လွပတဲ႔မ်က္ခံုးတစ္စံုရရွိေစဖို႔ လြယ္ကူျမန္ဆန္တဲ႔ နည္းလမ္း(၉) သြယ္

Eyebrow

[Zawgyi]

လွပတဲ႔မ်က္ခံုးတစ္စံုရရွိေစဖို႔ လြယ္ကူျမန္ဆန္တဲ႔ နည္းလမ္း(၉) သြယ္

လွပတဲ႔မ်က္ခံုးတစ္စံုရွိျခင္းက ကိုိယ္ရဲ႕နဂိုရွိရင္းစဲြမ်က္ႏွာေလးကို အမ်ားအလယ္မွာ သိသာထင္ရွားေစပါတယ္။အခုေခတ္မွာလည္း မ်က္ခံုးအလွကို မိန္းကေလးအမ်ားစုက ပိုမိုဂရုစိုက္လာၾကပါတယ္။အဲလိုဂရုစုိက္လာတာနဲ႔အညီ ထင္းထင္းေလးနဲ႕ လွပေသသပ္ၿပီး ၿပီးျပည္႔စံုတဲ႕မ်က္ခံုးတစ္စံုရရွိေစဖို႔အတြက္ ျပဳလုပ္လာၾကပါတယ္။ အခုေဖာ္ျပမည္႔နည္းလမ္းေလးေတြက Beauty Saloon ေတြ အေျပးအလႊားသြားစရာမလိုတဲ႔အျပင္ လြယ္လြယ္ကူကူနဲ႕ အခ်ိန္လည္းအရမ္းေပးစရာမလိုဘဲ အိမ္မွာပဲျပဳလုပ္ၿပီး အခ်ိန္တိုေလးအတြင္းမွာ မ်က္ခံုးလွလွတစ္စံု ရရွိေစမယ္႔နည္းလမ္းေလးေတြျဖစ္ပါတယ္။

(၁) Oil ေတြရဲ႕အစြမ္း

ေသးငယ္တဲ႔႔ဖန္ပုလင္းထဲကို တူညီတဲ႔ပမာဏရွိတဲ႔ အုန္းဆီ ႏွင္႔ ၾကက္ဆူဆီကိုေရာေႏွာထည႔္ကာ စားပဲြတင္ဇြန္းတစ္ဇြန္းစာ ေထာပတ္သီးအဆီ ထည္႔ကာ ပါဝင္ပစၥည္းေတြတစ္သားထဲျဖစ္သြားတဲ႔အထိ ေမႊေပးပါ။ ရရွိလာတဲ႔ အေရာအေႏွာကို Mascara ဘရပ္ရွ္(သို႕) သင္႔ရဲ႕လက္ေခ်ာင္းေလးမ်ားကိုအသံုးျပဳၿပီး မ်က္ခံုးေမႊးေပၚသုတ္လိမ္းေပးပါ။ဒီနည္းလမ္းက မ်က္ခံုးေမႊးကိုသန္စြမ္းလာေစရုံမက မ်က္ေတာက္ေမႊးကိုပါ ရွည္လ်ားလာေစပါတယ္။

Oil
Oil

(၂) ဗီတာမင္ေတြျဖည္႔စြမ္းေပးပါ

ရွားေစာင္းလက္ပတ္ စားပဲြတင္ဇြန္း ၁ ဇြန္းစာ၊ ၾကက္ဆူဆီ စားပဲြတင္ဇြန္း ၂ ဇြန္းစာ ႏွင္႔ ဗီတာမင္အီး ၂ ေတာင္႔စာကို ေရာေႏွာေပးပါ။ ထို႔ေနာက္ အိပ္ရာမဝင္ခင္မွာ ဘရပ္ရွ္ (သို႔) သင္႔ရဲ႕လက္ေခ်ာင္းေလးမ်ားျဖင္႔ ညင္သာစြာသုတ္လိမ္းေပးပါ။ မနက္အိပ္ရာထတဲ႔အခါမွေတာ႔ ေရျဖင္႔ျပန္ေဆးခ်ေပးပါ။ဒီအေရာအေႏွာကေတာ႔ မ်က္ခံုးေမႊးကနဂိုအတိုင္းျပန္ျဖစ္ကာ သန္စြမ္းလာေစတဲ႔အျပင္ ဆံသားကိုလည္း ေခ်ာေမြ႕ေတာက္ေျပာင္ေစပါတယ္။

