[Zawgyi]

ဆံပင္နီေၾကာင္ေၾကာင္ေကာင္ေလးမွသည္ ကမာၻေက်ာ္အဆိုေတာ္ Ed Sheeran အျဖစ္ဆီသုိ႔

Ed Sheeran လို႔ ဆုိလိုက္တာနဲ႔ ဆံပင္နီေၾကာင္ေၾကာင္နဲ႔ ရိုးသားတဲ့ မ်က္ႏွာပိုင္ရွင္၊ “Photograph” နဲ႔ ‘Perfect” လို သီခ်င္းေကာင္းေကာင္းေလးေတြရဲ့ ဖန္တီးရွင္ကို ေျပးျမင္ၾကမွာပါ။ လူတိုင္းလိုပါပဲ သူ႔ရဲ့ ေအာင္ျမင္မႈဆီသြားရာလမ္းဟာ မေခ်ာေမြ႔ခဲ့ဘဲ အခက္အခဲေတြ၊ အႏုိင္က်င့္ခံရမႈေတြ၊ စိတ္မလံုျခံဳမႈေတြကို ျဖတ္သန္းျပီးမွ ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္လာခဲ့တာပါ။

သူ႔လို လွပတဲ့ အသံပိုိင္ရွင္ရဲ့ သီခ်င္းေတြကို ကၽြန္ေတာ္တို႔ နားေထာင္လို႔ ရတဲ့ ေနရာထိေရာက္လာဖို႔ ျဖတ္သန္းလာခဲ့ရတဲ့ လမ္းေတြကို ဒီလို ေျပာျပခ်င္ပါတယ္။

ဂီတဟာ သူ႔ဘဝရဲ့ ပထမဆံုးခ်စ္မက္ျမတ္ႏုိးရာပါ

Ed Sheeran လို႔ ေခၚတဲ့ Edward Christopher Sheeran ကို အဂၤလန္ႏုိင္ငံ Halifax အရပ္မွာ ၁၉၉၁ ခုႏွစ္ ေဖေဖာ္ဝါရီလက ေမြးဖြားခဲ့ပါတယ္။ သူ႔အထက္မွာ အကို တစ္ေယာက္ရွိျပီးေတာ့  သူ႔မိဘေတြဟာ အႏုပညာအၾကံေပးလုပ္ငန္းနဲ႔ အသက္ေမြးၾကတာေပါ့။

Sheeran ရဲ့ ငယ္ဘဝမွာ မေအာင္ျမင္တဲ့ ခြဲစိတ္မႈတစ္ခုၾကံဳခဲ့ရျပီး အဲ့ဒါေၾကာင့္ပဲ အျမင္အာရံုမႈန္ဝါးတဲ့ ဒဏ္နဲ႔ စကားေျပာရာမွာ ေႏွးေကြးတဲ့ ဒဏ္ကို ခံခဲ့ရပါတယ္။ ဒီလို စကားေျပာရင္ ထံု႔ပိုင္း ထံု႔ပိုင္းျဖစ္ေနလို႔ပဲ ငယ္ဘဝမွာ အႏုိင္က်င့္မႈေတြခံခဲ့ရလို႔ အတန္းထဲမွာ စကားသိပ္မေျပာေတာ့တဲ့အထိပါပဲ။

ဒီလို လူမႈဆက္ဆံေရးမွာ အဆင္မေျပတဲ့ Sheeran ေလးရဲ့ ထြက္ေပါက္ဟာ ဂီတျဖစ္ခဲ့ျပီး ဘုရားေက်ာင္းမွာ သီခ်င္းဆိုတာ မျပတ္ခဲ့သလို အခန္းပိတ္ျပီး ဂစ္တာတီးက်င့္ေနတာမ်ိဳးေတြပဲ လုပ္ေနပါေတာ့တယ္။ စကားေျပာသြက္ေစတဲ့ ကုထံုးေတြကလည္း သူ႔အတြက္ အလုပ္မျဖစ္ခဲ့ပါဘူး။

