[Zawgyi]



Ederson1

Ederson1



Benfica
Taça de Portugal: 2016–17
Taça da Liga: 2015–16

Manchester City
Premier League: 2017–18
EFL Cup: 2017–18

Aung Kyaw Wai(Akhayar)
www.akhayar.com

 [Unicode]

မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဂိုးသမား အီဒါဆန် Ederson

ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ်အပြီးမှာ မန်စီတီးအသင်းနဲ့ ဂိုးသမား အီဒါဆန် Ederson တို့ စာချုပ်သက်တမ်း ထပ်မံ တိုးမြှင့်ခဲ့ကြောင်း သိရပါတယ်။ ရာသီအစက ဘင်ဖီကာအသင်းကနေ မန်စီးတီးအသင်းကို ပေါင် (၃၅)သန်းနဲ့ ပေါင်းရွှေ့လာခဲ့ပြီး မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် ဆုဖလားရရှိအောက် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့တဲ့ ဂိုးသမားတစ်ဦးဖြစ်ပါတယ်။ အီဒါဆန်ဟာ (၆)နှစ် စာချုပ်နဲ့ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ (၅)နှစ် စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် မန်စီးတီးအသင်း တာဝန်ရှိသူတွေက အီဒါဆန်ကို အသင်းမှာ ကာလရှည် ဆက်ရှိနေဖို့ ဆန္ဒရှိနေတာကြောင့် (၂)နှစ် သက်တမ်း ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Ederson1

Ederson1

စာချုပ်သစ်အရ အီဒါဆန်ဟာ (၂၀၂၅)ခုနှစ်အထိ မန်စီးတီးအသင်းမှာ ဆက်ရှိတော့မှာ ဖြစ်ပါတယ်။ အီဒါဆန်က “ပြိုင်ပွဲအားလုံးကို အနိုင်ရဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်၊ ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ မန်စီးတီးဂျာစီကို ဝတ်ဆင်ဝတ်ဆင်ပြီး ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့က ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

အီဒါဆန် ကစားသမားဘဝ ရရှိခဲ့သော ဆုဖလားများ

Benfica
Primeira Liga: 2015–16, 2016–17
Taça de Portugal: 2016–17
Taça da Liga: 2015–16

Manchester City
Premier League: 2017–18
EFL Cup: 2017–18

REF:Daily Mail, Wikipedia
Photo:Manchester City Twitter, Daily Mail
Aung Kyaw Wai(Akhayar)
www.akhayar.com