Vitamin
Vitamin

(၃) ၾကက္သြန္နီ

ၾကက္သြန္နီရည္ဆိုိလို႔ အံၾသသြားလားမသိဘူး။ဒါပင္မယ္႔လည္း ၾကက္သြန္နီရည္ရဲ႕အစြမ္းကေတာ႔ အံ႔မခန္းပဲေနာ္။သူရဲ႕အစြမ္းေတြကေတာ႔ မ်က္ခံုးအတြက္တင္မဟုတ္ဘဲ ဆံသားေတြကသန္စြမ္းေစရုံသာမက ဆံပင္ေမြးညင္းေပါက္ေတြကိုအားျဖည္႔ေပးပါကာ ဆံပင္ရွည္ျမန္ေအာင္ကူညီေပးၿပီး ဆံသကသာေတာက္ေျပာင္ေစပါတယ္။ေသးငယ္တဲ႔ ၾကက္သြန္နီတစ္လံုးကိုယူကာ လွီးၿပီးေနာက္ အရည္ညွစ္ယူပါ။ ထိုအရည္ကို မ်က္ခံုးမွာလိမ္းေပးၿပီး ၅ မိနစ္ေလာက္ႏွိပ္နယ္ေပးပါ။ထိုေနာက္ေရေဆးခ်ၿပီး ေရေအးေအးေလးသံုးကာ ပံုမွန္သစ္ေနက် မ်က္ႏွာသစ္ေဆးနဲ႔သစ္ေပးပါ။ ဒါမွမဟုတ္ ၾကက္သြန္နီကိုတစ္ျခမ္းကိုလွီးၿပီး မ်က္ခံုးေပၚ ပြတ္တိုက္ေပးလို႔လည္းရပါတယ္။

Onion
Onion

(၄) ႏြားႏို႕

ႏြားႏို႔မွာ ပရုိတိန္း၊ ဗီတာမင္ဘီ၊ လက္တစ္အက္စစ္ ႏွင္႔ ကယ္လ္ဆီယမ္ပါဝင္တာေၾကာင္႔ မ်က္ခံုးေကာင္းေအာင္အသံုးျပဳႏိုင္ရုံသာမက ဆံသားေကာင္းမြန္ေအာင္လည္း ထိန္းသိမ္းႏိုင္ပါတယ္။ ဂြမ္းဖတ္ေလးကို ႏြားႏို႔ထဲႏွစ္ၿပီး မ်က္ခံုးေပၚသုတ္လိမ္းေပးပါ။ မ်က္ခံုးေပၚမွာရွိတဲ႔ ႏြားႏို႔ေလးေတြ ေျခာက္သြားတဲ႔အခါ ပံုမွန္သစ္ေနက်မ်က္ႏွာသစ္ေဆးႏွင္႔ ျပန္သစ္လိုက္ရင္ရပါတယ္။

(၅) သံပုရာသီး

သံပုရာသီးက ဗီတာမင္ေျမာက္ျမားစြာပါဝင္တဲ႔အျပင္ အင္တီေအာက္ဆီဒင္႔လည္းပါဝင္တဲ႔အတြက္ မ်က္ခံုးေမႊးေတြရွည္လ်ားသန္စြမ္းေအာင္ျပဳလုပ္ေပးပါတယ္။ သံပုရာသီးကိုတစ္စိတ္လွီးၿပီး မ်က္ခံုးေမႊးလမ္းေၾကာင္းအတိုင္း ပြတ္ေပးပါ။ ၁၅ မိနစ္ မိနစ္၂၀ ေလာက္ၾကာသြားတဲ႔အခါမွာ ေရေဆးခ်လို႔ရပါတယ္။ ဒါအျပင္ သံပုရာသီးအျခမ္းေလးေတြႏွင္႔ အုန္းဆီခြက္တစ္ဝက္ေလာက္ကို ေရာေႏွာကာ ၁၅ ရက္ေလာက္ေအးျမတဲ႔ေနရာမွာထားၿပီးေနာက္ ညအိပ္ရာဝင္ခါးနီးတိုင္း မ်က္ခံုးေပၚမွာသုတ္လိမ္းေပးလို႔ရပါတယ္။

