အရပ္ (၆) လက္မ ပုိရွည္လာေစမယ့္ နည္းလမ္း (၆) ခ်က္

6 Effective Tips To Grow 6 Inches Taller
6 Effective Tips To Grow 6 Inches Taller

[Zawgyi]

အရပ္ (၆) လက္မ ပုိရွည္လာေစမယ့္ နည္းလမ္း (၆) ခ်က္

အရပ္အေမာင္းဆုိတာ မ်ိဳးရုိးဗီဇအေပၚ ၆ဝရာခုိင္ႏႈန္းမွ ၈ဝရာခုိင္ႏႈန္းအထိ သက္ေရာက္မႈရွိၿပီး ပတ္ဝန္းက်င္သက္ေရာက္မႈ (ဥပမာ – အာဟာရ) အေပၚ ၂ဝရာခုိင္ႏႈန္းမွ ၄ဝရာခုိင္ႏႈန္းအထိ သက္ေရာက္ႏုိင္ပါတယ္။ အဲဒီေတာ့ မ်ိဳးရုိးဗီဇက အရပ္ပုလာေပမယ့္ သင့္တင့္ေလ်ာက္ပတ္တဲ့ ေလ့က်င့္မႈမ်ိဳး လုပ္ေပးႏုိင္ရင္ အနည္းငယ္အရပ္ပုိရွည္ႏုိင္တဲ့သေဘာပါပဲ။

အေနာက္တုိင္းေတြမွာ ၅ေပ၁ဝလက္မကုိ ပုံမွန္အရပ္အျမင့္လု႔ိ သတ္မွတ္ၾကေပမယ့္ အာရွတုိက္မွာေတာ့ ၅ေပ၇လက္မေလာက္ဆုိ မဆုိးလွပါဘူး။ မိန္းကေလးေတြအေနနဲ႔ ၁၉ႏွစ္အရြယ္ထိ အရပ္ရွည္ႏုိင္ၿပီးေတာ့ အဲဒီထက္ေက်ာ္သြားရင္ေတာ့ အရပ္ရွည္တာ ရပ္တန္႔သြားပါၿပီ။ ေယာက္်ားေလးေတြက ၂၂ႏွစ္အရြယ္ထိ အရပ္ဆက္ရွည္ႏုိင္ပါတယ္။ အခုေဆာင္းပါးမွာေတာ့ အရပ္ရွည္နုိင္ေသးတဲ့ အသက္ (၂၂) ေအာက္သူေတြကုိသာ ရည္ရြယ္ထားပါတယ္။ အသက္ (၁၆) ႏွစ္ေက်ာ္လာေပမယ့္ အရပ္အျမင့္က ၅ေပေလာက္ပဲရွိေသးတယ္ဆုိရင္ အခုေဆာင္းပါးက အသုံးဝင္မွာပါ။

၁။ အစားအေသာက္ ဂရုစို္က္ပါ။

အရပ္အေမာင္းဆုိတာ Human Growth Hormone (HGH) ေဟာမုန္းအေပၚမွာလည္း မူတည္ပါတယ္။ HGH ေဟာမုန္းက ခႏၶာကုိယ္ႀကီးမားဖြံ႕ၿဖိဳးဖုိ႔နဲ႔ ၾကြက္သားသန္စြမ္းဖုိ႔ အဓိကလုပ္ေဆာင္ေပးပါတယ္။ ဒါ့ေၾကာင့္ HGH ေဟာမုန္းကုိ အားေကာင္းေစတဲ့ အစားအေသာက္ေတြကုိ သုံးေဆာင္မယ္ဆုိရင္ အရပ္ပုိရွည္လာမွာပါ။ အသားဓာတ္ (Protein) ၾကြယ္ဝတဲ့ အစားအစာ (ႏြားႏုိ႔၊ ၾကက္ဥ၊ ငါးနဲ႔ ေပါင္မုန္႔) ၊ သတၳဳဓာတ္ၾကြယ္ဝတဲ့ အစားအစာ (ကုိက္လန္၊ မုန္လာဥနဲ႔ ဒိန္ခဲ) နဲ႔ ဗီတာမင္ဓာတ္ၾကြယ္ဝတဲ့ အစားအစာ (မုန္လာဥနီ၊ ကန္စြန္းဥ) ေတြအျပင္ အမဲသား၊ ေကြကာအုတ္နဲ႔ ပဲအမ်ိဳးမ်ိဳးကုိ စားသုံးရမွာပါ။ တစ္ေန႔ကုိ ႏြားႏုိ႔ ၂ခြက္ (သုိ႔) ၃ခြက္ ေသာက္သုံးတာက အေကာင္းဆုံးအရပ္ရွည္ေဆးပါ။ အရပ္ရွည္ခ်င္တယ္ဆုိရင္ မနက္စာကုိ မျဖစ္မေန စာသုံးသင့္ပါတယ္။ မနက္စာ လြတ္သြားတယ္ဆုိရင္ ခႏၶာကုိယ္ဇီဝစနစ္ကုိ ထိခုိက္ေစတဲ့အတြက္ ႀကီးထြားမႈကုိ အဟန္႔အတားျဖစ္ပါတယ္။

