[Zawgyi]

Kaplan Myanmar ရဲ႕ ပညာေရးေဆြးေႏြးပြဲကုိ ၾသဂုတ္လ (၄) ရက္ေန႔မွာ က်င္းပမယ္

လူတစ္ေယာက္ရဲ႕ဘဝမွာ ကုိယ္ေရြးခ်ယ္လုိက္တဲ့ တကၠသုိလ္ဟာ အနာဂတ္ခရီးလမ္းမွာ အေထာက္အပံ့ျဖစ္ေစဖုိ႔ အေရးႀကီးပါတယ္။ အရင္တုန္းကဆုိရင္ ဆရာဝန္ျဖစ္မွ အင္ဂ်င္နီယာျဖစ္မွ လူရာဝင္တယ္လုိ႔ အသုိင္းအဝုိင္းက ထင္ၾကၿပီး မိဘေတြကလည္း သူတုိ႔ရဲ႕ဆႏၵကုိ သားသမီးေတြကုိ ပုံသြင္းဖုိ႔ ႀကိဳးစားၾကပါတယ္။ ဒီေန႔ေခတ္မွာေတာ့ ကုိယ္ဝါသနာပါတဲ့ တကၠသုိလ္ကုိ ေရြးခ်ယ္တာကပဲ မွန္ကန္တဲ့ ဆုံးျဖတ္မႈျဖစ္တယ္လုိ႔ ယူဆလာၾကၿပီး ပညာေရးနဲ႔ပတ္သက္လုိ႔ လူထုက အျမင္က်ယ္လာၾကပါၿပီ။

ဆယ္တန္းေအာင္ျမင္ခါစလူငယ္ေတြအေနနဲ႔လည္း ကုိယ္ဟာ ဘယ္တကၠသုိလ္ကုိ တက္မယ္လုိ႔ မဆုံးျဖတ္ခင္မွာ တကၠသုိလ္ရဲ႕အေၾကာင္းကုိ ေသခ်ာစုံစမ္းသင့္ပါတယ္။ တကၠသုိလ္ရဲ႕ပညာေရးအခြင့္အလမ္း၊ သင္ၾကားရမယ့္ ဘာသာရပ္၊ အလုပ္အကုိင္အခြင့္အလမ္းနဲ႔ ပညာသင္ဆုေတြအေၾကာင္းကုိ ေလ့လာထားမွသာ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကုိ အေထာက္အကူျဖစ္ေစမွာပါ။ International School ေတြက IGCSE ေအာင္ျမင္ထားတဲ့ လူငယ္ေတြအတြက္လည္း အရင္တုန္းကဆုိရင္ တကၠသုိလ္ေရြးခ်ယ္တဲ့အခါမွာ ႏုိင္ငံျခားကုိပဲ သြားတက္မလား၊ ဘယ္ႏုိင္ငံကုိ သြားတက္ရမလဲဆုိတာ ဆုံးျဖတ္ရခက္လွပါတယ္။ ကမၻာေက်ာ္တကၠသုိလ္ေတြဟာ ျမန္မာႏုိင္ငံကုိ ေရာက္ရွိလာတာေၾကာင့္ ျပည္တြင္းမွာ ေနထုိင္ရင္း ႏုိင္ငံတကာအဆင့္မီဘြဲ႕ေတြကုိ အရယူႏုိင္မယ့္အခြင့္အေရးျဖစ္လာတာပါ။