(၆) Essential Oil

Essential Oil မ်ားျဖစ္ၾကတဲ႕ tea tree (သို႔) lavender oil ေတြက ေရဓာတ္ေပါမ်ားၿပီး ေအးျမ အားျပည္႔ေစတဲ႕အစြမ္းရွိတာေၾကာင္႔ သူတို႔ကို အုန္းဆီ၊ သံလြင္ဆီ၊ ၾကက္ဆူဆီတို႔နဲ႔ေရာေႏွာကာ ရရွိလာတဲ႔အေရာအေႏွာကို မ်က္ခံုးေပၚသုတ္လိမ္းၿပီး ျဖည္းျဖည္းခ်င္း ႏွိပ္နယ္ေပးပါ။သတိျပဳရမွာကေတာ႔ မသုတ္လိမ္းခင္မွာ တည္႔မတည္႔ကို လက္ေပၚတင္ၿပီးစမ္းၾကည္႔သင္႔ပါတယ္။

Essential Oil

(၇) ၾကက္ဥအႏွစ္

ၾကက္ဥအႏွစ္မွာပါဝင္တဲ႔ ဗီတာမင္ႏွင္႔ ပရုိတင္းဓာတ္ေတြက မ်က္ခံုးေမႊးရွည္လ်ားထူထဲလာေအာင္ ကူညီေပးပါတယ္။ၾကက္ဥအႏွစ္ကိုယူကာ အျမွဳပ္ထေအာင္ေမႊၿပီးေနာက္ မ်က္ခံုးေပၚသုတ္္လိမ္းေပးပါ။၁၅-၂၀ မိနစ္ေလာက္ထားၿပီးေနာက္ ေရေဆးခ်လိုက္လို႔ရပါတယ္။

(၈) Vaseline

Vaseline ကမ်က္ခံုးေမႊးကို ေရဓာတ္ျပည္႔ဝေစဖို႔အတြက္ အသံုးျပဳလို႔ရသလို မ်က္ခံုးေမႊးသန္စြမ္းလာေအာင္နဲ႔ စဲြေဆာင္မႈရွိတဲ႔ မ်က္ခံုးပံုစံရရွိေအာင္ လည္းစြမ္းေဆာင္ေပးပါတယ္။ Vaseline ကို Mascara ဘရပ္ရွ္ (သို႔) နားၾကပ္တံေလးျဖင္႔ယူကာ မ်က္ခံုးလမ္းေၾကာင္းအတိုင္း သုတ္လိမ္းေပးပါ။ ဒါမွမဟုတ္ Vaseline ကို ၾကက္ဆူဆီ၊ သံလြင္ဆီ ၊ ရွားေစာင္းလက္ပတ္၊ Essential Oil၊ ႏြားႏို႔တို႕ႏွင္႔ ေရာစပ္ၿပီးလည္းအသံုးျပဳႏို္င္ပါတယ္။

(၉) ႏွိပ္နယ္ျခင္း

သန္႔စင္တဲ႔ Mascara ဘရပ္ရွ္ (သို႔) ဘီးကိုယူၿပီး မ်က္ခံုးေမႊးအတိုင္း အေပၚ ေအာက္ ေရြ႕လ်ားကာ ႏွာရုိးကေန နားထင္နားအထိ ျဖည္းညင္းစြာ ႏွိပ္နယ္ေပးႏိုင္တဲ႔အျပင္ သင္႔ရဲ႕လက္ေခ်ာင္းေလးေတြနဲ႕ မ်က္ခံုးေမႊးကို ညင္သာစြာႏွိပ္နယ္ေပးလို႔ရပါတယ္။ မ်က္ခံုးေမႊးရဲ႕အလယ္ေနရာကိုဖိၿပီး လက္ေခ်ာင္းကိုမလႊတ္ဘဲ စက္ဝိုင္းပံုစံ ျဖည္းျဖည္းခ်င္းႏွိပ္နယ္ေပးပါ။ အျခားတစ္ဖက္ကိုလည္း အလားတူပံုစံအတိုင္းလုပ္ေပးပါ။ထိုကဲ႔သို႔ႏွိပ္နယ္ေပးျခင္းက ေသြးလည္ပတ္မႈကိုေကာင္းေစတဲ႔အျပင္ အာဟာရဓာတ္ကိုစုပ္ယူဖို႕လံႈေဆာ္ေပးၿပီး ေခါင္းကိုက္ျခင္းႏွင္႔ မ်က္လံုးေညာင္းညာျခင္းကိုလည္း သက္သာေစပါတယ္။

