AR နည်းပညာနဲ့ ထုတ်ပိုးမယ့်ဘူးအရွယ်ကို ရွေးချယ်နိုင်ပြီဖြစ်တဲ့ eBay ရဲ့ Android App






Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

eBay ဆိုတာက လက်ရှိမှာ အကြီးမားဆုံးသော Online Shopping Website ကြီးတစ်ခုဆိုရင်လည်း မမှားပါဘူး။ အခုအချိန်မှာတော့ eBay ဟာ ဈေးဝယ်တဲ့သူတွေပိုပြီးလွယ်ကူစေဖို့အတွက် သူရဲ့ Android App ကို ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုလုပ်ပေးခဲ့ပါတယ်။

အခု Update ပြုလုပ်မှုကတော့ Augmented Reality Feature ကို Application ထဲမှာ ထည့်သွင်းပေးခဲ့တာဖြစ်ပြီးတော့ အခုဆိုရင် eBay ကနေ ပစ္စည်းဝယ်တဲ့သူတွေက သူတို့ရဲ့ ပစ္စည်းကို ဘယ်လို စက္ကူဘူးနဲ့ ထုတ်ပိုးရင် အကောင်းဆုံးလည်းဆိုတာကို App ပေါ်မှာတင် AR နဲ့ ကြည့်ရှုရွေးချယ်နိုင်ပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် eBay ကနေ ပစ္စည်းဝယ်ယူမယ့်သူတွေအတွက် ထုတ်ပိုးမှုကို ဝယ်ယူတဲ့အချိန်တည်းက စိတ်ချလက်ချနဲ့ သိရှိနိုင်မှာဖြစ်သလို လမ်းခရီးမှာ အပျက်အစီးလည်း နည်းပါးသွားမှာပါ။

eBay ကတော့ အခု Feature ဟာ အချို့သော စမတ်ဖုန်းတွေမှာပဲ အသုံးပြုနိုင်ဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အသုံးပြုလို့ရနိုင်တဲ့ Devices List ကိုတော့ တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ ဖြစ်နိုင်တာတစ်ခုကတော့ AR Core စနစ်နဲ့ Compatible ဖြစ်တဲ့ဖုန်းတွေပဲ ရရှိနိုင်လောက်မှာပါ။

ဘာပဲဖြစ်ဖြစ် ကိုယ်ဝယ်ယူမယ့် ပစ္စည်းရဲ့ ထုတ်ပိုးမှုကိုပါ ကိုယ်တိုင်ရွေးချယ်နိုင်တာက Online Shopping တွေအတွက်တော့ ကြီးမားတဲ့ တိုးတက်မှုတစ်ခုပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com