[Zawgyi]

သီခ်င္းခိုးခ်တယ္ဆိုျပီး ေဒၚလာသန္း ၁၀၀ ေလ်ာ္ေၾကားေတာင္းခံေနရတဲ့ Ed Sheeran

Ed Sheeran ဟာ သီခ်င္းေကာင္းေလးေတြ ေရးသားဖြဲ႔သီျပီး ဂီတေလာကထဲကို ေလွ်ာက္လွမ္းလာခဲ့တာ ခုဆို ေအာင္ျမင္မႈအထြဋ္အထိပ္ကို ေရာက္ရွိေနျပီလို႔ ေျပာလို႔ရပါတယ္။ သူ႔ရဲ႕ ‘Photograph’ ၊ ‘The A Team’၊ ‘Shape of You’ နဲ႔ ‘Perfect’ စတဲ့ သီခ်င္းေကာင္းေတြ အမ်ားၾကီးဟာ ပရိသတ္ရင္ထဲ ျငိခဲ့ၾကပါတယ္။

Ed Sheeran

Ed Sheeran

အခုေတာ့ အဲဒီသီခ်င္းေကာင္းေတြထဲက တစ္ပုဒ္ျဖစ္တဲ့ ၂၀၁၄ ခုႏွစ္ထြက္ ‘Thinking Out Loud’ သီခ်င္းဟာ  အဆိုေတာ္ Marvin Gaye ရဲ့ ၁၉၇၃ က သီခ်င္းျဖစ္တဲ့ ‘Let’s Get It On’ သီခ်င္းကို ခုိးခ်တယ္ဆုိျပီး တရားရင္ဆုိင္ေနရပါတယ္။

ဒီတရားစြဲမႈကို ‘Let’s Get It On’ သီခ်င္းရဲ႕ မူပုိင္ခြင့္ ၃ ပံု ၁ ပံုကို ပိုင္ဆုိင္တဲ့ Structured Asset Sales ကုမၸဏီက ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ စြဲခ်က္အရေတာ့ Ed Sheeran ရဲ႕ သီခ်င္းမွာပါတဲ့ သံစဥ္၊ ရစ္သမ္၊ ဟာမိုနီ၊ ဒရမ္၊ ေဘ့စ္လိုင္း၊ ေနာက္ခံအသံ နဲ႔ တန္ပို စတာေတြဟာ ‘Let’s Get it On’ နဲ႔ တူေနတယ္လို႔ စြဲဆိုထားပါတယ္။

Marvin Gaye

Marvin Gaye

ဒီလို တရားစြဲခံရတာဟာ ပထမအၾကိမ္မဟုတ္ဘဲ ၂၀၁၆ ခုႏွစ္တုန္းကလည္း ဒီသီခ်င္းကိုပဲ ‘Let’s Get It On’ နဲ႔ တူတယ္ဆိုျပီး သီခ်င္းေရးဆရာက Ed Sheeran ကို တရားစြဲခဲ့တာပါ။

‘Thinking Out Loud’ သီခ်င္းဟာ စတင္ထြက္ရွိတည္းက Billboard Hot 100 Chart မွာ နံပါတ္ ၂ ေနရာထိ ေရာက္ခဲ့ျပီး ေကာ္ပီေပါင္း ၁၀ သန္းေက်ာ္ေရာင္းရလို႔ Diamond ဓာတ္ျပားအဆင့္ထိ ေရာက္ခဲ့တာပါ။ ‘Let’s Get It On’ သီခ်င္းဟာလည္း ၁၉၇၃ မွာ ထြက္ရွိတုန္းက Billboard Singles Chart မွာ ထိပ္ေရာက္ခဲ့ျပီး ပလက္တီနမ္ဓာတ္ျပားအဆင့္သတ္မွတ္ခံခဲ့ရပါတယ္။

သူတို႔ သီခ်င္း ႏွစ္ပုဒ္တူမတူ ၾကည့္ခ်င္ရင္ေတာ့ ေအာက္မွာ Marvin Gaye ရဲ႕ သီခ်င္းေရာ၊ Ed Sheeran ရဲ႕ သီခ်င္းပါ တစ္ပုဒ္ခ်င္းျပထားသလို ႏႈိင္းယွဥ္ျပီး ျပထားတဲ့ Video ေလးလည္း ၾကည့္ႏုိင္ပါတယ္။

ဒီ Video Clip ကေတာ့ သီခ်င္းအပိုင္းအစႏွစ္ခု ယွဥ္တြဲျပထားပံုပါ။

သီခ်င္းႏွစ္ပုဒ္ကို ယွဥ္ျပီး နားေထာင္လုိက္ေတာ့ အေတာ့္ကိုမွ အေတာ္ေလး ဆင္ေနသလို ခံစားရလို႔ အခရာပရိသတ္ၾကီးေရာ ဘယ္လို ထင္လဲ ေျပာျပေပးသြားပါဦး။

