This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေနာက္က်အႏိုင္ဂိုးေၾကာင့္ အသက္ရႈေခ်ာင္ခဲ့တဲ့ ဥရုေဂြးအသင္း

ေတာင္အေမရိကထိပ္သီး ဥရုေဂြးအသင္းနဲ႔ အာဖရိကထိပ္သီး အီဂ်စ္အသင္းတို႔ရဲ႕ ပြဲစဥ္ကေတာ့ အက်ိတ္အနယ္ ယွဥ္ၿပိဳင္မႈေတြနဲ႔ ပရိသတ္အာရံုကို ဖမ္းစားႏိုင္ခဲ့ၿပီး ေနာက္က်အႏိုင္ဂိုးေၾကာင့္ ဥရုေဂြးအသင္းက (၁-၀)ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ အုပ္စုတြင္း ၿပိဳင္ဘက္ အိမ္ရွင္ ရုရွားအသင္းရဲ႕ ဂိုးျပတ္အႏိုင္ေၾကာင့္ (၂)သင္းစလံုးအတြက္ ရလဒ္ေကာင္း ရယူႏိုင္ဖို႔ လိုအပ္ေနခဲ့လို႔ အျပန္အလွန္ ထိုးေဖာက္မႈေတြနဲ႔ ပရိသတ္ကို ဖမ္းစားႏိုင္ခဲ့တယ္။ ဆာလာမပါဝင္ႏိုင္ေပမယ့္ အီဂ်စ္အသင္းရဲ႕ ကစားပံုက အေကာင္းဆံုး ပံုစံမွာ ရွိေနၿပီး ဥရုေဂြးအသင္းရဲ႕ ခံစစ္ေၾကာင္းကို ဖိအားေပးမႈေတြ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဆြာရက္ဇ္ အပိုင္အခြင့္အေရး အေတာ္မ်ားမ်ားကို ျဖဳန္းတီးခဲ့သလို အီဂ်စ္ဂိုးသမား အယ္ရွီနာဝီရဲ႕ လက္စြမ္းျပ ကာကြယ္မႈေတြေၾကာင့္ ဥရုေဂြးအသင္း ေစာေစာစီးစီး ဦးေဆာင္ ဂိုးမရခဲ့တာ ျဖစ္ပါတယ္။

Suarez-miss-chances

Suarez-miss-chances

ပြဲကစားခ်ိန္ မိနစ္ (၈၀)ေနာက္ပိုင္းမွာ သေရရလဒ္ကို ထိန္းႏိုင္ဖို႔ အီဂ်စ္အသင္း ခံစစ္ကစားပံုေျပာင္းလဲခဲ့တဲ့ ေနာက္ပိုင္းမွာေတာ့ ကစားပံု အနည္းငယ္ ပ်က္သြားခဲ့ၿပီး ဥရုေဂြးအသင္း ေတာက္ေလွ်ာက္ကို ဖိအားေပးႏိုင္ခဲ့တယ္။ ပြဲၿပီးဖို႔ (၁၀)မိနစ္ေလာက္အလိုမွာ အႏိုင္ရလဒ္အတြက္ တိုက္စစ္ျမွင့္တင္မႈေတြ ျပဳလုပ္လာတဲ့ ဥရုေဂြးအသင္းရဲ႕ ကစားပံုက အီဂ်စ္ ခံစစ္ေၾကာင္းကို အလုပ္မ်ားေစခဲ့တယ္။ ကာဗာနီရဲ႕ အပိုင္ကန္ခ်က္ကို အေကာင္းဆံုး လက္စြမ္းနဲ႔ အီဂ်စ္ဂိုးသမား အယ္ရွီနာဝီ ကာကြယ္ႏိုင္ခဲ့သလို သူ႔ရဲ႕ ဖရီးကစ္ ကန္ခ်က္ တိုင္ထိ ထြက္ခဲ့လို႔ ဥရုေဂြးအသင္း ဦးေဆာင္ဂိုး ရရွိမယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ေနခဲ့တယ္။ ပြဲကစားခ်ိန္ မိနစ္ (၉၀)အေရာက္မွာေတာ့ ဥရုေဂြးအသင္း ဦးေဆာင္ဂိုး ရရွိခဲ့ၿပီး ဂိုးဧရိယာရဲ႕ ညာဘက္အျခမ္းမွာ ရရွိတဲ့ ျပစ္ဒဏ္ေဘာကို ကြင္းလယ္လူ ကားလို႔စ္ဆန္းခ်က္ဇ္ကန္တင္ေပးပို႔မႈကို ေနာက္ခံလူ ဟီမီနက္ဇ္က အပိုင္ေခါင္းတိုက္ သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ လက္က်န္ ပြဲခ်ိန္ေတြမွာ အီဂ်စ္အသင္း ေခ်ပဂိုး ရရွိဖို႔ ျပန္လည္ ထိုးေဖာက္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ဥရုေဂြးေနာက္ခံလူေတြျဖစ္တဲ့ ဂိုဒင္နဲ႔ အႏိုင္ဂိုးရွင္ ဟီမီနက္ဇ္တို႔ အေကာင္းဆံုး ထိန္းခ်ဳပ္ ကစားႏိုင္ခဲ့လို႔ (၁-၀)ဂိုးဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို လက္စြမ္းျပ ကာကြယ္မႈေတြ ျပဳလုပ္ခဲ့တဲ့ အီဂ်စ္ဂိုးသမား အယ္ရွီနာဝီက ရရွိခဲ့ပါတယ္။ ဥရုေဂြးအသင္းကေတာ့ အေရးပါတဲ့ ပဲြစဥ္မွာ အႏိုင္ရရွိခဲ့လို႔ ေနာက္တစ္ဆင့္အတြက္ အေျခအေနေကာင္းသြားခဲ့ပါတယ္။