ဂီတဘဝအစ

ဒါေပမယ့္ သူ႔အသက္ ၁၀ နွစ္ေလာက္မွာ သူ႔အေဖက သူ႔အတြက္ Eminem ရဲ့ CD တစ္ခ်ပ္ဝယ္လာေပးတဲ့အခါမွာေတာ့ သူ႔အတြက္ ဒီ Rapper ၾကီး ဒီေလာက္ Rap ျမန္ျမန္ရြတ္ႏုိင္တာကို အံ့ၾသတၾကီးျဖစ္ခဲ့ရပါတယ္။ အဲ့ဒီတစ္ေခြလံုးက စကားလံုးေတြကို အျပန္ျပန္အလွန္လွန္ေလ့လာျပီးတဲ့အခါမွာေတာ့ သူ႔ကုိယ္ပုိင္စကားလံုးေတြနဲ႔ ကုိယ္ပိုင္သံစဥ္ေတြ ဖန္တီးဖို႔ ဥာဏ္အလင္းပြင့္ျပီး ေတာက္ေလွ်ာက္ သီခ်င္းေတြ ခ်ေရးေတာ့တာပါပဲ။

ဂီတဆိုတဲ့ ေဆးကို ေတြ႔သြားတဲ့အခါမွာေတာ့ စကားထစ္တာ၊ ေႏွးတာေတြလည္း တျဖည္းျဖည္းနဲ႔ သူ႔အလိုလိုေပ်ာက္သြားခဲ့ပါေတာ့တယ္။ ဒါနဲ႔ပဲ ဂီတဟာ သူ႔ဘဝလို႔ သိသြားတဲ့ Sheeran ဟာ တစ္ပတ္ကို ရႈိး ၁၂ ခုေလာက္ လိုက္တီးခတ္ေဖ်ာ္ေျဖခဲ့ပါတယ္။

ဘဝက ၾကမ္းတဲ့အခါ…

အသက္ ၁၄ ႏွစ္ေလာက္မွာေတာ့ ဂီတာတစ္လံုးပိုက္၊ အဝတ္နည္းနည္းထည့္ျပီး သူ႔အတြက္ အခြင့္အလမ္းပိုရွိႏုိင္တဲ့ လန္ဒန္ျမိဳ႕ၾကီးဆီကို ေရာက္လာခဲ့ပါတယ္။ လာသာလာခဲ့ရတယ္၊ နားခိုစရာ အိမ္မရွိတဲ့ Sheeran တစ္ေယာက္ဟာျဖင့္ ခံုတန္းေတြ၊ တစ္ခါတေလ ပန္းျခံထဲ၊ တစ္ခါတေလလည္း ေျမေအာက္ဘူတာရံုထဲမွာ အိပ္စက္တဲ့နည္းနဲ႔ သူ႔ရဲ့ ညေတြကို ေျဖရွင္းခဲ့ရသူပါ။ အိပ္စရာခက္ရတဲ့အထဲ စားစရာဝယ္ဖို႔ ပိုက္ဆံပါ မရွိတဲ့ေန႔ေတြဆိုရင္ေတာ့ သူ႔ေမွ်ာ္လင့္ခ်က္ေတြကို အရႈံးေပးလုနီးပါးအထိ ျဖစ္ခဲ့ေပမယ့္ သူကေတာ့ ၾကံ့ၾက့ံခံရင္ဆုိင္ျပီး လံုးဝအရႈံးမေပးခဲ့ပါဘူး။

လန္ဒန္ျမိဳ႕ၾကီးမွာ ၾကံဳရာ ေဖ်ာ္ေျဖရင္း သီခ်င္းေတြ ဆက္ေရးရင္း၊ အဲဒီမွာေနတဲ့ ေတာက္ေလွ်ာက္ သိလာတဲ့ အျခားဝါသနာရွင္အဆိုရွင္ေတြနဲ႔ သီခ်င္းတြဲဆိုရင္း ေရြးခ်ယ္ရာလမ္းကို ဆက္ေလွ်ာက္ေနခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ၂၀၀၉ ခုႏွစ္မွာတင္ သူေဖ်ာ္ေျဖခဲ့တဲ့ ရႈိးပြဲေပါင္း ၃၀၀ ေက်ာ္ခဲ့တာေပ့ါ။

လူမႈကြန္ရက္ေတြရဲ့ ေခတ္ဆိုေတာ့လည္း..