၂။ မူးယစ္ေဆးဝါးနဲ႔ အရက္ေသစာ မသုံးပါနဲ႔။

ဆယ္ေက်ာ္သက္အရြယ္မွာ အဆီအဆိမ့္ေတြ စားတာနဲ႔ အရက္ေသာက္တာက HGH ေဟာမုန္းကုိ အဟန္႔အတားျဖစ္ေစဖုိ႔ အရပ္ပုရတဲ့ အေၾကာင္းအရင္းတစ္ခုပါပဲ။ ၿပီးေတာ့ ေဆးလိပ္ေသာက္တာကလည္း အရပ္ျမင့္မားမႈကုိ ထိခုိက္ေစျပန္ပါတယ္။ အရပ္ရွည္ခ်င္ရင္ ေကာ္ဖီအလြန္အကြ်ံမေသာက္သင့္ပါဘူး။

အရပ္အေမာင္း ကြာျခားခ်က္
အရပ္အေမာင္း ကြာျခားခ်က္

၃။ အိပ္ေရးဝဝအိပ္စက္ပါ။

ဆယ္ေက်ာ္သက္အရြယ္မွာ သားသမီးေတြကုိ အိပ္ေရးဝ အိပ္စက္ေစသင့္တယ္။ တစ္ေန႔မွာ အိပ္ခ်ိန္ ၉နာရီမွ ၁၁နာရီထိ အိပ္စက္ႏုိင္ရင္ အေကာင္းဆုံးပဲ။ အိပ္စက္ခ်ိန္မွာ HGH ေဟာမုန္းေတြကုိ ခႏၶာကုိယ္ႀကီးထြားဖြံ႕ၿဖိဳးဖုိ႔ အေကာင္းဆုံးေထာက္ပံ့ေပးႏုိင္ပါတယ္။ မိဘေတြအေနနဲ႔ သားသမီးေတြကုိ အိပ္ခ်ိန္ျပည့္ေအာင္ အေကာင္းဆုံးထိန္းေက်ာင္းေပးသင့္တယ္။ ည၉နာရီေလာက္မွာ အိပ္ရာဝင္ၿပီး မနက္၆နာရီခြဲမွာ ထႏုိင္ရင္ အေကာင္းဆုံးပါပဲ။

၄။ ကုိယ္ခံအားေကာင္းေအာင္ ျပင္ဆင္ထားပါ။

၁၃ႏွစ္၊ ၁၄ႏွစ္အရြယ္က အရပ္ရွည္ဖုိ႔ အေကာင္းဆုံးအရြယ္ပါပဲ။ ဒီအခ်ိန္ေတြမွာ မက်န္းမာတဲ့အခါမွာ အရပ္အေမာင္းဟာ ရွည္သင့္သေလာက္ မရွည္ေတာ့ဘူး။ အဲဒီေတာ့ ဒီအခ်ိန္မွာ က်န္းမာေရးေကာင္းေအာင္ ေနဖုိ႔ပဲ။ အဖ်ားေရာဂါကအစ တျခားျပင္ပေရာဂါေတြကုိ မဝင္ႏုိင္ေအာင္ လုပ္ထားသင့္တယ္။ ဗီတင္မင္စီ အားေကာင္းတဲ့ အစားအစာ (လိေမၼာ္သီး၊ စပ်စ္သီး၊ ေရွာက္သီး) ေတြကုိလည္း စားသုံးရမွာပါ။

