This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အီဂ်စ္အသင္းနည္းျပရာထူးက ႏုတ္ထြက္ခဲ့တဲ့ ဟတ္တာကူးပါး Hector Cuper

အီဂ်စ္အသင္းရဲ႕ ၀ါရင့္နည္းျပဟတ္တာကူးပါး Hector Cuper ဟာ အီဂ်စ္အသင္း ၂၀၁၈ ကမၻာ႔ဖလားအုပ္စုအဆင့္ကေန စိတ္ပ်က္စရာ ရလဒ္ေတြနဲ႔ လွည့္ျပန္ခဲ့ရၿပီးေနာက္ သူ႔ရဲ႕ရာထူးက ႏုတ္ထြက္သြားၿပီျဖစ္ပါတယ္။ အီဂ်စ္အသင္းဟာ (၂၈)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ကမၻာ႔ဖလားေျခစစ္ပဲြ ေအာင္ျမင္ခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ တစ္ေက်ာ႔ျပန္ ကမၻာ႔ဖလားခရီးက မလွပခဲ့ပါဘူး။ ၿပီးခဲ့တဲ့ရာသီက လီဗာပူးလ္အသင္းနဲ႔အတူ ထင္ရွားလာတဲ့ ဆာလာ Salah က အီဂ်စ္အသင္းကုိ ဦးေဆာင္လာေပမယ့္ ဒဏ္ရာျပႆနာေၾကာင့္ ေျခစြမ္းျပႏုိင္ျခင္း မရွိသလုိ သူ႔အသင္းကလည္း ဥ႐ုေဂြး၊ ႐ုရွား၊ ေဆာ္ဒီတို႔ကုိ ဆက္တိုက္ ႐ႈံးနိမ့္ခဲ့တာေၾကာင့္ အမွတ္ဗလာနဲ႔သာ ကမၻာ့ဖလားပြဲကုိ ႏႈတ္ဆက္ခဲ့ရပါတယ္။

အသက္(၆၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဟတ္တာကူးပါးဟာ အခု ကမၻာ႔ဖလားၿပိဳင္ပဲြအၿပီးက်ရင္ အီဂ်စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အီဂ်စ္ေဘာလုံးအဖဲြ႕ခ်ဳပ္က သူ႔ကုိ စာခ်ဳပ္သက္တမ္းတိုးဖုိ႔ ကမၻာ႔ဖလားၿပိဳင္ပဲြ မစခင္ကတည္းက ေဆြးေႏြးခဲ့ေပမယ့္ ဟတ္တာကူးပါးက အီဂ်စ္အသင္းရလဒ္ဆုိးေတြအေပၚ တာ၀န္ယူတဲ့အေနနဲ႔ ရာထူးက ႏုတ္ထြက္ဖုိ႔ ဆုံးျဖတ္ခဲ့တာပါ။ အီဂ်စ္ေဘာလုံးအဖဲြ႕ခ်ဳပ္က”႐ုရွားႏုိင္ငံက ျပန္လာခဲ့ၿပီးေနာက္မွာေတာ့ ကၽြန္ေတာ္တို႔ အစည္းအေ၀းျပဳလုပ္ခဲ့ၿပီး ဟတ္တာကူးပါးနဲ႔ သူ႔ရဲ႕နည္းျပအဖြဲ႕ေတြ အားလုံးကုိ ကၽြန္ေတာ္တို႔ ေက်းဇူးတင္စကားေျပာလုိပါတယ္။ ဟတ္တာကူးပါးရဲ႕ စြမ္းေဆာင္မႈေတြကို ကၽြန္ေတာ္ ေလးစားအသိအမွတ္ျပဳပါတယ္။ (၃)ႏွစ္ၾကာေ၀းကြာခဲ့တဲ့ အာဖရိကႏုိင္ငံမ်ားဖလားၿပိဳင္ပဲြကုိ ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရေစခဲ့တာ၊ (၂၈)ႏွစ္အၾကာမွာ ကမၻာ႔ဖလားၿပိဳင္ပဲြ ေျခစစ္ပဲြေအာင္ျမင္ေအာင္ စြမ္းေဆာင္ခဲ့တာေတြအတြက္ျဖစ္ပါတယ္”လုိ႔ ထုတ္ျပန္ေၾကညာခဲ့တယ္။ ဗလင္စီယာနဲ႔ အင္တာမီလန္နည္းျပေဟာင္း ဟတ္တာကူးပါးဟာ ၂၀၁၅၊ မတ္လတုန္းက အီဂ်စ္အသင္းနည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရၿပီး (၃၈)ပဲြကုိင္တြယ္ခဲ့တာမွာ (၁၉)ပဲြႏုိင္၊ (၇)ပဲြသေရ၊ (၁၂)ပဲြ႐ႈံး မွတ္တမ္းရရွိခဲ့သလုိ ၂၀၁၇ အာဖရိကႏုိင္ငံမ်ားဖလားၿပိဳင္ပဲြတုန္းက အီဂ်စ္အသင္းကုိ ဗုိလ္လုပဲြေရာက္ရွိေအာင္ ပုိ႔ေဆာင္ေပးခဲ့ပါတယ္။