ဒီလို ၾကိဳးစားခဲ့ေပမယ့္ ၂၀၁၀ ခုႏွစ္္က်ေတာ့မွ လူမႈကြန္ရက္ေတြဟာ Ed Sheeran ရဲ့ ေအာင္ျမင္မႈဆီ သြားရာလမ္းကို ျမန္ျမန္ေရာက္ေအာင္ တြန္းအားေပးခဲ့ပါတယ္။ သူ အြန္လိုင္းကို လြႊင့္တင္ထားတဲ့ သီခ်င္းတစ္ပုဒ္ကို Rapper တစ္ေယာက္က သတိျပဳမိျပီး သူနဲ႔တူတူ Tour လွည့္လည္ေဖ်ာ္ေျဖဖို႔ ဖိတ္ေခၚခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွ သူ႔ရဲ့ YouTube ဗြီဒီယိုေတြကို ကမာၻတဝွမ္းက ၾကည့္သူေတြပါ ရွိလာျပီး သူ႔ရဲ့ ဂီတာလက္သံနဲ႔ ဆြဲေဆာင္အားေကာင္းတဲ့ အသံအေၾကာင္း နယ္ခံသတင္းစာေတြမွာေတာင္ ေဖာ္ျပလာၾကပါတယ္။ ဒီမွာတင္ Ed Sheeran က ရပ္မေနေသးဘဲ သူ႔အိပ္မက္ေတြ ပိုျပီး ၾကီးၾကီးမက္ဖို႔ အေမရိကားကို ေျပာင္းေရႊ႕ခဲ့ပါေတာ့တယ္။

သူ႔ကို ပထမဆံုးေဖးမအားေပးခဲ့တဲ့ ဆယ္လီေတြက ဘယ္သူေတြလဲ

သူ အေမရိကန္ႏုိင္ငံ ၊ LA ကို ေရာက္လာတုန္းက သူ႔မွာ ေနစရာလည္း မရွိသလို ဘယ္ဓာတ္ျပားတိုက္နဲ႔မွ စာခ်ဳပ္ခ်ဳပ္ထားျခင္းလည္း မရွိပါဘူး။ သူ႔သီခ်င္းေတြကို ဟုိလူ႔ဆီကိုပို႔၊ ဒီလူ႔ဆီကိုပို႔ လုပ္ခဲ့ေပမယ့္ ဘယ္သူ႔ဆီကမွ အေၾကာင္းျပန္မလာလို႔ စိတ္ပ်က္လက္ပ်က္ေပ့ါ။ ဒါေပမယ့္ တစ္ေန႔မွာတာ့ ေဒသခံေရဒီယိုရႈိးတစ္ခုမွာ သူေဖ်ာ္ေျဖခြင့္ရခဲ့ပါတယ္။ အစပထမပိုင္းေတာ့ ပရိသတ္က စိမ္းေနေပမယ့္ ေဖ်ာ္ေျဖမႈ ၁၂ မိနစ္ေလာက္ၾကာတဲ့အခ်ိန္မွာေတာ့ သူ႔ေဘးမွာ ပရိသတ္ေတြ ဝိုင္းေနပါျပီ။

Ed Sheeran နဲ႔ Jamie foxx

အဲ့ဒီေရဒီယိုရႈိးရဲ့ တင္ဆက္သူကေတာ့ Jamie Foxx ျဖစ္ျပီး Sheeran ရဲ့ ေဖ်ာ္ေျဖမႈကို အရမး္သေဘာက်သြားတဲ့အတြက္ သူ႔ရဲ့ စတူဒီယုိကို Recording အတြက္ ေပးသံုးခဲ့သလို သူ႔အိမ္မွာလည္း ရက္သတၱပတ္အနည္းငယ္ ေနေစခဲ့ပါတယ္။