၅။ အားကစားလုပ္ပါ။

ပုံမွန္ေလ့က်င့္ခန္းလုပ္တာက အရပ္အေမာင္းကုိ ျမင့္မားေစပါတယ္။ ဘားဆြဲတာ၊ အိပ္ထလုပ္တာ၊ ေယာဂက်င့္တာနဲ႔ ေရကူးတာေတြက အရပ္ရွည္ေစဖုိ႔ အေကာင္းဆုံးပါပဲ။ မနက္ေစာေစာထက္ၿပီး ေျပးတာကလည္း အရပ္ရွည္ဖုိ႔ အေကာင္းဆုံးပါ။ ၿပီးေတာ့ စာသင္ခန္းမွာ ထုိင္မယ္ဆုိရင္ ခႏၶာကုိယ္ကုိ ေကြးညႊတ္မေနဘဲ တည့္တည့္မတ္မတ္ထုိင္တာက အေကာင္းဆုံးပါ။ အိပ္စက္မယ္ဆုိရင္လည္း ေကြးၿပီး မအိပ္ဘဲနဲ႔ တည့္တည့္အိပ္သင့္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္မွာ ခႏၶာကုိယ္ ဝၿဖိဳးေနရင္ အရပ္အေမာင္းနိမ့္သြားႏုိင္ပါတယ္။ ခႏၶာကုိယ္က်စ္လ်စ္ေအာင္ အားကစားပုံမွန္လုပ္ပါလုိ႔ အၾကံျပဳခ်င္ပါတယ္။

၆။ အစာခဏခဏ စားပါ။

မနက္စာ + ေန႔လယ္စာ + ညစာ (၃ခ်ိန္) ခြဲစားတာထက္ ခဏခဏစားတာက အရပ္ပုိရွည္ပါတယ္။ ဥပမာ။ တစ္ေန႔ကုိ ထမင္း (၆) ႀကိမ္ေလာက္ ခြဲစားတာမ်ိဳးက အေကာင္းဆုံးပါ။ ကုိယ့္အတြက္ အားရွိမယ္ထင္တဲ့ အစားအေသာက္ေတြကုိ ေရြးခ်ယ္စားသုံးတာက အားျဖည့္ေဆးတစ္မ်ိဳးပါ။ ၿပီးေတာ့လည္း ေရေသာက္တာက အရပ္ရွည္တာနဲ႔ တုိက္ရုိက္ပတ္သက္ေနပါတယ္။ ေရေသာက္လုိက္ရင္ အစာေၾကျခင္းကုိ ျဖစ္ေစၿပီးေတာ့ ခႏၶာကုိယ္ထဲက အဆိပ္အေတာက္ေတြကုိ အျပင္ကုိ စြန္႔ထုတ္ေစပါတယ္။ ပုံမွန္လူတစ္ေယာက္က တစ္ေန႔ကုိိ ေရ၂လီတာ လုိအပ္တယ္ဆုိေပမယ့္ ဆယ္ေက်ာ္သက္အရြယ္မွာ ေရမ်ားမ်ားေသာက္ေလ အရပ္ရွည္ဖုိ႔ အခြင့္အလမ္းမ်ားေလ ျဖစ္မွာပါ။

အခရာပရိသတ္ႀကီးေရ အခုေဖာ္ျပထားတဲ့ လမ္းညႊန္ခ်က္ (၆) ခ်က္အတုိင္း လုိက္နာမယ္ဆုိရင္ ပုံမွန္ရွိသင့္တဲ့ အရပ္အျမင့္ထက္ (၆) လက္မအထိ ပုိရွည္ႏုိင္မယ္လုိ႔ ေျပာခ်င္ပါတယ္။ ၿပီးေတာ့ အရပ္ျမင့္မားၿပီး မိသားစုအက်ိဳး၊ ႏုိင္ငံအက်ိဳးေဆာင္ရြက္ႏုိင္တဲ့ သားေကာင္း၊ သမီးငယ္ေတြ ျဖစ္ၾကပါေစလုိ႔ ဆုေတာင္းေပးလုိက္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အရပ် (၆) လက်မ ပိုရှည်လာစေမယ့် နည်းလမ်း (၆) ချက်

အရပ်အမောင်းဆိုတာ မျိုးရိုးဗီဇအပေါ် ၆ဝရာခိုင်နှုန်းမှ ၈ဝရာခိုင်နှုန်းအထိ သက်ရောက်မှုရှိပြီး ပတ်ဝန်းကျင်သက်ရောက်မှု (ဥပမာ – အာဟာရ) အပေါ် ၂ဝရာခိုင်နှုန်းမှ ၄ဝရာခိုင်နှုန်းအထိ သက်ရောက်နိုင်ပါတယ်။ အဲဒီတော့ မျိုးရိုးဗီဇက အရပ်ပုလာပေမယ့် သင့်တင့်လျောက်ပတ်တဲ့ လေ့ကျင့်မှုမျိုး လုပ်ပေးနိုင်ရင် အနည်းငယ်အရပ်ပိုရှည်နိုင်တဲ့သဘောပါပဲ။