အခုဆုိရင္ အေမရိကန္ႏုိင္ငံရဲ႕ နာမည္ေက်ာ္တကၠသုိလ္ျဖစ္တဲ့ Kaplan Global Education Group ဟာလည္း ျမန္မာႏုိင္ငံကုိ ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ Kaplan Global Education Group ကုိ ၁၉၃၈ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ၿပီး ႏွစ္ေပါင္း (၈ဝ) ၾကာ ေအာင္ျမင္မႈအေပါင္းနဲ႔ ရပ္တည္လာခဲ့တဲ့ ပညာေရးအဖြဲ႕အစည္းႀကီးျဖစ္ပါတယ္။ ႏုိင္ငံေပါင္း (၃ဝ) ေက်ာ္မွာ ေက်ာင္းခြဲေပါင္း (၄ဝဝ) ေက်ာ္ ဖြင့္လွစ္ထားၿပီး သမုိင္းေၾကာင္းခုိင္မာတဲ့ ပညာေရးအဖြဲ႕အစည္းဟာ Kaplan Myanmar University College (KMUC) ေက်ာင္းခြဲကုိ ျမန္မာႏုိင္ငံမွာလည္း ဖြင့္လွစ္လုိက္ပါၿပီ။ ဒါ့အျပင္ Kaplan Myanmar University College ဟာ သင္ၾကားေရးသုေတသနနဲ႔ အလုပ္အကုိင္ရရွိမႈ အခြင့္အလမ္းေတြမွာ ေက်ာ္ေစာထင္ရွားတဲ့ ၾသစေတးလ်ႏုိင္ငံ အေျခစုိက္ Murdoch University နဲ႔ အဂၤလန္ႏုိင္ငံအေျခစုိက္ Teesside University တုိ႔နဲ႔လည္း ခ်ိတ္ဆက္ၿပီး စီးပြားေရးဒီဂရီဘြဲ႕ေတြနဲ႔ MBA ဘြဲ႕ေတြကုိလည္း ေပးအပ္ေနပါတယ္။

Murdoch University ကုိ ၁၉၇၅ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး ႏွစ္ေပါင္း (၅ဝ) သက္တမ္းရွိတဲ့ ကမၻာ့အေကာင္းဆုံးတကၠသုိလ္ (၇ဝ) ထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ (၈၅) ႏုိင္ငံေက်ာ္မွာ ေက်ာင္းသားေပါင္း (၂၃,ဝဝဝ) ေက်ာ္ တက္ေရာက္ေနၿပီး ဝန္ထမ္းေပါင္းႏွစ္ေထာင္ေက်ာ္နဲ႔ ေထာက္ပံ့ေပးထားပါတယ္။

အဂၤလန္ႏုိင္ငံ အေျခစုိက္ Teesside University ဟာဆုိရင္လည္း ၁၉၃ဝခုႏွစ္ကတည္းက တည္ေထာင္ခဲ့ၿပီး ေဝလမင္းသား Edward VIII ကုိယ္တုိင္ ဖြင့္လွစ္ေပးခဲ့တယ္။ ကမၻာ့ပညာေရးသမုိင္းေၾကာင္းမွာ (၈၅) ႏွစ္ေက်ာ္ၾကာေအာင္ ထည္ထည္ဝါဝါရပ္တည္ခဲ့တဲ့ တကၠသုိလ္တစ္ခုျဖစ္ပါတယ္။ အဂၤလန္ႏုိင္ငံ မစ္ဒယ္ဘေရာ့ၿမိဳ႕လယ္မွာ ခန္႔ခန္႔ညားညားတည္ရွိၿပီး ဝန္ထမ္းေပါင္း (၂,၃၅၅) ဦးနဲ႔ ေထာက္ပံ့ေပးထားပါတယ္။ နယ္ပယ္အသီးသီးမွာ ထူးခြ်န္ေျပာင္ေျမာက္တဲ့ လူငယ္ေတြကုိ ေမြးထုတ္ႏုိင္ခဲ့တဲ့အတြက္ ၂ဝဝ၉ခုႏွစ္မွာ University of the Year နဲ႔ Outstanding Employer Engagement Initiative ဆုတံဆိပ္ေတြ ရရွိခဲ့ပါတယ္။

ဒါ့အျပင္ UK ႏုိင္ငံရဲ႕ ထိပ္တန္းတကၠသုိလ္ (၂၅) ခုထဲမွာလည္း အပါအဝင္ပဲျဖစ္ပါတယ္။ ကမၻာ့အေကာင္းဆုံးတကၠသုိလ္စာရင္းရဲ႕  ထိပ္ဆုံး (၁ဝ) ရာခုိင္ႏႈန္းမွာ စာရင္းဝင္ေနျပန္ပါတယ္။