Yoe Lu (Akhayar)

www.akhayar.com

Ref : Business Insider, www.independent.co.uk
[Unicode]

သီချင်းခိုးချတယ်ဆိုပြီး ဒေါ်လာသန်း ၁၀၀ လျော်ကြေားတောင်းခံနေရတဲ့ Ed Sheeran

Ed Sheeran ဟာ သီချင်းကောင်းလေးတွေ ရေးသားဖွဲ့သီပြီး ဂီတလောကထဲကို လျှောက်လှမ်းလာခဲ့တာ ခုဆို အောင်မြင်မှုအထွဋ်အထိပ်ကို ရောက်ရှိနေပြီလို့ ပြောလို့ရပါတယ်။ သူ့ရဲ့ ‘Photograph’ ၊ ‘The A Team’၊ ‘Shape of You’ နဲ့ ‘Perfect’ စတဲ့ သီချင်းကောင်းတွေ အများကြီးဟာ ပရိသတ်ရင်ထဲ ငြိခဲ့ကြပါတယ်။

Ed Sheeran

Ed Sheeran

အခုတော့ အဲဒီသီချင်းကောင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ ၂၀၁၄ ခုနှစ်ထွက် ‘Thinking Out Loud’ သီချင်းဟာ  အဆိုတော် Marvin Gaye ရဲ့ ၁၉၇၃ က သီချင်းဖြစ်တဲ့ ‘Let’s Get It On’ သီချင်းကို ခိုးချတယ်ဆိုပြီး တရားရင်ဆိုင်နေရပါတယ်။

ဒီတရားစွဲမှုကို ‘Let’s Get It On’ သီချင်းရဲ့ မူပိုင်ခွင့် ၃ ပုံ ၁ ပုံကို ပိုင်ဆိုင်တဲ့ Structured Asset Sales ကုမ္ပဏီက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စွဲချက်အရတော့ Ed Sheeran ရဲ့ သီချင်းမှာပါတဲ့ သံစဉ်၊ ရစ်သမ်၊ ဟာမိုနီ၊ ဒရမ်၊ ဘေ့စ်လိုင်း၊ နောက်ခံအသံ နဲ့ တန်ပို စတာတွေဟာ ‘Let’s Get it On’ နဲ့ တူနေတယ်လို့ စွဲဆိုထားပါတယ်။

Marvin Gaye

Marvin Gaye

ဒီလို တရားစွဲခံရတာဟာ ပထမအကြိမ်မဟုတ်ဘဲ ၂၀၁၆ ခုနှစ်တုန်းကလည်း ဒီသီချင်းကိုပဲ ‘Let’s Get It On’ နဲ့ တူတယ်ဆိုပြီး သီချင်းရေးဆရာက Ed Sheeran ကို တရားစွဲခဲ့တာပါ။

‘Thinking Out Loud’ သီချင်းဟာ စတင်ထွက်ရှိတည်းက Billboard Hot 100 Chart မှာ နံပါတ် ၂ နေရာထိ ရောက်ခဲ့ပြီး ကော်ပီပေါင်း ၁၀ သန်းကျော်ရောင်းရလို့ Diamond ဓာတ်ပြားအဆင့်ထိ ရောက်ခဲ့တာပါ။ ‘Let’s Get It On’ သီချင်းဟာလည်း ၁၉၇၃ မှာ ထွက်ရှိတုန်းက Billboard Singles Chart မှာ ထိပ်ရောက်ခဲ့ပြီး ပလက်တီနမ်ဓာတ်ပြားအဆင့်သတ်မှတ်ခံခဲ့ရပါတယ်။

သူတို့ သီချင်း နှစ်ပုဒ်တူမတူ ကြည့်ချင်ရင်တော့ အောက်မှာ Marvin Gaye ရဲ့ သီချင်းရော၊ Ed Sheeran ရဲ့ သီချင်းပါ တစ်ပုဒ်ချင်းပြထားသလို နှိုင်းယှဉ်ပြီး ပြထားတဲ့ Video လေးလည်း ကြည့်နိုင်ပါတယ်။

ဒီ Video Clip ကတော့ သီချင်းအပိုင်းအစနှစ်ခု ယှဉ်တွဲပြထားပုံပါ။

သီချင်းနှစ်ပုဒ်ကို ယှဉ်ပြီး နားထောင်လိုက်တော့ အတော့်ကိုမှ အတော်လေး ဆင်နေသလို ခံစားရလို့ အခရာပရိသတ်ကြီးရော ဘယ်လို ထင်လဲ ပြောပြပေးသွားပါဦး။

Yoe Lu (Akhayar)

www.akhayar.com

Ref : Business Insider, www.independent.co.uk