အနောက်တိုင်းတွေမှာ ၅ပေ၁ဝလက်မကို ပုံမှန်အရပ်အမြင့်လု့ိ သတ်မှတ်ကြပေမယ့် အာရှတိုက်မှာတော့ ၅ပေ၇လက်မလောက်ဆို မဆိုးလှပါဘူး။ မိန်းကလေးတွေအနေနဲ့ ၁၉နှစ်အရွယ်ထိ အရပ်ရှည်နိုင်ပြီးတော့ အဲဒီထက်ကျော်သွားရင်တော့ အရပ်ရှည်တာ ရပ်တန့်သွားပါပြီ။ ယောက်ျားလေးတွေက ၂၂နှစ်အရွယ်ထိ အရပ်ဆက်ရှည်နိုင်ပါတယ်။ အခုဆောင်းပါးမှာတော့ အရပ်ရှည်နိုင်သေးတဲ့ အသက် (၂၂) အောက်သူတွေကိုသာ ရည်ရွယ်ထားပါတယ်။ အသက် (၁၆) နှစ်ကျော်လာပေမယ့် အရပ်အမြင့်က ၅ပေလောက်ပဲရှိသေးတယ်ဆိုရင် အခုဆောင်းပါးက အသုံးဝင်မှာပါ။

၁။ အစားအသောက် ဂရုစိုက်ပါ။

အရပ်အမောင်းဆိုတာ Human Growth Hormone (HGH) ဟောမုန်းအပေါ်မှာလည်း မူတည်ပါတယ်။ HGH ဟောမုန်းက ခန္ဓာကိုယ်ကြီးမားဖွံ့ဖြိုးဖို့နဲ့ ကြွက်သားသန်စွမ်းဖို့ အဓိကလုပ်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် HGH ဟောမုန်းကို အားကောင်းစေတဲ့ အစားအသောက်တွေကို သုံးဆောင်မယ်ဆိုရင် အရပ်ပိုရှည်လာမှာပါ။ အသားဓာတ် (Protein) ကြွယ်ဝတဲ့ အစားအစာ (နွားနို့၊ ကြက်ဥ၊ ငါးနဲ့ ပေါင်မုန့်) ၊ သတ္ထုဓာတ်ကြွယ်ဝတဲ့ အစားအစာ (ကိုက်လန်၊ မုန်လာဥနဲ့ ဒိန်ခဲ) နဲ့ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ (မုန်လာဥနီ၊ ကန်စွန်းဥ) တွေအပြင် အမဲသား၊ ကွေကာအုတ်နဲ့ ပဲအမျိုးမျိုးကို စားသုံးရမှာပါ။ တစ်နေ့ကို နွားနို့ ၂ခွက် (သို့) ၃ခွက် သောက်သုံးတာက အကောင်းဆုံးအရပ်ရှည်ဆေးပါ။ အရပ်ရှည်ချင်တယ်ဆိုရင် မနက်စာကို မဖြစ်မနေ စာသုံးသင့်ပါတယ်။ မနက်စာ လွတ်သွားတယ်ဆိုရင် ခန္ဓာကိုယ်ဇီဝစနစ်ကို ထိခိုက်စေတဲ့အတွက် ကြီးထွားမှုကို အဟန့်အတားဖြစ်ပါတယ်။

၂။ မူးယစ်ဆေးဝါးနဲ့ အရက်သေစာ မသုံးပါနဲ့။

ဆယ်ကျော်သက်အရွယ်မှာ အဆီအဆိမ့်တွေ စားတာနဲ့ အရက်သောက်တာက HGH ဟောမုန်းကို အဟန့်အတားဖြစ်စေဖို့ အရပ်ပုရတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ပြီးတော့ ဆေးလိပ်သောက်တာကလည်း အရပ်မြင့်မားမှုကို ထိခိုက်စေပြန်ပါတယ်။ အရပ်ရှည်ချင်ရင် ကော်ဖီအလွန်အကျွံမသောက်သင့်ပါဘူး။

အရပ်အမောင်း ကွာခြားချက်
အရပ်အမောင်း ကွာခြားချက်

၃။ အိပ်ရေးဝဝအိပ်စက်ပါ။

ဆယ်ကျော်သက်အရွယ်မှာ သားသမီးတွေကို အိပ်ရေးဝ အိပ်စက်စေသင့်တယ်။ တစ်နေ့မှာ အိပ်ချိန် ၉နာရီမှ ၁၁နာရီထိ အိပ်စက်နိုင်ရင် အကောင်းဆုံးပဲ။ အိပ်စက်ချိန်မှာ HGH ဟောမုန်းတွေကို ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ မိဘတွေအနေနဲ့ သားသမီးတွေကို အိပ်ချိန်ပြည့်အောင် အကောင်းဆုံးထိန်းကျောင်းပေးသင့်တယ်။ ည၉နာရီလောက်မှာ အိပ်ရာဝင်ပြီး မနက်၆နာရီခွဲမှာ ထနိုင်ရင် အကောင်းဆုံးပါပဲ။

