This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ၿပိဳင္ပြဲမွတ္တမ္းဆုိးကို ေခ်ဖ်က္ဖို႔ ႀကိဳးပမ္းရမယ့္ အာဖရိက အင္အားႀကီး အီဂ်စ္အသင္း သမိုင္းေၾကာင္း

အီဂ်စ္အသင္း
ကမၻာ႔ဖလားၿပိဳင္ပြဲကို ပထမဆံုးေျခစစ္ပြဲ ေအာင္ျမင္ခဲ့တဲ့ အာဖရိကတိုက္နဲ႔ အေရွ႔အလယ္ပိုင္းအသင္းအျဖစ္ မွတ္တမ္း၀င္ေနသလို အာဖရိကႏိုင္ငံမ်ားဖလားကို (၇)ႀကိမ္အထိ ရယူထားႏိုင္တဲ့အထိ သမိုင္းေၾကာင္း အစဥ္အလာ ႀကီးမားခဲ့တဲ့ အသင္းျဖစ္ပါတယ္။ ကမၻာ႔အဆင့္ သတ္မွတ္ခ်က္ ထိပ္ဆံုး (၁၀)သင္းအတြင္း ၀င္ေရာက္ႏိုင္ခဲ့တဲ့ အာဖရိကကိုယ္စားျပဳ အသင္း (၄)သင္းထဲမွာ ပါ၀င္ခဲ့တဲ့ အသင္းတစ္သင္း ျဖစ္ပါတယ္။ အာဖရိကတိုက္မွာ သမိုင္းေၾကာင္း အစဥ္အလာႀကီးမားခဲ့ေပမယ့္ ကမၻာ႔ဖလားၿပိဳင္ပြဲကိုေတာ့ (၂)ႀကိမ္သာ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ပါတယ္။ အာဖရိထိပ္တန္းအသင္းတစ္သင္းျဖစ္တဲ့ အီဂ်စ္အသင္းဟာ ကမၻာ႔ဖလားၿပိဳင္ပြဲနဲ႔ ကံမစပ္တဲ့ အသင္းတစ္သင္းလည္း ျဖစ္ပါတယ္။ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တဲ့ ၁၉၃၄ ၿပိဳင္ပြဲနဲ႔ ၁၉၉၀ ၿပိဳင္ပြဲေတြမွာလည္း အုပ္စုတြင္း ႏိုင္ပြဲတစ္ပြဲမွမရဘဲ အုပ္စုအဆင့္ကေန လွည့္ျပန္ခဲ့ရပါတယ္။ ႏွစ္ေပါင္း (၂၈)ႏွစ္အၾကာမွာ ကမၻာ႔ဖလားၿပိဳင္ပြဲကို တစ္ေက်ာ႔ျပန္ ယွဥ္ၿပိဳင္ခြင့္ ရခဲ့တဲ့ အသင္းပဲ ျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္က စတင္ၿပီး အသင္းကို ကိုင္တြယ္ခဲ့တဲ့ နာမည္ေက်ာ္ နည္းျပ ဟတ္တာကူးပါးရဲ႕ လက္ေအာက္မွာ အသင္းက အသားက်ေနၿပီး ဆာလာလို တိုက္စစ္မွဴးကို ပိုင္ဆိုင္ထားတဲ့ အီဂ်စ္အသင္းအတြက္ သမိုင္းဝင္ေအာင္ျမင္မႈေတြ ရယူႏိုင္မလားဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။

Egyptian-President-Abdel-Fattah-al-Sisi-and-Egypt-football-team

Egyptian-President-Abdel-Fattah-al-Sisi-and-Egypt-football-team

ကမၻာ႔ဖလားသမိုင္းေၾကာင္း
သမိုင္းတစ္ေလွ်ာက္မွာ ကမၻာ႔ဖလားၿပိဳင္ပြဲကို (၂)ႀကိမ္သာ ယွဥ္ၿပိဳင္ဖူးခဲ့ၿပီး (၂)ႀကိမ္စလံုး အုပ္စုအဆင့္ကေန ႏိုင္ပြဲမရဘဲ လွည့္ျပန္ခဲ့ရပါတယ္။ ေျခစစ္ပြဲ ေအာင္ျမင္မႈက ကမၻာ႔ဖလားၿပိဳင္ပြဲ အျမင့္ဆံုး ေအာင္ျမင္မႈျဖစ္ေနတဲ့ အသင္းျဖစ္ပါတယ္။

