[Zawgyi]

ခ်စ္သူနဲ႔ တိတ္တဆိတ္လက္ထပ္လိုက္ျပီလို႔ ဆုိတဲ့ Ed Sheeran

Ed Shreeran ဟာ သူ႔ရဲ႕ ပုဂၢိဳလ္ေရးဘဝနဲ႔ ပတ္သက္ျပီး အျမဲတမ္း လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္ထားတတ္မွန္း သူ႔ပရိသတ္မွန္ရင္ သိမွာပါ။ ဒီတစ္ခါ လွ်ိဳ႕ဝွက္မႈကေတာ့ ပိုျပီး ၾကီးသြားပါျပီ။ သူ႔ရဲ႕ ငယ္ခ်စ္၊ ေစ့စပ္ထားတဲ့ခ်စ္သူလည္း ျဖစ္တဲ့ Cherry Seaborn နဲ႔ တိတ္တိတ္ေလးလက္ထပ္လိုက္ပါျပီတဲ့။

ဒီအေၾကာင္းကိုလည္း သူက တရားဝင္ေၾကညာတာမဟုတ္ဘဲ Access Online က ေမးတဲ့ ေမးခြန္းတစ္ခုကို တံု႔ျပန္ေျဖဆုိရင္း သိခဲ့ရတာ ျဖစ္ပါတယ္။ ဇန္နဝါရီလကမွ ေစ့စပ္ထားတဲ့ Ed Sheeran ကို Access Online က ဘယ္ေတာ့ ယူမွာလဲလို႔ ေမးလိုက္တဲ့အခါ သူက ရုိးရိုးေလးပဲ လက္ကို ေျမွာက္ျပျပီး သူ႔လက္မွာ ဝတ္ထားတဲ့ လက္ထပ္လက္စြပ္ကို ျပလိုက္တာပါ။

အင္တာဗ်ဴးေမးတဲ့သူက “စိတ္လႈပ္ရွားစရာသတင္းပဲ၊ ဂုဏ္ယူစရာပါ”လို႔ ေျပာတဲ့အခါသူက ျပံဳးျပံဳးၾကီး Yes လို႔ ေျဖခဲ့ပါတယ္။

သူ႔ရဲ႕ ခ်စ္သူျဖစ္တဲ့ Cherry ဟာ ေဟာ္ကီကစားသမားတစ္ေယာက္ျဖစ္ျပီး အဂၤလန္အသက္ ၂၁ ႏွစ္ေအာက္ အသင္းအတြက္ ကစားေပးခဲ့သူလည္း ျဖစ္ပါတယ္။ အဲဒီအသင္းအတြက္ European Championships မွာ ေၾကးတံဆိပ္ရေအာင္လည္း စြမ္းေဆာင္ေပးႏုိင္ခဲ့ပါတယ္။

📸 @marksurridge

A post shared by Ed Sheeran (@teddysphotos) on

သူတို႔ႏွစ္ေယာက္ဟာ ငယ္ငယ္ေက်ာင္းတက္ေနတဲ့အရြယ္တည္းက ေက်ာင္းမွာ ေတြ႔ၾကတာ ျဖစ္ျပီး ၂၀၁၅ ခုႏွစ္မွာ လက္တြဲခဲ့ၾကတာ ျဖစ္ပါတယ္။ ကိုယ့္ Idol ျဖစ္တဲ့ Sheeran ၾကီး ခ်စ္သူနဲ႔ လက္ထပ္ႏုိင္ခဲ့တာ ေပ်ာ္ရသလို ေနာက္ထြက္မယ့္အေခြသစ္ကိုလည္း ေစာင့္ေမွ်ာ္ေနပါေၾကာင္း။

Yoe Lu (Akhayar)

www.akhayar.com

Source : BBC News
[Unicode]

ချစ်သူနဲ့ တိတ်တဆိတ်လက်ထပ်လိုက်ပြီလို့ ဆိုတဲ့ Ed Sheeran

Ed Shreeran ဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့ ပတ်သက်ပြီး အမြဲတမ်း လျှို့လျှို့ဝှက်ဝှက်ထားတတ်မှန်း သူ့ပရိသတ်မှန်ရင် သိမှာပါ။ ဒီတစ်ခါ လျှို့ဝှက်မှုကတော့ ပိုပြီး ကြီးသွားပါပြီ။ သူ့ရဲ့ ငယ်ချစ်၊ စေ့စပ်ထားတဲ့ချစ်သူလည်း ဖြစ်တဲ့ Cherry Seaborn နဲ့ တိတ်တိတ်လေးလက်ထပ်လိုက်ပါပြီတဲ့။

ဒီအကြောင်းကိုလည်း သူက တရားဝင်ကြေညာတာမဟုတ်ဘဲ Access Online က မေးတဲ့ မေးခွန်းတစ်ခုကို တုံ့ပြန်ဖြေဆိုရင်း သိခဲ့ရတာ ဖြစ်ပါတယ်။ ဇန်နဝါရီလကမှ စေ့စပ်ထားတဲ့ Ed Sheeran ကို Access Online က ဘယ်တော့ ယူမှာလဲလို့ မေးလိုက်တဲ့အခါ သူက ရိုးရိုးလေးပဲ လက်ကို မြှောက်ပြပြီး သူ့လက်မှာ ဝတ်ထားတဲ့ လက်ထပ်လက်စွပ်ကို ပြလိုက်တာပါ။

အင်တာဗျူးမေးတဲ့သူက “စိတ်လှုပ်ရှားစရာသတင်းပဲ၊ ဂုဏ်ယူစရာပါ”လို့ ပြောတဲ့အခါသူက ပြုံးပြုံးကြီး Yes လို့ ဖြေခဲ့ပါတယ်။

သူ့ရဲ့ ချစ်သူဖြစ်တဲ့ Cherry ဟာ ဟော်ကီကစားသမားတစ်ယောက်ဖြစ်ပြီး အင်္ဂလန်အသက် ၂၁ နှစ်အောက် အသင်းအတွက် ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီအသင်းအတွက် European Championships မှာ ကြေးတံဆိပ်ရအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

📸 @marksurridge

A post shared by Ed Sheeran (@teddysphotos) on

သူတို့နှစ်ယောက်ဟာ ငယ်ငယ်ကျောင်းတက်နေတဲ့အရွယ်တည်းက ကျောင်းမှာ တွေ့ကြတာ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ လက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ကိုယ့် Idol ဖြစ်တဲ့ Sheeran ကြီး ချစ်သူနဲ့ လက်ထပ်နိုင်ခဲ့တာ ပျော်ရသလို နောက်ထွက်မယ့်အခွေသစ်ကိုလည်း စောင့်မျှော်နေပါကြောင်း။

Yoe Lu (Akhayar)

www.akhayar.com

Source : BBC News