ကုိယ္တက္မယ့္ တကၠသုိလ္ကုိ ေရြးခ်ယ္ရခက္ေနတဲ့ လူငယ္ေမာင္မယ္ေတြအတြက္ ပုိမုိေကာင္းမြန္တဲ့ အနာဂတ္ကုိ ပုိင္ဆုိင္ႏုိင္ေစဖုိ႔ ရည္ရြယ္ၿပီး Kaplan Myanmar University College က ပညာေရးေဆြးေႏြးပြဲႀကီးကုိ ၾသဂုတ္လ ၄ရက္ေန႔ (စေနေန႔) မွာ က်င္းပေတာ့မွာျဖစ္ပါတယ္။ ျပည္တြင္းျပည္ပ ပညာေရးလမ္းေၾကာင္း၊ ပညာေရးလမ္းေၾကာင္းမွတဆင့္ အလုပ္အကုိင္အခြင့္အလမ္း၊ သင္ၾကားေပးမယ့္ ဘာသာရပ္၊ ပညာသင္ဆုနဲ႔ Exchange Programme ေတြအေၾကာင္းကုိ Kaplan Myanmar ရဲ႕ Principal ျဖစ္တဲ့ မခုိင္ခုိင္လင္းက ေဟာေျပာသြားမွာျဖစ္ပါတယ္။

 

ခုိင္မာၿပီး စိတ္ခ်ယုံၾကည္ရတဲ့ ပညာေရးအဖြဲ႕အစည္းဆုိတာ ဘာလဲ၊ Kaplan Myanmar ကသင္ၾကားေပးမယ့္ Global Business က ဘယ္လိုမ်ားလဲနဲ႔ University Direct Partner ခ်ိတ္ဆက္ထားမႈေတြကုိ ရွင္းျပသြားမွာျဖစ္တဲ့အတြက္ ေဆြးေႏြးပြဲကုိ ဆယ္တန္းေအာင္ျမင္ၿပီးခါစ လူငယ္ေတြအျပင္ IGCSE ေအာင္ျမင္ထားတဲ့ ေမာင္မယ္ေတြလည္း တက္ေရာက္သင့္ရုံမက MBA တက္မယ့္သူေတြပါ ေလ့လာသင့္ပါတယ္။

ေန႔ရက္ – ၾသဂုတ္လ ၄ရက္ ၊ စေနေန႔

အခ်ိန္   – မနက္ (၁၀) နာရီမွ ေန႔လယ္ (၁၂) နာရီအထိ

ေနရာ – Kaplan Myanmar University College (KMUC Campus) ၊ အမွတ္ (၆/A) ၊ ဝဂၢီရိပ္သာလမ္း၊ ကမာရြတ္ၿမိဳ႕ နယ္၊ ရန္ကုန္ၿမိဳ႕

Kaplan Myanmar University College ရဲ႕ ပညာေရးေဆြးေႏြးပြဲႀကီးကုိ စိတ္ဝင္စားရင္ေတာ့ ဒီလင့္ခ္မွာ စာရင္းေပးႏုိင္တဲ့အျပင္ Kaplan Myanmar University College ရဲ႕ Hot Line နံပါတ္ 09777 63 6000 နဲ႔ 09777 68 6000 ေတြမွာလည္း အေသးစိတ္ဆက္သြယ္စုံစမ္းႏုိင္ပါတယ္။

အခရာ (www.akhayar.com)

[Unicode]

Kaplan Myanmar ရဲ့ ပညာရေးဆွေးနွေးပွဲကို သြဂုတ်လ (၄) ရက်နေ့မှာ ကျင်းပမယ်

လူတစ်ယောက်ရဲ့ဘဝမှာ ကိုယ်ရွေးချယ်လိုက်တဲ့ တက္ကသိုလ်ဟာ အနာဂတ်ခရီးလမ်းမှာ အထောက်အပံ့ဖြစ်စေဖို့ အရေးကြီးပါတယ်။ အရင်တုန်းကဆိုရင် ဆရာဝန်ဖြစ်မှ အင်ဂျင်နီယာဖြစ်မှ လူရာဝင်တယ်လို့ အသိုင်းအဝိုင်းက ထင်ကြပြီး မိဘတွေကလည်း သူတို့ရဲ့ဆန္ဒကို သားသမီးတွေကို ပုံသွင်းဖို့ ကြိုးစားကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ကိုယ်ဝါသနာပါတဲ့ တက္ကသိုလ်ကို ရွေးချယ်တာကပဲ မှန်ကန်တဲ့ ဆုံးဖြတ်မှုဖြစ်တယ်လို့ ယူဆလာကြပြီး ပညာရေးနဲ့ပတ်သက်လို့ လူထုက အမြင်ကျယ်လာကြပါပြီ။

