[Zawgyi]

Hazard ကုိ လက္ေလွ်ာ႔ၿပီး Courtois ကုိသာ အာ႐ုံစုိက္ႀကိဳးပမ္းသြားဖုိ႔ရွိေနတဲ့ ရီးယဲလ္

လာလီဂါထိပ္သီး ရီးယဲလ္ Real Madrid အသငး္ဟာ ကာလရွည္ပစ္မွတ္ထားေနတဲ့ ခ်ယ္လ္ဆီး Chelsea ေတာင္ပံကစားသမား ဟာဇက္ Hazard ကုိ လက္ေလွ်ာ႔ၿပီး ဂုိးသမား ေကာ္တုိအာ Courtois ကုိပဲ အဓိက ပစ္မွတ္ထား ႀကိဳးပမ္းသြားဖုိ႔ရွိေနပါၿပီ။ ရီးယဲလ္အသင္းက သူတို႔ရဲ႕ အဓိက တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကုိ ဂ်ဴဗင္တပ္စ္အသင္းဆီ ေရာင္းခ်ခဲ့ၿပီးတဲ့ေနာက္ ထိပ္သီးကစားသမားတစ္ဦးနဲ႔ ျပန္အစားထုိးဖုိ႔ စီစဥ္ေနတာျဖစ္ၿပီး ဟာဇက္ကုိ ေခၚယူဖုိ႔ ႀကိဳးပမ္းခဲ့ပါတယ္။ ဟာဇက္ကုိယ္တိုင္ကလည္း ရီးယဲလ္အသင္းဆီ ေျပာင္းေရႊ႕ဖုိ႔ ဆႏၵရွိခဲ့ၿပီး ခ်ယ္လ္ဆီးအသင္းနဲ႔ လမ္းခဲြရင္ သူေျပာင္းေရႊ႕မယ့္အသငး္က ရီးယဲလ္လုိ႔ ဖြင့္ဟ၀န္ခံခဲ့ဖူးတယ္။

Hazard-and-Courtois-

Hazard-and-Courtois-

ဒါေပမဲ့ ခ်ယ္လ္ဆီးအသင္းက ဟာဇက္ကုိ လြယ္လြယ္နဲ႔လက္လႊတ္လုိျခင္းမရွိဘဲ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း(၂၀၀)နီးပါးအထိရမွ ေရာင္းခ်မယ္လုိ႔ ေလသံပစ္ခဲ့တာေၾကာင့္ ရီးယဲလ္အသင္းက ဟာဇက္ကုိ လက္ေလွ်ာ႔ၿပီး ဂုိးသမား ေကာ္တိုအာ Courtois ကုိပဲ အာ႐ုံစုိက္ ႀကိဳးပမ္းသြားဖုိ႔ ျပင္ဆင္ေနတာပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အသက္(၂၇)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဟာဇက္ဟာ လာမယ့္ႏွစ္ေတြဆုိရင္ သူ႔ရဲ႕တန္ဖုိးက ထက္၀က္ေလာက္အထိ က်ဆင္းသြားဖုိ႔ရွိေနတာေၾကာင့္ ရီးယဲလ္အသင္းက ဟာဇက္အတြက္ ေငြအမ်ားႀကီး အသုံးျပဳရမွာကုိ လက္တြန္႔ေနပုံပါပဲ။ စပိန္မီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရလည္း ရီးယဲလ္အသင္းနည္းျပ လုိပယ္တက္ဂီ Lopetegui ဟာ အစၥကုိ Isco ကုိ ေနရာပုိေပးသြားဖုိ႔ရွိေနတာေၾကာင့္ ဟာဇက္ရဲ႕အေျပာင္းအေရႊ႕က မေသခ်ာဘဲျဖစ္သြားခဲ့ရပါတယ္။

courtois-

courtois-

အခုျဖစ္ႏုိင္ေျခအရွိဆုံး ဟာဇက္ထက္ ေကာ္တိုအာရဲ႕အေျပာင္းအေရႊ႕ျဖစ္ေနၿပီး ၿပီးခဲ့တဲ့ရက္ပုိင္းတုန္းက ေကာ္တိုအာနဲ႔ ရီးယဲလ္အသင္းတို႔ အေျပာင္းအေရႊ႕ သေဘာတူညီမႈရခဲ့ၿပီလုိ႔ေတာင္ သတင္းေတြထြက္ခဲ့တယ္။ ေကာ္တုိအာဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ (၁)ႏွစ္စာခ်ဳပ္သာက်န္ရွိေတာ့ၿပီး စာခ်ဳပ္သက္တမ္းတိုးမယ့္အေနအထားမရွိလုိ႔ ခ်ယ္လ္ဆီးအသငး္ကလည္း သူ႔ေနရာမွာ အစားထုိးမယ့္ ဂုိးသမားတစ္ဦးရရင္ ရီးယဲလ္အသင္းဆီေရာင္းခ်သြားဖုိ႔ ရွိေနတယ္။ ကဲ ..ပရိသတ္ႀကီးေရ ..လာမယ့္ရာသီသစ္က်ရင္ ရီးယဲလ္အသင္းရဲ႕ ဘာေနဗ်ဴးကြင္းကုိ ေျခခ်ႏုိင္မယ့္သူက ေကာ္တိုအာျဖစ္လာမလားဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္ . . .