ေအာင္ျမင္မႈရဲ့ အစ

ေနာက္ပိုင္းမွာေတာ့ Atlantic Records နဲ႔ အလုပ္အတူလုပ္ဖို႔ ဖိတ္ေခၚခံရျပီး သူ႔ရဲ့ ပြဲဦးထြက္ Album “+” ကို ထုတ္ေဝခဲ့ရာမွာ ယူေကမွာ ဒုတိယအေရာင္းရဆံုး အယ္လ္ဘမ္ျဖစ္လာခဲ့ပါတယ္။ ဒီလို ေပါက္ျပီးတဲ့အခါမွာေတာ့ One Direction နဲ႔ Taylor Swift တို႔နဲ႔လည္း သီခ်င္းတြဲလုပ္ခြင့္ရခဲ့ပါတယ္။

ေနာက္တစ္ေခြျဖစ္တဲ့ “x” ၂၀၁၄ ခုႏွစ္က ထြက္လာတဲအခါမွာလည္း US မွာေရာ UK မွာေရာ နံပါတ္ (၁) တန္းျဖစ္ခဲ့ေတာ့တာပါပဲ။ ၂၀၁၆ ခုႏွစ္မွာေတာ့ “Thinking Out Loud” နဲ႔ တစ္ႏွစ္အတြင္း အေကာင္းဆံုးသီခ်င္းဆုရရွိခဲ့ပါတယ္။

သူ႔ဆီက ဘာေတြ ရလိုက္သလဲ

Ed Sheeran ရဲ့ ခရီးၾကမ္းက ဘာကို ေျပာေနသလဲဆိုေတာ့ ဘယ္ေလာက္ပဲ ကေလးဘဝက အႏွိမ္ခံ၊ အစခံျဖစ္ျဖစ္၊ ေမွ်ာ္လင့္ခ်က္အတြက္ အငတ္ငတ္အျပတ္ျပတ္ပဲ ျဖစ္ျဖစ္ ရည္ရြယ္တဲ့လမ္းကို ဆက္ေလွ်ာက္ေနဖို႔ပါပဲ။ သူ႔ပံုစံနဲ႔ ေအာင္ျမင္တဲ့အဆုိေတာ္ျဖစ္မလာႏုိင္ဘူးလို႔ အထင္ခံခဲ့ရေပမယ့္ လူေတြရဲ့ ထင္ျမင္ခ်က္ေတြထက္ ကိုယ့္ကိုယ္ကုိ ယံုၾကည္မႈကို ပိုတန္ဖိုးထားပါ။

ရႏုိင္သမွ် အခြင့္အလမ္းကို ဖမ္းဆုပ္ျပီး အဆံုးတစ္ေန႔မွာေတာ့ ေအာင္ျမင္မႈဆုိတာ မလြဲမေသြရွိလာမွာလို႔ သူက ေျပာျပေနခဲ့ပါတယ္။

ရိုးလူ (Akhayar)

www.akhayar.com

Ref : www.goalcast.com

[Unicode]

ဆံပင်နီကြောင်ကြောင် ကောင်လေးမှသည် ကမ္ဘာကျော်အဆိုတော် Ed Sheeran အဖြစ်ဆီသို့

Ed Sheeran လို့ ဆိုလိုက်တာနဲ့ ဆံပင်နီကြောင်ကြောင်နဲ့ ရိုးသားတဲ့ မျက်နှာပိုင်ရှင်၊ “Photograph” နဲ့ ‘Perfect” လို သီချင်းကောင်းကောင်းလေးတွေရဲ့ ဖန်တီးရှင်ကို ပြေးမြင်ကြမှာပါ။ လူတိုင်းလိုပါပဲ သူ့ရဲ့ အောင်မြင်မှုဆီသွားရာလမ်းဟာ မချောမွေ့ခဲ့ဘဲ အခက်အခဲတွေ၊ အနိုင်ကျင့်ခံရမှုတွေ၊ စိတ်မလုံခြုံမှုတွေကို ဖြတ်သန်းပြီးမှ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တာပါ။

သူ့လို လှပတဲ့ အသံပိုင်ရှင်ရဲ့ သီချင်းတွေကို ကျွန်တော်တို့ နားထောင်လို့ ရတဲ့ နေရာထိရောက်လာဖို့ ဖြတ်သန်းလာခဲ့ရတဲ့ လမ်းတွေကို ဒီလို ပြောပြချင်ပါတယ်။

