This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အေကာင္းဆံုး ကစားသမားဆုကို လက္ခံဖုိ႔ ျငင္းဆန္ခဲ့တဲ့ အီဂ်စ္ဂိုးသမား အယ္လ္ရွီနာဝီ

ဥရုေဂြးအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ လက္စြမ္းျပခဲ့ၿပီး အေကာင္းဆံုး ကစားသမားဆု (Man of The Match) ရရွိခဲ့ေပမယ့္ အဆုိပါဆုကို အီဂ်စ္ အသင္းရဲ႕ ဂိုးသမား အယ္လ္ရွီနာဝီ El-Shenawy က လက္ခံဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို နာမည္ေက်ာ္ ဘီယာ ကုမၸဏီတစ္ခုျဖစ္တဲ့ Budweiser က စပြန္ဆာ ေပးထားတာေၾကာင့္ ဆုလက္ခံ ရယူဖို႔ ျငင္းဆန္ခဲ့တာျဖစ္ေၾကာင္း အယ္လ္ရွီနာဝီ El-Shenawy က ေျပာၾကားခဲ့ပါတယ္။

2018-FIFA-World-Cup-MOTM-Award

အစၥလာမ္ဘာသာကို ယံုၾကည္ကုိးကြယ္သူ ျဖစ္တာေၾကာင့္ ဘီယာကုမၸဏီက ေပးအပ္တဲ့ အေကာင္းဆံုး ကစားသမားဆုကို ျငင္းဆန္ခဲ့တာ ျဖစ္ပါတယ္။ အစၥလာမ္ဘာသာမွာ အရက္ေသာက္ျခင္းကို ျပင္းထန္စြာ ကန္႔ကြက္ထားတာေၾကာင့္ Budweiser က ေပးအပ္တဲ့ ဆုကိုလည္း ျငင္းဆန္ဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ေၾကာင့္ အယ္လ္ရွီနာဝီက ေျပာၾကားခဲ့ပါတယ္။

Mohamed-El-Shenawy-chose-to-reject-his-Budweiser-sponsored-MOTM-award

Mohamed-El-Shenawy-chose-to-reject-his-Budweiser-sponsored-MOTM-award

အီဂ်စ္အသင္းရဲ႕ ဂိုးသမား အယ္လ္ရွီနာဝီဟာ ဥရုေဂြးအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ နာမည္ေက်ာ္ တိုက္စစ္မွဴးေတြျဖစ္တဲ့ ဆြာရက္ဇ္ Suarez၊ ကာဗာနီ Cavani တို႔ရဲ႕ အပိုင္ကန္ခ်က္ေတြကို ကာကြယ္ႏိုင္ခဲ့ၿပီး လက္စြမ္းျပ ကာကြယ္မႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲကို စပြန္ဆာအျဖစ္ ေထာက္ပံ့ေပးေနတဲ့ အဓိက ကုမၸဏီေတြထဲမွာ Budweiser လည္း ပါဝင္ေနတာ ျဖစ္ပါတယ္။ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲကို အစၥလာမ္တိုင္းျပည္ေတြျဖစ္တဲ့ အီဂ်စ္၊ ေဆာ္ဒီအာေရဗ်၊ ေမာ္ရိုကို၊ အီရန္၊ တူနီးရွား၊ ဆီနီေဂါနဲ႔ ႏိုက္ဂ်ီးရီးယား ႏိုင္ငံေတြ ပါဝင္ယွဥ္ၿပိဳင္ေနတာ ျဖစ္ပါတယ္။

REF:Daily Mail
Photo:Daily Mail, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အကောင်းဆုံး ကစားသမားဆုကို လက်ခံဖို့ ငြင်းဆန်ခဲ့တဲ့ အီဂျစ်ဂိုးသမား အယ်လ်ရှီနာဝီ

ဥရုဂွေးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် လက်စွမ်းပြခဲ့ပြီး အကောင်းဆုံး ကစားသမားဆု (Man of The Match) ရရှိခဲ့ပေမယ့် အဆိုပါဆုကို အီဂျစ် အသင်းရဲ့ ဂိုးသမား အယ်လ်ရှီနာဝီ El-Shenawy က လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို နာမည်ကျော် ဘီယာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Budweiser က စပွန်ဆာ ပေးထားတာကြောင့် ဆုလက်ခံ ရယူဖို့ ငြင်းဆန်ခဲ့တာဖြစ်ကြောင်း အယ်လ်ရှီနာဝီ El-Shenawy က ပြောကြားခဲ့ပါတယ်။

2018-FIFA-World-Cup-MOTM-Award

အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်သူ ဖြစ်တာကြောင့် ဘီယာကုမ္ပဏီက ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုကို ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာမှာ အရက်သောက်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ထားတာကြောင့် Budweiser က ပေးအပ်တဲ့ ဆုကိုလည်း ငြင်းဆန်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင့် အယ်လ်ရှီနာဝီက ပြောကြားခဲ့ပါတယ်။

Mohamed-El-Shenawy-chose-to-reject-his-Budweiser-sponsored-MOTM-award

Mohamed-El-Shenawy-chose-to-reject-his-Budweiser-sponsored-MOTM-award

အီဂျစ်အသင်းရဲ့ ဂိုးသမား အယ်လ်ရှီနာဝီဟာ ဥရုဂွေးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ နာမည်ကျော် တိုက်စစ်မှူးတွေဖြစ်တဲ့ ဆွာရက်ဇ် Suarez၊ ကာဗာနီ Cavani တို့ရဲ့ အပိုင်ကန်ချက်တွေကို ကာကွယ်နိုင်ခဲ့ပြီး လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပွန်ဆာအဖြစ် ထောက်ပံ့ပေးနေတဲ့ အဓိက ကုမ္ပဏီတွေထဲမှာ Budweiser လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အစ္စလာမ်တိုင်းပြည်တွေဖြစ်တဲ့ အီဂျစ်၊ ဆော်ဒီအာရေဗျ၊ မော်ရိုကို၊ အီရန်၊ တူနီးရှား၊ ဆီနီဂေါနဲ့ နိုက်ဂျီးရီးယား နိုင်ငံတွေ ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

REF:Daily Mail
Photo:Daily Mail, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com