ကမၻာ႔ဖလားေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
ေျခစစ္ပြဲအဆင့္မွာ ယူဂႏၶာ၊ ဂါနာနဲ႔ ကြန္ဂိုတို႔လို ေျခစြမ္းပိုင္း မာေက်ာတဲ့ အာဖရိက အသင္းေကာင္းေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ ပံုစံေကာင္းေတြနဲ႔အတူ ေျခစစ္ပြဲေအာင္ျမင္ခဲ့တဲ့ အသင္းျဖစ္ပါတယ္။ အုပ္စုတြင္း (၆)ပြဲကစားခဲ့ရာ (၄)ပြဲအထိ အႏိုင္ရခဲ့ၿပီး (၁)ပြဲသေရ၊ (၁)ပြဲရံႈး ရမွတ္ (၁၃)မွတ္နဲ႔ အုပ္စု ပထမေနရာကို ရယူကာ ေျခစစ္ပြဲ ေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။

Egypt-Forward-Salah

Egypt-Forward-Salah

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
အီဂ်စ္အသင္းကေတာ့ ျပည္တြင္းအေျခစိုက္ ကစားသမားေတြကို ဥေရာပအေျခစိုက္ ကစားသမား အမ်ားစုနဲ႔ ဖြဲ႔စည္းထားတဲ့ အသင္းျဖစ္ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ အသက္အႀကီးဆံုး ကစားသမားအျဖစ္ မွတ္တမ္း၀င္မယ့္ ဂိုးသမား အယ္လ္ဟာဒရီ အသင္းမွာပါ၀င္လာခဲ့သလို ဂိုးသမား (၃)ဦးစလံုးကေတာ့ ျပည္တြင္း အေျခစုိက္ ကစားသမားေတြ ျဖစ္ပါတယ္။ ေနာက္တန္းမွာေတာ့ အဂၤလန္ေျမမွာ ကစားေနတဲ့ ဂတ္ဘာ၊ အယ္လ္မိုဟာမန္ဒီနဲ႔ ဟာဂါဇီတို႔လို႔ မာေက်ာတဲ့ ေနာက္ခံလူေတြကို ျပည္တြင္း ကစားသမားေတြနဲ႔ ေပါင္းစပ္ဖြဲ႔စည္းထားပါတယ္။ ကြင္းလယ္ပိုင္းမွာလည္း အာဆင္နယ္ ကြင္းလယ္လူ အယ္လ္နန္နီက အဓိက ကစားသမားအျဖစ္ ပါ၀င္လာခဲ့ၿပီး ေမာ္စီ၊ ေဆာ့ဘီတို႔လို႔ ပရီးမီးယားလိဂ္ အေျခစိုက္ ကစားသမားေတြနဲ႔ စုဖြဲ႔ထားပါတယ္။ အဓိက ေစာင့္ၾကည့္သြားရမယ့္ ကစားသမားကေတာ့ လီဗာပူးလ္အသင္းမွာ ေျခစြမ္းျပခဲ့တဲ့ တိုက္စစ္မွဴး ဆာလာပဲ ျဖစ္ပါတယ္။ ဒဏ္ရာေၾကာင့္ အဖြင့္ပြဲကို လြဲေခ်ာ္ဖို႔ ရွိေနေပမယ့္ အီဂ်စ္ ပရိသတ္ေတြရဲ႕ အိပ္မက္ကို သြင္းဂိုးေတြနဲ႔ ျဖည့္ဆည္းေပးႏိုင္မလားဆိုတာ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။

REF:Wikipedia
Photo:FIFA World Cup 2018, Washington Times, Daily News Egypt
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပြိုင်ပွဲမှတ်တမ်းဆိုးကို ချေဖျက်ဖို့ ကြိုးပမ်းရမယ့် အာဖရိက အင်အားကြီး အီဂျစ်အသင်း သမိုင်းကြောင်း