ဂီတဟာ သူ့ဘဝရဲ့ ပထမဆုံးချစ်မက်မြတ်နိုးရာပါ

Ed Sheeran လို့ ခေါ်တဲ့ Edward Christopher Sheeran ကို အင်္ဂလန်နိုင်ငံ Halifax အရပ်မှာ ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလက မွေးဖွားခဲ့ပါတယ်။ သူ့အထက်မှာ အကို တစ်ယောက်ရှိပြီးတော့  သူ့မိဘတွေဟာ အနုပညာအကြံပေးလုပ်ငန်းနဲ့ အသက်မွေးကြတာပေါ့။

Sheeran ရဲ့ ငယ်ဘဝမှာ မအောင်မြင်တဲ့ ခွဲစိတ်မှုတစ်ခုကြုံခဲ့ရပြီး အဲ့ဒါကြောင့်ပဲ အမြင်အာရုံမှုန်ဝါးတဲ့ ဒဏ်နဲ့ စကားပြောရာမှာ နှေးကွေးတဲ့ ဒဏ်ကို ခံခဲ့ရပါတယ်။ ဒီလို စကားပြောရင် ထုံ့ပိုင်း ထုံ့ပိုင်းဖြစ်နေလို့ပဲ ငယ်ဘဝမှာ အနိုင်ကျင့်မှုတွေခံခဲ့ရလို့ အတန်းထဲမှာ စကားသိပ်မပြောတော့တဲ့အထိပါပဲ။

ဒီလို လူမှုဆက်ဆံရေးမှာ အဆင်မပြေတဲ့ Sheeran လေးရဲ့ ထွက်ပေါက်ဟာ ဂီတဖြစ်ခဲ့ပြီး ဘုရားကျောင်းမှာ သီချင်းဆိုတာ မပြတ်ခဲ့သလို အခန်းပိတ်ပြီး ဂစ်တာတီးကျင့်နေတာမျိုးတွေပဲ လုပ်နေပါတော့တယ်။ စကားပြောသွက်စေတဲ့ ကုထုံးတွေကလည်း သူ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး။

ဂီတဘဝအစ

ဒါပေမယ့် သူ့အသက် ၁၀ နှစ်လောက်မှာ သူ့အဖေက သူ့အတွက် Eminem ရဲ့ CD တစ်ချပ်ဝယ်လာပေးတဲ့အခါမှာတော့ သူ့အတွက် ဒီ Rapper ကြီး ဒီလောက် Rap မြန်မြန်ရွတ်နိုင်တာကို အံ့သြတကြီးဖြစ်ခဲ့ရပါတယ်။ အဲ့ဒီတစ်ခွေလုံးက စကားလုံးတွေကို အပြန်ပြန်အလှန်လှန်လေ့လာပြီးတဲ့အခါမှာတော့ သူ့ကိုယ်ပိုင်စကားလုံးတွေနဲ့ ကိုယ်ပိုင်သံစဉ်တွေ ဖန်တီးဖို့ ဉာဏ်အလင်းပွင့်ပြီး တောက်လျှောက် သီချင်းတွေ ချရေးတော့တာပါပဲ။

ဂီတဆိုတဲ့ ဆေးကို တွေ့သွားတဲ့အခါမှာတော့ စကားထစ်တာ၊ နှေးတာတွေလည်း တဖြည်းဖြည်းနဲ့ သူ့အလိုလိုပျောက်သွားခဲ့ပါတော့တယ်။ ဒါနဲ့ပဲ ဂီတဟာ သူ့ဘဝလို့ သိသွားတဲ့ Sheeran ဟာ တစ်ပတ်ကို ရှိုး ၁၂ ခုလောက် လိုက်တီးခတ်ဖျော်ဖြေခဲ့ပါတယ်။

