[Zawgyi]
Sarri-and-Hazard
Sarri-and-Hazard
Ref: BBC Sport
Ko Kyue(Akhayar)
www.akhayar.com
[Unicode]
ဟာဇက် Hazard ရဲ့ အနေအထားကို ပြောကြားခဲ့တဲ့ နည်းပြ ဆာရီ Sarri
ချယ်လ်ဆီးအသင်းရဲ့ နည်းပြဆာရီ Sarri ဟာ ဒီရာသီမှာတော့ ဟာဇက် Hazard ဟာ အသင်းမှာရှိနေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းဟာ ဟာဇက် Hazard ကိုခေါ်ယူဖို့ ကာလရှည်ပစ်မှတ်ထားနေတာဖြစ်ပြီး စပိန်မြေက အပြောင်းအရွှေ့ကာလဟာ သြဂုတ်(၃၁)ရက်နေ့မှပိတ်သိမ်းမှာ ဖြစ်တာကြောင့် ဆာရီ Sarri ဟာ အခုလိုပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဟာဇက် Hazard ကို တစ်ပတ်လုပ်ခပေါင်(၃)သိန်းနဲ့ လစာတိုးကမ်းလှမ်းထားပေမယ့် ဟာဇက် Hazard က ဒီအခြေအနေအပေါ် ဘာမှတုံပြန်ထားခြင်းမရှိသေးပါဘူး။
Sarri-and-Hazard
Sarri-and-Hazard
ဆာရီ Sarri က ” ဟာဇက် Hazard လို အဆင့်အတန်းရှိတဲ့ ကစားသမားမျိုး မခေါ်နိုင်သေးချိန်မှာ ဟာဇက် Hazard ကိုရောင်းထုတ်သွားမှာမဟုတ်ပါဘူး။ ဟာဇက် Hazard ဟာ ကျွန်တော်တို့နဲ့အတူ တစ်ရာသီလုံးရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ ဟာဇက် Hazard ဟာ မိနစ်(၅၀) ဒါမှမဟုတ် မိနစ်(၆၀)လောက်အတွက်ပဲ အဆင့်သင့်ရှိနေတယ်လို့ ထင်ပါတယ်။ မိနစ်(၉၀)လုံးအတွက်တော့ မပြောတတ်ပါဘူး။ဒါပေမယ့် သူပွဲထွက်ပါဝင်နိုင်နေပါပြီ ” လို့ပြောကြားခဲ့ပါတယ်။
Ref: BBC Sport
Photo: SOCCERINFOMANIA , Goal.com
Ko Kyue(Akhayar)
www.akhayar.com