ဆယ်တန်းအောင်မြင်ခါစလူငယ်တွေအနေနဲ့လည်း ကိုယ်ဟာ ဘယ်တက္ကသိုလ်ကို တက်မယ်လို့ မဆုံးဖြတ်ခင်မှာ တက္ကသိုလ်ရဲ့အကြောင်းကို သေချာစုံစမ်းသင့်ပါတယ်။ တက္ကသိုလ်ရဲ့ပညာရေးအခွင့်အလမ်း၊ သင်ကြားရမယ့် ဘာသာရပ်၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပညာသင်ဆုတွေအကြောင်းကို လေ့လာထားမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို အထောက်အကူဖြစ်စေမှာပါ။ International School တွေက IGCSE အောင်မြင်ထားတဲ့ လူငယ်တွေအတွက်လည်း အရင်တုန်းကဆိုရင် တက္ကသိုလ်ရွေးချယ်တဲ့အခါမှာ နိုင်ငံခြားကိုပဲ သွားတက်မလား၊ ဘယ်နိုင်ငံကို သွားတက်ရမလဲဆိုတာ ဆုံးဖြတ်ရခက်လှပါတယ်။ ကမ္ဘာကျော်တက္ကသိုလ်တွေဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတာကြောင့် ပြည်တွင်းမှာ နေထိုင်ရင်း နိုင်ငံတကာအဆင့်မီဘွဲ့တွေကို အရယူနိုင်မယ့်အခွင့်အရေးဖြစ်လာတာပါ။

အခုဆိုရင် အမေရိကန်နိုင်ငံရဲ့ နာမည်ကျော်တက္ကသိုလ်ဖြစ်တဲ့ Kaplan Global Education Group ဟာလည်း မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Kaplan Global Education Group ကို ၁၉၃၈ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၈ဝ) ကြာ အောင်မြင်မှုအပေါင်းနဲ့ ရပ်တည်လာခဲ့တဲ့ ပညာရေးအဖွဲ့အစည်းကြီးဖြစ်ပါတယ်။ နိုင်ငံပေါင်း (၃ဝ) ကျော်မှာ ကျောင်းခွဲပေါင်း (၄ဝဝ) ကျော် ဖွင့်လှစ်ထားပြီး သမိုင်းကြောင်းခိုင်မာတဲ့ ပညာရေးအဖွဲ့အစည်းဟာ Kaplan Myanmar University College (KMUC) ကျောင်းခွဲကို မြန်မာနိုင်ငံမှာလည်း ဖွင့်လှစ်လိုက်ပါပြီ။ ဒါ့အပြင် Kaplan Myanmar University College ဟာ သင်ကြားရေးသုတေသနနဲ့ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းတွေမှာ ကျော်စောထင်ရှားတဲ့ သြစတေးလျနိုင်ငံ အခြေစိုက် Murdoch University နဲ့ အင်္ဂလန်နိုင်ငံအခြေစိုက် Teesside University တို့နဲ့လည်း ချိတ်ဆက်ပြီး စီးပွားရေးဒီဂရီဘွဲ့တွေနဲ့ MBA ဘွဲ့တွေကိုလည်း ပေးအပ်နေပါတယ်။

Murdoch University ကို ၁၉၇၅ခုနှစ်မှာ တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၅ဝ) သက်တမ်းရှိတဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၇ဝ) ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ (၈၅) နိုင်ငံကျော်မှာ ကျောင်းသားပေါင်း (၂၃,ဝဝဝ) ကျော် တက်ရောက်နေပြီး ဝန်ထမ်းပေါင်းနှစ်ထောင်ကျော်နဲ့ ထောက်ပံ့ပေးထားပါတယ်။