REF:The Sun
Photo:ESPN,Getty Images,MyGhOnline.Com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Hazard ကို လက်လျှော့ပြီး Courtois ကိုသာ အာရုံစိုက်ကြိုးပမ်းသွားဖို့ရှိနေတဲ့ ရီးယဲလ်

လာလီဂါထိပ်သီး ရီးယဲလ် Real Madrid အသင်းဟာ ကာလရှည်ပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီး Chelsea တောင်ပံကစားသမား ဟာဇက် Hazard ကို လက်လျှော့ပြီး ဂိုးသမား ကော်တိုအာ Courtois ကိုပဲ အဓိက ပစ်မှတ်ထား ကြိုးပမ်းသွားဖို့ရှိနေပါပြီ။ ရီးယဲလ်အသင်းက သူတို့ရဲ့ အဓိက တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ကို ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချခဲ့ပြီးတဲ့နောက် ထိပ်သီးကစားသမားတစ်ဦးနဲ့ ပြန်အစားထိုးဖို့ စီစဉ်နေတာဖြစ်ပြီး ဟာဇက်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဟာဇက်ကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲရင် သူပြောင်းရွှေ့မယ့်အသင်းက ရီးယဲလ်လို့ ဖွင့်ဟဝန်ခံခဲ့ဖူးတယ်။

Hazard-and-Courtois-

Hazard-and-Courtois-

ဒါပေမဲ့ ချယ်လ်ဆီးအသင်းက ဟာဇက်ကို လွယ်လွယ်နဲ့လက်လွှတ်လိုခြင်းမရှိဘဲ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)နီးပါးအထိရမှ ရောင်းချမယ်လို့ လေသံပစ်ခဲ့တာကြောင့် ရီးယဲလ်အသင်းက ဟာဇက်ကို လက်လျှော့ပြီး ဂိုးသမား ကော်တိုအာ Courtois ကိုပဲ အာရုံစိုက် ကြိုးပမ်းသွားဖို့ ပြင်ဆင်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ လာမယ့်နှစ်တွေဆိုရင် သူ့ရဲ့တန်ဖိုးက ထက်ဝက်လောက်အထိ ကျဆင်းသွားဖို့ရှိနေတာကြောင့် ရီးယဲလ်အသင်းက ဟာဇက်အတွက် ငွေအများကြီး အသုံးပြုရမှာကို လက်တွန့်နေပုံပါပဲ။ စပိန်မီဒီယာတွေရဲ့ဖော်ပြချက်အရလည်း ရီးယဲလ်အသင်းနည်းပြ လိုပယ်တက်ဂီ Lopetegui ဟာ အစ္စကို Isco ကို နေရာပိုပေးသွားဖို့ရှိနေတာကြောင့် ဟာဇက်ရဲ့အပြောင်းအရွှေ့က မသေချာဘဲဖြစ်သွားခဲ့ရပါတယ်။

courtois-

courtois-

အခုဖြစ်နိုင်ခြေအရှိဆုံး ဟာဇက်ထက် ကော်တိုအာရဲ့အပြောင်းအရွှေ့ဖြစ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကော်တိုအာနဲ့ ရီးယဲလ်အသင်းတို့ အပြောင်းအရွှေ့ သဘောတူညီမှုရခဲ့ပြီလို့တောင် သတင်းတွေထွက်ခဲ့တယ်။ ကော်တိုအာဟာ ချယ်လ်ဆီးအသင်းနဲ့ (၁)နှစ်စာချုပ်သာကျန်ရှိတော့ပြီး စာချုပ်သက်တမ်းတိုးမယ့်အနေအထားမရှိလို့ ချယ်လ်ဆီးအသင်းကလည်း သူ့နေရာမှာ အစားထိုးမယ့် ဂိုးသမားတစ်ဦးရရင် ရီးယဲလ်အသင်းဆီရောင်းချသွားဖို့ ရှိနေတယ်။ ကဲ ..ပရိသတ်ကြီးရေ ..လာမယ့်ရာသီသစ်ကျရင် ရီးယဲလ်အသင်းရဲ့ ဘာနေဗျူးကွင်းကို ခြေချနိုင်မယ့်သူက ကော်တိုအာဖြစ်လာမလားဆိုတာ စောင့်ကြည့်လိုက်ရအောင် . . .

REF:The Sun
Photo:ESPN,Getty Images,MyGhOnline.Com
Naing Linn(Akhayar)
www.akhayar.com