[Zawgyi]

အီဂ်စ္အသင္းရဲ႕နည္းျပရာထူးကို ရယူခဲ့တဲ႔ အဂီြရီ Aguirre

အီဂ်စ္္အသင္းဟာ အခုရက္ပိုင္းအတြင္းမွာပဲ အေျပာင္းအလဲေလးေတြ ျဖစ္ေပၚခဲ့ပါတယ္။ ၿပီးခဲ့တဲ႔ ရက္ပိုင္း က ဘယ္လ္ဂ်ီယံအသင္းရဲ႕လက္ေထာက္နည္းျပအြန္နရီ Henry ကို အသင္း ရဲ႕နည္းျပရာထူး အတြက္ သေဘာတူညီမွ ရရိွခဲ့ျပီလို႔သတင္းေတြထြက္ေပၚခဲ့တာပါ။ လက္ရိွအခ်ိန္မွာေတာ႔ အီဂ်စ္ အသင္းဟာ နည္းၿပသစ္အျဖစ္ နည္းၿပ အဂီြရီ Aguirre ကိုခန္႔အပ္ခဲ႔ပါတယ္။

၂၀၁၈ ကမၻာ႔ဖလားျပိဳင္္ပြဲမွာေတာ႔ အီဂ်စ္္အသင္းကို နည္းျပဟတ္တာကူးပါး Hector Cuper က တာ၀န္ယူကိုင္တြယ္ခဲ႔ျပီး ၿပိဳင္ပြဲကေန အီဂ်စ္္အသင္းဟာရမွတ္မရိွ ႏိုင္ပြဲမရိွပဲနဲ႔ထြက္ခြာခဲ႔ရတာပါ။ ဒီလိုအေနအထားေတြေၾကာင္႔အီဂ်စ္္အသင္းတာ၀န္ရိွသူေတြကအသင္းကိုအေျပာင္းအလဲၿပဳလုပ္ခဲ့တာၿဖစ္ျပီး နည္းၿပ အဂီြရီ Aguirre ကို (၄)ႏွစ္စာခ်ုပ္နဲ႔ခန္႔အပ္္ခဲ႔တာပဲျဖစ္ပါတယ္။

Aguirre

Aguirre

လက္ရိွအခ်ိန္မွာအသက္(၅၉)ႏွစ္အရြယ္ရိွျပီျဖစ္သူ နည္းၿပအဂီြရီAguirreဟာ နည္းျပအၿဖစ္အသင္းေပါင္းမ်ားစြာကို တာ၀န္ယူကိုင္တြယ္ခဲ႔သူျဖစ္ျပီး ဒီအထဲမွာ မကၠဆီကို၊ အိုဆာဆူနာ ၊ အက္သလက္တီကို ၊ ဇာရာဂိုဇာ ၊ အက္စပန္ညိဳ ၊ ဂ်ပန္ အသင္းေတြကအပါအ၀င္ ပဲျဖစ္္ပါတယ္။ နည္းၿပ အဂီြရီ Aguirre ဟာ မကၠဆီကိုအသင္းကိုကိုင္တြယ္စဥ္က ေအာင္ျမင္မႈေတြရရိွေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ႔သူျဖစ္ျပီး ၂၀၀၉ ကြန္ကာကပ္ ေရႊဖလားဆုကိုရယူေပးႏိုင္ခဲ႔သလို ၂၀၀၂ နဲ႔ ၂၀၁၀ ကမၻာ႔ဖလားျပိဳင္္ပြဲမွာလည္း ၁၆ သင္းရံႈးထြက္အဆင္႔ထိေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ႔ပါတယ္။

မကၠဆီကိုအသင္းကိုေအာင္ျမင္မႈေတြရရိွေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ႔တဲ႔ နည္းၿပ အဂီြရီ Aguirre အေနနဲ႔ အသင္းသစ္ အီဂ်စ္အသင္းမွာလည္း ေအာင္ျမင္မႈေတြရရိွေအာင္စြမ္းေဆာင္ေပးႏိုင္မလား ဆိုတာကိုေတာ႔ ဆက္လက္ေစာင္႔ၾကည္႔သြားၾက ရမ်ာပဲျဖစ္ပါတယ္။

REF: BBC SPORTS
Photo: SB Nation
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အီဂျစ်အသင်းရဲ့နည်းပြရာထူးကို ရယူခဲ့တဲ့ အဂွီရီ Aguirre

အီဂျစ်အသင်းဟာ အခုရက်ပိုင်းအတွင်းမှာပဲ အပြောင်းအလဲလေးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက် ပိုင်း က ဘယ်လ်ဂျီယံအသင်းရဲ့လက်ထောက်နည်းပြအွန်နရီ Henry ကို အသင်း ရဲ့နည်းပြရာထူး အတွက် သဘောတူညီမှ ရရှိခဲ့ပြီလို့သတင်းတွေထွက်ပေါ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အီဂျစ် အသင်းဟာ နည်းပြသစ်အဖြစ် နည်းပြ အဂွီရီ Aguirre ကိုခန့်အပ်ခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အီဂျစ်အသင်းကို နည်းပြဟတ်တာကူးပါး Hector Cuper က တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲကနေ အီဂျစ်အသင်းဟာရမှတ်မရှိ နိုင်ပွဲမရှိပဲနဲ့ထွက်ခွာခဲ့ရတာပါ။ ဒီလိုအနေအထားတွေကြောင့်အီဂျစ်အသင်းတာဝန်ရှိသူတွေကအသင်းကိုအပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပြီး နည်းပြ အဂွီရီ Aguirre ကို (၄)နှစ်စာချုပ်နဲ့ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။

Aguirre

Aguirre

လက်ရှိအချိန်မှာအသက်(၅၉)နှစ်အရွယ်ရှိပြီဖြစ်သူနည်းပြအဂွီရီAguirreဟာနည်းပြအဖြစ်အသင်းပေါင်းများစွာကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ဒီအထဲမှာ မက္ကဆီကို၊ အိုဆာဆူနာ ၊ အက်သလက်တီကို ၊ ဇာရာဂိုဇာ ၊ အက်စပန်ညို ၊ ဂျပန် အသင်းတွေကအပါအဝင် ပဲဖြစ်ပါတယ်။ နည်းပြ အဂွီရီ Aguirre ဟာ မက္ကဆီကိုအသင်းကိုကိုင်တွယ်စဉ်က အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ၂၀၀၉ ကွန်ကာကပ် ရွှေဖလားဆုကိုရယူပေးနိုင်ခဲ့သလို ၂၀၀၂ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၁၆ သင်းရှုံးထွက်အဆင့်ထိရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။

မက္ကဆီကိုအသင်းကိုအောင်မြင်မှုတွေရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ အဂွီရီ Aguirre အနေနဲ့ အသင်းသစ် အီဂျစ်အသင်းမှာလည်း အောင်မြင်မှုတွေရရှိအောင်စွမ်းဆောင်ပေးနိုင်မလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားကြ ရမျာပဲဖြစ်ပါတယ်။

REF: BBC SPORTS
Photo: SB Nation
Ko Kyue(Akhayar)
www.akhayar.com