Photo:Google
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

နောက်ကျအနိုင်ဂိုးကြောင့် အသက်ရှုချောင်ခဲ့တဲ့ ဥရုဂွေးအသင်း

တောင်အမေရိကထိပ်သီး ဥရုဂွေးအသင်းနဲ့ အာဖရိကထိပ်သီး အီဂျစ်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ အကျိတ်အနယ် ယှဉ်ပြိုင်မှုတွေနဲ့ ပရိသတ်အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး နောက်ကျအနိုင်ဂိုးကြောင့် ဥရုဂွေးအသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အုပ်စုတွင်း ပြိုင်ဘက် အိမ်ရှင် ရုရှားအသင်းရဲ့ ဂိုးပြတ်အနိုင်ကြောင့် (၂)သင်းစလုံးအတွက် ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေခဲ့လို့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တယ်။ ဆာလာမပါဝင်နိုင်ပေမယ့် အီဂျစ်အသင်းရဲ့ ကစားပုံက အကောင်းဆုံး ပုံစံမှာ ရှိနေပြီး ဥရုဂွေးအသင်းရဲ့ ခံစစ်ကြောင်းကို ဖိအားပေးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆွာရက်ဇ် အပိုင်အခွင့်အရေး အတော်များများကို ဖြုန်းတီးခဲ့သလို အီဂျစ်ဂိုးသမား အယ်ရှီနာဝီရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ဥရုဂွေးအသင်း စောစောစီးစီး ဦးဆောင် ဂိုးမရခဲ့တာ ဖြစ်ပါတယ်။

Suarez-miss-chances

Suarez-miss-chances

ပွဲကစားချိန် မိနစ် (၈၀)နောက်ပိုင်းမှာ သရေရလဒ်ကို ထိန်းနိုင်ဖို့ အီဂျစ်အသင်း ခံစစ်ကစားပုံပြောင်းလဲခဲ့တဲ့ နောက်ပိုင်းမှာတော့ ကစားပုံ အနည်းငယ် ပျက်သွားခဲ့ပြီး ဥရုဂွေးအသင်း တောက်လျှောက်ကို ဖိအားပေးနိုင်ခဲ့တယ်။ ပွဲပြီးဖို့ (၁၀)မိနစ်လောက်အလိုမှာ အနိုင်ရလဒ်အတွက် တိုက်စစ်မြှင့်တင်မှုတွေ ပြုလုပ်လာတဲ့ ဥရုဂွေးအသင်းရဲ့ ကစားပုံက အီဂျစ် ခံစစ်ကြောင်းကို အလုပ်များစေခဲ့တယ်။ ကာဗာနီရဲ့ အပိုင်ကန်ချက်ကို အကောင်းဆုံး လက်စွမ်းနဲ့ အီဂျစ်ဂိုးသမား အယ်ရှီနာဝီ ကာကွယ်နိုင်ခဲ့သလို သူ့ရဲ့ ဖရီးကစ် ကန်ချက် တိုင်ထိ ထွက်ခဲ့လို့ ဥရုဂွေးအသင်း ဦးဆောင်ဂိုး ရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်နေခဲ့တယ်။ ပွဲကစားချိန် မိနစ် (၉၀)အရောက်မှာတော့ ဥရုဂွေးအသင်း ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဂိုးဧရိယာရဲ့ ညာဘက်အခြမ်းမှာ ရရှိတဲ့ ပြစ်ဒဏ်ဘောကို ကွင်းလယ်လူ ကားလို့စ်ဆန်းချက်ဇ်ကန်တင်ပေးပို့မှုကို နောက်ခံလူ ဟီမီနက်ဇ်က အပိုင်ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ပွဲချိန်တွေမှာ အီဂျစ်အသင်း ချေပဂိုး ရရှိဖို့ ပြန်လည် ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဥရုဂွေးနောက်ခံလူတွေဖြစ်တဲ့ ဂိုဒင်နဲ့ အနိုင်ဂိုးရှင် ဟီမီနက်ဇ်တို့ အကောင်းဆုံး ထိန်းချုပ် ကစားနိုင်ခဲ့လို့ (၁-ဝ)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ခဲ့တဲ့ အီဂျစ်ဂိုးသမား အယ်ရှီနာဝီက ရရှိခဲ့ပါတယ်။ ဥရုဂွေးအသင်းကတော့ အရေးပါတဲ့ ပွဲစဉ်မှာ အနိုင်ရရှိခဲ့လို့ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။

Photo:Google
Aung Kyaw Wai (Akhayar)
www.akhayar.com