အီဂျစ်အသင်း
ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်းအသင်းအဖြစ် မှတ်တမ်းဝင်နေသလို အာဖရိကနိုင်ငံများဖလားကို (၇)ကြိမ်အထိ ရယူထားနိုင်တဲ့အထိ သမိုင်းကြောင်း အစဉ်အလာ ကြီးမားခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ထိပ်ဆုံး (၁၀)သင်းအတွင်း ဝင်ရောက်နိုင်ခဲ့တဲ့ အာဖရိကကိုယ်စားပြု အသင်း (၄)သင်းထဲမှာ ပါဝင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ အာဖရိကတိုက်မှာ သမိုင်းကြောင်း အစဉ်အလာကြီးမားခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ (၂)ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ အာဖရိထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ အီဂျစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကံမစပ်တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ၁၉၃၄ ပြိုင်ပွဲနဲ့ ၁၉၉၀ ပြိုင်ပွဲတွေမှာလည်း အုပ်စုတွင်း နိုင်ပွဲတစ်ပွဲမှမရဘဲ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ နှစ်ပေါင်း (၂၈)နှစ်အကြာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ အသင်းပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က စတင်ပြီး အသင်းကို ကိုင်တွယ်ခဲ့တဲ့ နာမည်ကျော် နည်းပြ ဟတ်တာကူးပါးရဲ့ လက်အောက်မှာ အသင်းက အသားကျနေပြီး ဆာလာလို တိုက်စစ်မှူးကို ပိုင်ဆိုင်ထားတဲ့ အီဂျစ်အသင်းအတွက် သမိုင်းဝင်အောင်မြင်မှုတွေ ရယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Egyptian-President-Abdel-Fattah-al-Sisi-and-Egypt-football-team

Egyptian-President-Abdel-Fattah-al-Sisi-and-Egypt-football-team

ကမ္ဘာ့ဖလားသမိုင်းကြောင်း
သမိုင်းတစ်လျှောက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)ကြိမ်သာ ယှဉ်ပြိုင်ဖူးခဲ့ပြီး (၂)ကြိမ်စလုံး အုပ်စုအဆင့်ကနေ နိုင်ပွဲမရဘဲ လှည့်ပြန်ခဲ့ရပါတယ်။ ခြေစစ်ပွဲ အောင်မြင်မှုက ကမ္ဘာ့ဖလားပြိုင်ပွဲ အမြင့်ဆုံး အောင်မြင်မှုဖြစ်နေတဲ့ အသင်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
ခြေစစ်ပွဲအဆင့်မှာ ယူဂန္ဓာ၊ ဂါနာနဲ့ ကွန်ဂိုတို့လို ခြေစွမ်းပိုင်း မာကျောတဲ့ အာဖရိက အသင်းကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ပုံစံကောင်းတွေနဲ့အတူ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ အုပ်စုတွင်း (၆)ပွဲကစားခဲ့ရာ (၄)ပွဲအထိ အနိုင်ရခဲ့ပြီး (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ် (၁၃)မှတ်နဲ့ အုပ်စု ပထမနေရာကို ရယူကာ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Egypt-Forward-Salah

Egypt-Forward-Salah

စောင့်ကြည့်ရမယ့် ကစားသမားများ
အီဂျစ်အသင်းကတော့ ပြည်တွင်းအခြေစိုက် ကစားသမားတွေကို ဥရောပအခြေစိုက် ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အသက်အကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မယ့် ဂိုးသမား အယ်လ်ဟာဒရီ အသင်းမှာပါဝင်လာခဲ့သလို ဂိုးသမား (၃)ဦးစလုံးကတော့ ပြည်တွင်း အခြေစိုက် ကစားသမားတွေ ဖြစ်ပါတယ်။ နောက်တန်းမှာတော့ အင်္ဂလန်မြေမှာ ကစားနေတဲ့ ဂတ်ဘာ၊ အယ်လ်မိုဟာမန်ဒီနဲ့ ဟာဂါဇီတို့လို့ မာကျောတဲ့ နောက်ခံလူတွေကို ပြည်တွင်း ကစားသမားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း အာဆင်နယ် ကွင်းလယ်လူ အယ်လ်နန်နီက အဓိက ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး မော်စီ၊ ဆော့ဘီတို့လို့ ပရီးမီးယားလိဂ် အခြေစိုက် ကစားသမားတွေနဲ့ စုဖွဲ့ထားပါတယ်။ အဓိက စောင့်ကြည့်သွားရမယ့် ကစားသမားကတော့ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး ဆာလာပဲ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် အဖွင့်ပွဲကို လွဲချော်ဖို့ ရှိနေပေမယ့် အီဂျစ် ပရိသတ်တွေရဲ့ အိပ်မက်ကို သွင်းဂိုးတွေနဲ့ ဖြည့်ဆည်းပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

REF:Wikipedia
Photo:FIFA World Cup 2018, Washington Times, Daily News Egypt
Aung Kyaw Wai (Akhayar)
www.akhayar.com