ဘဝက ကြမ်းတဲ့အခါ…

အသက် ၁၄ နှစ်လောက်မှာတော့ ဂီတာတစ်လုံးပိုက်၊ အဝတ်နည်းနည်းထည့်ပြီး သူ့အတွက် အခွင့်အလမ်းပိုရှိနိုင်တဲ့ လန်ဒန်မြို့ကြီးဆီကို ရောက်လာခဲ့ပါတယ်။ လာသာလာခဲ့ရတယ်၊ နားခိုစရာ အိမ်မရှိတဲ့ Sheeran တစ်ယောက်ဟာဖြင့် ခုံတန်းတွေ၊ တစ်ခါတလေ ပန်းခြံထဲ၊ တစ်ခါတလေလည်း မြေအောက်ဘူတာရုံထဲမှာ အိပ်စက်တဲ့နည်းနဲ့ သူ့ရဲ့ ညတွေကို ဖြေရှင်းခဲ့ရသူပါ။ အိပ်စရာခက်ရတဲ့အထဲ စားစရာဝယ်ဖို့ ပိုက်ဆံပါ မရှိတဲ့နေ့တွေဆိုရင်တော့ သူ့မျှော်လင့်ချက်တွေကို အရှုံးပေးလုနီးပါးအထိ ဖြစ်ခဲ့ပေမယ့် သူကတော့ ကြံ့ကြံ့ခံရင်ဆိုင်ပြီး လုံးဝအရှုံးမပေးခဲ့ပါဘူး။

လန်ဒန်မြို့ကြီးမှာ ကြုံရာ ဖျော်ဖြေရင်း သီချင်းတွေ ဆက်ရေးရင်း၊ အဲဒီမှာနေတဲ့ တောက်လျှောက် သိလာတဲ့ အခြားဝါသနာရှင်အဆိုရှင်တွေနဲ့ သီချင်းတွဲဆိုရင်း ရွေးချယ်ရာလမ်းကို ဆက်လျှောက်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ ၂၀၀၉ ခုနှစ်မှာတင် သူဖျော်ဖြေခဲ့တဲ့ ရှိုးပွဲပေါင်း ၃၀၀ ကျော်ခဲ့တာပေ့ါ။

လူမှုကွန်ရက်တွေရဲ့ ခေတ်ဆိုတော့လည်း..

ဒီလို ကြိုးစားခဲ့ပေမယ့် ၂၀၁၀ ခုနှစ်ကျတော့မှ လူမှုကွန်ရက်တွေဟာ Ed Sheeran ရဲ့ အောင်မြင်မှုဆီ သွားရာလမ်းကို မြန်မြန်ရောက်အောင် တွန်းအားပေးခဲ့ပါတယ်။ သူ အွန်လိုင်းကို လွှင့်တင်ထားတဲ့ သီချင်းတစ်ပုဒ်ကို Rapper တစ်ယောက်က သတိပြုမိပြီး သူနဲ့တူတူ Tour လှည့်လည်ဖျော်ဖြေဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှ သူ့ရဲ့ YouTube ဗွီဒီယိုတွေကို ကမ္ဘာတဝှမ်းက ကြည့်သူတွေပါ ရှိလာပြီး သူ့ရဲ့ ဂီတာလက်သံနဲ့ ဆွဲဆောင်အားကောင်းတဲ့ အသံအကြောင်း နယ်ခံသတင်းစာတွေမှာတောင် ဖော်ပြလာကြပါတယ်။ ဒီမှာတင် Ed Sheeran က ရပ်မနေသေးဘဲ သူ့အိပ်မက်တွေ ပိုပြီး ကြီးကြီးမက်ဖို့ အမေရိကားကို ပြောင်းရွှေ့ခဲ့ပါတော့တယ်။