အင်္ဂလန်နိုင်ငံ အခြေစိုက် Teesside University ဟာဆိုရင်လည်း ၁၉၃ဝခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး ဝေလမင်းသား Edward VIII ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တယ်။ ကမ္ဘာ့ပညာရေးသမိုင်းကြောင်းမှာ (၈၅) နှစ်ကျော်ကြာအောင် ထည်ထည်ဝါဝါရပ်တည်ခဲ့တဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ မစ်ဒယ်ဘရော့မြို့လယ်မှာ ခန့်ခန့်ညားညားတည်ရှိပြီး ဝန်ထမ်းပေါင်း (၂,၃၅၅) ဦးနဲ့ ထောက်ပံ့ပေးထားပါတယ်။ နယ်ပယ်အသီးသီးမှာ ထူးချွန်ပြောင်မြောက်တဲ့ လူငယ်တွေကို မွေးထုတ်နိုင်ခဲ့တဲ့အတွက် ၂ဝဝ၉ခုနှစ်မှာ University of the Year နဲ့ Outstanding Employer Engagement Initiative ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။

ဒါ့အပြင် UK နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် (၂၅) ခုထဲမှာလည်း အပါအဝင်ပဲဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာရင်းရဲ့  ထိပ်ဆုံး (၁ဝ) ရာခိုင်နှုန်းမှာ စာရင်းဝင်နေပြန်ပါတယ်။

ကိုယ်တက်မယ့် တက္ကသိုလ်ကို ရွေးချယ်ရခက်နေတဲ့ လူငယ်မောင်မယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်စေဖို့ ရည်ရွယ်ပြီး Kaplan Myanmar University College က ပညာရေးဆွေးနွေးပွဲကြီးကို သြဂုတ်လ ၄ရက်နေ့ (စနေနေ့) မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ပညာရေးလမ်းကြောင်း၊ ပညာရေးလမ်းကြောင်းမှတဆင့် အလုပ်အကိုင်အခွင့်အလမ်း၊ သင်ကြားပေးမယ့် ဘာသာရပ်၊ ပညာသင်ဆုနဲ့ Exchange Programme တွေအကြောင်းကို Kaplan Myanmar ရဲ့ Principal ဖြစ်တဲ့ မခိုင်ခိုင်လင်းက ဟောပြောသွားမှာဖြစ်ပါတယ်။

 

ခိုင်မာပြီး စိတ်ချယုံကြည်ရတဲ့ ပညာရေးအဖွဲ့အစည်းဆိုတာ ဘာလဲ၊ Kaplan Myanmar ကသင်ကြားပေးမယ့် Global Business က ဘယ်လိုများလဲနဲ့ University Direct Partner ချိတ်ဆက်ထားမှုတွေကို ရှင်းပြသွားမှာဖြစ်တဲ့အတွက် ဆွေးနွေးပွဲကို ဆယ်တန်းအောင်မြင်ပြီးခါစ လူငယ်တွေအပြင် IGCSE အောင်မြင်ထားတဲ့ မောင်မယ်တွေလည်း တက်ရောက်သင့်ရုံမက MBA တက်မယ့်သူတွေပါ လေ့လာသင့်ပါတယ်။

နေ့ရက် – သြဂုတ်လ ၄ရက် ၊ စနေနေ့

အချိန်   – မနက် (၁၀) နာရီမှ နေ့လယ် (၁၂) နာရီအထိ

နေရာ – Kaplan Myanmar University College (KMUC Campus) ၊ အမှတ် (၆/A) ၊ ဝဂ္ဂီရိပ်သာလမ်း၊ ကမာရွတ်မြို့ နယ်၊ ရန်ကုန်မြို့

Kaplan Myanmar University College ရဲ့ ပညာရေးဆွေးနွေးပွဲကြီးကို စိတ်ဝင်စားရင်တော့ ဒီလင့်ခ်မှာ စာရင်းပေးနိုင်တဲ့အပြင် Kaplan Myanmar University College ရဲ့ Hot Line နံပါတ် 09777 63 6000 နဲ့ 09777 68 6000 တွေမှာလည်း အသေးစိတ်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

အခရာ (www.akhayar.com)