[Zawgyi] 

မေလးရွားႏိုင္ငံ Cradle Fund ရဲ႕ CEO ျဖစ္သူ Nazrin Hassan ဟာ စမတ္ဖုန္းမီးေလာင္မႈေၾကာင့္ ေသဆံုးခဲ့ပါတယ္။ အိပ္ခန္းမွာ အားသြင္းထားတဲ့ ဖုန္းက အပူလြန္ကဲၿပီး အိပ္ယာခင္းေတြကို မီးစြဲခဲ့တယ္လို႔ သိရပါတယ္။ Hassan ကေတာ့ အဂၤလန္မွာ ပညာသင္ယူခဲ့ၿပီး မေလးရွားႏိုင္ငံမွာ နည္းပညာနဲ႔ ဘဏၰာေရး နယ္ပယ္ထဲမွာ ဦးေဆာင္သူတစ္ဦးျဖစ္ခဲ့ပါတယ္။ 

မီးေလာင္မႈျဖစ္ခဲ့တဲ့ Hassan ရဲ႕ အိပ္ခန္း

စစ္ေဆးခ်က္ေတြအရ ဖုန္းေပါက္ကြဲမႈျဖစ္ၿပီး Hassan ဟာ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔သိရပါတယ္။ မီးေလာင္ရာကထြက္လာတဲ့ မီးခိုးေငြ႕ေတြက Hassan ေသဆံုးဖို႔အတြက္ အေထာက္အကူျဖစ္ေစခဲ့တယ္လို႔လည္း သိရပါတယ္။ Hassan ရဲ႕ ေယာက္ဖေတာ္စပ္သူကေတာ့ အိပ္ရာခင္းေတြမီးေလာင္ခဲ့ၿပီးေတာ့ အဲ့ဒီအခ်ိန္မွာပဲ Hassan ဟာ ေသဆံုးေနခဲ့တယ္လို႔ ေျပာပါတယ္။ ေပါက္ကြဲသြားတဲ့ဖုန္းက Hassan ရဲ႕ ဦးေခါင္းေနာက္ဖက္ကို ထိခိုက္ဒဏ္ရာရေစခဲ့တယ္လို႔လည္း အတည္ျပဳထားပါတယ္။ 

Hassan မွာ Blackberry နဲ႔ Huawei ဖုန္းႏွစ္လံုးရွိၿပီးေတာ့ မီးေလာင္မႈျဖစ္ပြားေစတာကေတာ့ ဘယ္ဖုန္းေၾကာင့္ျဖစ္ပြားခဲ့တယ္ဆိုတာ မသိရပါဘူး။ ေသဆံုးမႈအတြက္ေတာ့ မီးခိုးမြန္းတာနဲ႔၊ ဦးေခါင္းေနာက္ပိုင္း ထိခိုက္ဒဏ္ရာေၾကာင့္ျဖစ္တယ္လို႔ အတည္ျပဳထားပါတယ္။ စမတ္ဖုန္းေပါက္ကြဲမႈေၾကာင့္ အခုလိုအသက္ေသဆံုးတဲ့အထိ မေတာ္တဆမႈေတြျဖစ္ပြားတာ အႀကိမ္ေရမ်ားေနပါၿပီ။ စမတ္ဖုန္းေတြမွာ ပါဝင္တဲ့ Lithium-Ion Battery ေတြက အလြယ္တကူမေပါက္ကြဲႏိုင္ေပမယ့္ အခုလို အပူလြန္ကဲၿပီးေပါက္ကြဲတဲ့အခါ ျပင္းထန္တဲ့ထိခိုက္ဒဏ္ရာရေစတဲ့အထိ ျဖစ္ႏိုင္တာေၾကာင့္ သင့္အေနနဲ႔လည္း သတိထားသင့္ပါတယ္။ 

Ref: NYPost, Gizmodo

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

အားသွင်းထားတဲ့ဖုန်းမီးလောက်တာကြောင့် မလေးရှား CEO တစ်ဦးသေဆုံးပြီ

မလေးရှားနိုင်ငံ Cradle Fund ရဲ့ CEO ဖြစ်သူ Nazrin Hassan ဟာ စမတ်ဖုန်းမီးလောင်မှုကြောင့် သေဆုံးခဲ့ပါတယ်။ အိပ်ခန်းမှာ အားသွင်းထားတဲ့ ဖုန်းက အပူလွန်ကဲပြီး အိပ်ယာခင်းတွေကို မီးစွဲခဲ့တယ်လို့ သိရပါတယ်။ Hassan ကတော့ အင်္ဂလန်မှာ ပညာသင်ယူခဲ့ပြီး မလေးရှားနိုင်ငံမှာ နည်းပညာနဲ့ ဘဏ္ဏာရေး နယ်ပယ်ထဲမှာ ဦးဆောင်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ 

မီးလောင်မှုဖြစ်ခဲ့တဲ့ Hassan ရဲ့ အိပ်ခန်း

စစ်ဆေးချက်တွေအရ ဖုန်းပေါက်ကွဲမှုဖြစ်ပြီး Hassan ဟာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ မီးလောင်ရာကထွက်လာတဲ့ မီးခိုးငွေ့တွေက Hassan သေဆုံးဖို့အတွက် အထောက်အကူဖြစ်စေခဲ့တယ်လို့လည်း သိရပါတယ်။ Hassan ရဲ့ ယောက်ဖတော်စပ်သူကတော့ အိပ်ရာခင်းတွေမီးလောင်ခဲ့ပြီးတော့ အဲ့ဒီအချိန်မှာပဲ Hassan ဟာ သေဆုံးနေခဲ့တယ်လို့ ပြောပါတယ်။ ပေါက်ကွဲသွားတဲ့ဖုန်းက Hassan ရဲ့ ဦးခေါင်းနောက်ဖက်ကို ထိခိုက်ဒဏ်ရာရစေခဲ့တယ်လို့လည်း အတည်ပြုထားပါတယ်။

Hassan မှာ Blackberry နဲ့ Huawei ဖုန်းနှစ်လုံးရှိပြီးတော့ မီးလောင်မှုဖြစ်ပွားစေတာကတော့ ဘယ်ဖုန်းကြောင့်ဖြစ်ပွားခဲ့တယ်ဆိုတာ မသိရပါဘူး။ သေဆုံးမှုအတွက်တော့ မီးခိုးမွန်းတာနဲ့၊ ဦးခေါင်းနောက်ပိုင်း ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ စမတ်ဖုန်းပေါက်ကွဲမှုကြောင့် အခုလိုအသက်သေဆုံးတဲ့အထိ မတော်တဆမှုတွေဖြစ်ပွားတာ အကြိမ်ရေများနေပါပြီ။ စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ Lithium-Ion Battery တွေက အလွယ်တကူမပေါက်ကွဲနိုင်ပေမယ့် အခုလို အပူလွန်ကဲပြီးပေါက်ကွဲတဲ့အခါ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာရစေတဲ့အထိ ဖြစ်နိုင်တာကြောင့် သင့်အနေနဲ့လည်း သတိထားသင့်ပါတယ်။ 

Ref: NYPost, Gizmodo

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။