သူ့ကို ပထမဆုံးဖေးမအားပေးခဲ့တဲ့ ဆယ်လီတွေက ဘယ်သူတွေလဲ

သူ အမေရိကန်နိုင်ငံ ၊ LA ကို ရောက်လာတုန်းက သူ့မှာ နေစရာလည်း မရှိသလို ဘယ်ဓာတ်ပြားတိုက်နဲ့မှ စာချုပ်ချုပ်ထားခြင်းလည်း မရှိပါဘူး။ သူ့သီချင်းတွေကို ဟိုလူ့ဆီကိုပို့၊ ဒီလူ့ဆီကိုပို့ လုပ်ခဲ့ပေမယ့် ဘယ်သူ့ဆီကမှ အကြောင်းပြန်မလာလို့ စိတ်ပျက်လက်ပျက်ပေ့ါ။ ဒါပေမယ့် တစ်နေ့မှာတာ့ ဒေသခံရေဒီယိုရှိုးတစ်ခုမှာ သူဖျော်ဖြေခွင့်ရခဲ့ပါတယ်။ အစပထမပိုင်းတော့ ပရိသတ်က စိမ်းနေပေမယ့် ဖျော်ဖြေမှု ၁၂ မိနစ်လောက်ကြာတဲ့အချိန်မှာတော့ သူ့ဘေးမှာ ပရိသတ်တွေ ဝိုင်းနေပါပြီ။

Ed Sheeran နဲ့ Jamie foxx

အဲ့ဒီရေဒီယိုရှိုးရဲ့ တင်ဆက်သူကတော့ Jamie Foxx ဖြစ်ပြီး Sheeran ရဲ့ ဖျော်ဖြေမှုကို အရမ်းသဘောကျသွားတဲ့အတွက် သူ့ရဲ့ စတူဒီယိုကို Recording အတွက် ပေးသုံးခဲ့သလို သူ့အိမ်မှာလည်း ရက်သတ္တပတ်အနည်းငယ် နေစေခဲ့ပါတယ်။

အောင်မြင်မှုရဲ့ အစ

နောက်ပိုင်းမှာတော့ Atlantic Records နဲ့ အလုပ်အတူလုပ်ဖို့ ဖိတ်ခေါ်ခံရပြီး သူ့ရဲ့ ပွဲဦးထွက် Album “+” ကို ထုတ်ဝေခဲ့ရာမှာ ယူကေမှာ ဒုတိယအရောင်းရဆုံး အယ်လ်ဘမ်ဖြစ်လာခဲ့ပါတယ်။ ဒီလို ပေါက်ပြီးတဲ့အခါမှာတော့ One Direction နဲ့ Taylor Swift တို့နဲ့လည်း သီချင်းတွဲလုပ်ခွင့်ရခဲ့ပါတယ်။

နောက်တစ်ခွေဖြစ်တဲ့ “x” ၂၀၁၄ ခုနှစ်က ထွက်လာတဲအခါမှာလည်း US မှာရော UK မှာရော နံပါတ် (၁) တန်းဖြစ်ခဲ့တော့တာပါပဲ။ ၂၀၁၆ ခုနှစ်မှာတော့ “Thinking Out Loud” နဲ့ တစ်နှစ်အတွင်း အကောင်းဆုံးသီချင်းဆုရရှိခဲ့ပါတယ်။

သူ့ဆီက ဘာတွေ ရလိုက်သလဲ

Ed Sheeran ရဲ့ ခရီးကြမ်းက ဘာကို ပြောနေသလဲဆိုတော့ ဘယ်လောက်ပဲ ကလေးဘဝက အနှိမ်ခံ၊ အစခံဖြစ်ဖြစ်၊ မျှော်လင့်ချက်အတွက် အငတ်ငတ်အပြတ်ပြတ်ပဲ ဖြစ်ဖြစ် ရည်ရွယ်တဲ့လမ်းကို ဆက်လျှောက်နေဖို့ပါပဲ။ သူ့ပုံစံနဲ့ အောင်မြင်တဲ့အဆိုတော်ဖြစ်မလာနိုင်ဘူးလို့ အထင်ခံခဲ့ရပေမယ့် လူတွေရဲ့ ထင်မြင်ချက်တွေထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပိုတန်ဖိုးထားပါ။

ရနိုင်သမျှ အခွင့်အလမ်းကို ဖမ်းဆုပ်ပြီး အဆုံးတစ်နေ့မှာတော့ အောင်မြင်မှုဆိုတာ မလွဲမသွေရှိလာမှာလို့ သူက ပြောပြနေခဲ့ပါတယ်။

ရိုးလူ (Akhayar)

www.akhayar.com

Ref : www.goalcast.com