ရဲ့ ကန်တော့ပွဲပေးအခမ်းအနားပုံရိပ်လေးတွေကတော့..

အိချောပိုနဲ့ ကျော်ကျော်ဗိုလ်

အိချောပိုနဲ့ ကျော်ကျော်ဗိုလ်

ဒါတင်မဟုတ်ဘဲ အိချောပိုဟာ ဒီနေ့မှာ မွေးနေ့ရှိတဲ့ ထိပ်ထားသခင်လေးနဲ့လည်း ခုလို ဆုံခဲ့ပါသေးတယ်တဲ့။

ထိပ်ထားသခင်လေးကလည်း ဒီနေ့မှာ မွေးနေ့ရှိတဲ့အတွက် မြန်မာဝတ်စုံလေးနဲ့ လှနေပါတယ်။ မမစူစူနဲ့ ထိပ်ထားလေးပုံတွေကြည့်ရင်း ‘Lady Boy’ ဇာတ်ကားကို ဘယ်လိုပုံဖော်ရိုက်ကူးလာမလဲဆိုတာ ပရိသတ်တွေက သိချင်နေကြပါတယ်။

www.akhayar.com

Photo Credit : Ei Chaw Po