၄။ ကိုယ်ခံအားကောင်းအောင် ပြင်ဆင်ထားပါ။

၁၃နှစ်၊ ၁၄နှစ်အရွယ်က အရပ်ရှည်ဖို့ အကောင်းဆုံးအရွယ်ပါပဲ။ ဒီအချိန်တွေမှာ မကျန်းမာတဲ့အခါမှာ အရပ်အမောင်းဟာ ရှည်သင့်သလောက် မရှည်တော့ဘူး။ အဲဒီတော့ ဒီအချိန်မှာ ကျန်းမာရေးကောင်းအောင် နေဖို့ပဲ။ အဖျားရောဂါကအစ တခြားပြင်ပရောဂါတွေကို မဝင်နိုင်အောင် လုပ်ထားသင့်တယ်။ ဗီတင်မင်စီ အားကောင်းတဲ့ အစားအစာ (လိမ္မော်သီး၊ စပျစ်သီး၊ ရှောက်သီး) တွေကိုလည်း စားသုံးရမှာပါ။

၅။ အားကစားလုပ်ပါ။

ပုံမှန်လေ့ကျင့်ခန်းလုပ်တာက အရပ်အမောင်းကို မြင့်မားစေပါတယ်။ ဘားဆွဲတာ၊ အိပ်ထလုပ်တာ၊ ယောဂကျင့်တာနဲ့ ရေကူးတာတွေက အရပ်ရှည်စေဖို့ အကောင်းဆုံးပါပဲ။ မနက်စောစောထက်ပြီး ပြေးတာကလည်း အရပ်ရှည်ဖို့ အကောင်းဆုံးပါ။ ပြီးတော့ စာသင်ခန်းမှာ ထိုင်မယ်ဆိုရင် ခန္ဓာကိုယ်ကို ကွေးညွှတ်မနေဘဲ တည့်တည့်မတ်မတ်ထိုင်တာက အကောင်းဆုံးပါ။ အိပ်စက်မယ်ဆိုရင်လည်း ကွေးပြီး မအိပ်ဘဲနဲ့ တည့်တည့်အိပ်သင့်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ခန္ဓာကိုယ် ဝဖြိုးနေရင် အရပ်အမောင်းနိမ့်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်ကျစ်လျစ်အောင် အားကစားပုံမှန်လုပ်ပါလို့ အကြံပြုချင်ပါတယ်။

၆။ အစာခဏခဏ စားပါ။

မနက်စာ + နေ့လယ်စာ + ညစာ (၃ချိန်) ခွဲစားတာထက် ခဏခဏစားတာက အရပ်ပိုရှည်ပါတယ်။ ဥပမာ။ တစ်နေ့ကို ထမင်း (၆) ကြိမ်လောက် ခွဲစားတာမျိုးက အကောင်းဆုံးပါ။ ကိုယ့်အတွက် အားရှိမယ်ထင်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးတာက အားဖြည့်ဆေးတစ်မျိုးပါ။ ပြီးတော့လည်း ရေသောက်တာက အရပ်ရှည်တာနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ရေသောက်လိုက်ရင် အစာကြေခြင်းကို ဖြစ်စေပြီးတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အပြင်ကို စွန့်ထုတ်စေပါတယ်။ ပုံမှန်လူတစ်ယောက်က တစ်နေ့ကိို ရေ၂လီတာ လိုအပ်တယ်ဆိုပေမယ့် ဆယ်ကျော်သက်အရွယ်မှာ ရေများများသောက်လေ အရပ်ရှည်ဖို့ အခွင့်အလမ်းများလေ ဖြစ်မှာပါ။

အခရာပရိသတ်ကြီးရေ အခုဖော်ပြထားတဲ့ လမ်းညွှန်ချက် (၆) ချက်အတိုင်း လိုက်နာမယ်ဆိုရင် ပုံမှန်ရှိသင့်တဲ့ အရပ်အမြင့်ထက် (၆) လက်မအထိ ပိုရှည်နိုင်မယ်လို့ ပြောချင်ပါတယ်။ ပြီးတော့ အရပ်မြင့်မားပြီး မိသားစုအကျိုး၊ နိုင်ငံအကျိုးဆောင်ရွက်နိုင်တဲ့ သားကောင်း၊ သမီးငယ်တွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com