REF:BBC
Photo: macmadison,Getty Images
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အီဂျစ်အသင်းနည်းပြရာထူးက နုတ်ထွက်ခဲ့တဲ့ ဟတ်တာကူးပါး Hector Cuper

အီဂျစ်အသင်းရဲ့ ဝါရင့်နည်းပြဟတ်တာကူးပါး Hector Cuper ဟာ အီဂျစ်အသင်း ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုအဆင့်ကနေ စိတ်ပျက်စရာ ရလဒ်တွေနဲ့ လှည့်ပြန်ခဲ့ရပြီးနောက် သူ့ရဲ့ရာထူးက နုတ်ထွက်သွားပြီဖြစ်ပါတယ်။ အီဂျစ်အသင်းဟာ (၂၈)နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ တစ်ကျော့ပြန် ကမ္ဘာ့ဖလားခရီးက မလှပခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းနဲ့အတူ ထင်ရှားလာတဲ့ ဆာလာ Salah က အီဂျစ်အသင်းကို ဦးဆောင်လာပေမယ့် ဒဏ်ရာပြဿနာကြောင့် ခြေစွမ်းပြနိုင်ခြင်း မရှိသလို သူ့အသင်းကလည်း ဥရုဂွေး၊ ရုရှား၊ ဆော်ဒီတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ဗလာနဲ့သာ ကမ္ဘာ့ဖလားပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။

အသက်(၆၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟတ်တာကူးပါးဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကျရင် အီဂျစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အီဂျစ်ဘောလုံးအဖွဲ့ချုပ်က သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ကမ္ဘာ့ဖလားပြိုင်ပွဲ မစခင်ကတည်းက ဆွေးနွေးခဲ့ပေမယ့် ဟတ်တာကူးပါးက အီဂျစ်အသင်းရလဒ်ဆိုးတွေအပေါ် တာဝန်ယူတဲ့အနေနဲ့ ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က”ရုရှားနိုင်ငံက ပြန်လာခဲ့ပြီးနောက်မှာတော့ ကျွန်တော်တို့ အစည်းအဝေးပြုလုပ်ခဲ့ပြီး ဟတ်တာကူးပါးနဲ့ သူ့ရဲ့နည်းပြအဖွဲ့တွေ အားလုံးကို ကျွန်တော်တို့ ကျေးဇူးတင်စကားပြောလိုပါတယ်။ ဟတ်တာကူးပါးရဲ့ စွမ်းဆောင်မှုတွေကို ကျွန်တော် လေးစားအသိအမှတ်ပြုပါတယ်။ (၃)နှစ်ကြာဝေးကွာခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရစေခဲ့တာ၊ (၂၈)နှစ်အကြာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ခဲ့တာတွေအတွက်ဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာခဲ့တယ်။ ဗလင်စီယာနဲ့ အင်တာမီလန်နည်းပြဟောင်း ဟတ်တာကူးပါးဟာ ၂၀၁၅၊ မတ်လတုန်းက အီဂျစ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး (၃၈)ပွဲကိုင်တွယ်ခဲ့တာမှာ (၁၉)ပွဲနိုင်၊ (၇)ပွဲသရေ၊ (၁၂)ပွဲရှုံး မှတ်တမ်းရရှိခဲ့သလို ၂၀၁၇ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတုန်းက အီဂျစ်အသင်းကို ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပါတယ်။

REF:BBC
Photo: macmadison,Getty Images
Naing Linn(Akhayar)
www.akhayar.com