Message
Message

အခ်ိန္ကုန္သက္သာၿပီး ေငြကုန္ေၾကးက်လည္းအရမ္းမမ်ားဘဲ လြယ္ကူလ်င္ျမန္တဲ႔ သဘာဝနည္းလမ္းေလးေတြအတိုင္းလုပ္ေဆာင္ၿပီး သန္စြမ္းလွပတဲ႔ မ်က္ခံုးတစ္စံုကို ပိုင္ဆိုင္ရရွိႏိုင္မွာပါ။

Credit:Brightside

www.akhayar.com

[Unicode]

လှပတဲ့မျက်ခုံးတစ်စုံရရှိစေဖို့ လွယ်ကူမြန်ဆန်တဲ့ နည်းလမ်း(၉) သွယ်

လှပတဲ့မျက်ခုံးတစ်စုံရှိခြင်းက ကိုယ်ရဲ့နဂိုရှိရင်းစွဲမျက်နှာလေးကို အများအလယ်မှာ သိသာထင်ရှားစေပါတယ်။အခုခေတ်မှာလည်း မျက်ခုံးအလှကို မိန်းကလေးအများစုက ပိုမိုဂရုစိုက်လာကြပါတယ်။အဲလိုဂရုစိုက်လာတာနဲ့အညီ ထင်းထင်းလေးနဲ့ လှပသေသပ်ပြီး ပြီးပြည့်စုံတဲ့မျက်ခုံးတစ်စုံရရှိစေဖို့အတွက် ပြုလုပ်လာကြပါတယ်။ အခုဖော်ပြမည့်နည်းလမ်းလေးတွေက Beauty Saloon တွေ အပြေးအလွှားသွားစရာမလိုတဲ့အပြင် လွယ်လွယ်ကူကူနဲ့ အချိန်လည်းအရမ်းပေးစရာမလိုဘဲ အိမ်မှာပဲပြုလုပ်ပြီး အချိန်တိုလေးအတွင်းမှာ မျက်ခုံးလှလှတစ်စုံ ရရှိစေမယ့်နည်းလမ်းလေးတွေဖြစ်ပါတယ်။

(၁) Oil တွေရဲ့အစွမ်း

သေးငယ်တဲ့ဖန်ပုလင်းထဲကို တူညီတဲ့ပမာဏရှိတဲ့ အုန်းဆီ နှင့် ကြက်ဆူဆီကိုရောနှောထည့်ကာ စားပွဲတင်ဇွန်းတစ်ဇွန်းစာ ထောပတ်သီးအဆီ ထည့်ကာ ပါဝင်ပစ္စည်းတွေတစ်သားထဲဖြစ်သွားတဲ့အထိ မွှေပေးပါ။ ရရှိလာတဲ့ အရောအနှောကို Mascara ဘရပ်ရှ်(သို့) သင့်ရဲ့လက်ချောင်းလေးများကိုအသုံးပြုပြီး မျက်ခုံးမွှေးပေါ်သုတ်လိမ်းပေးပါ။ဒီနည်းလမ်းက မျက်ခုံးမွှေးကိုသန်စွမ်းလာစေရုံမက မျက်တောက်မွှေးကိုပါ ရှည်လျားလာစေပါတယ်။

Oil
Oil

(၂) ဗီတာမင်တွေဖြည့်စွမ်းပေးပါ

ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း ၁ ဇွန်းစာ၊ ကြက်ဆူဆီ စားပွဲတင်ဇွန်း ၂ ဇွန်းစာ နှင့် ဗီတာမင်အီး ၂ တောင့်စာကို ရောနှောပေးပါ။ ထို့နောက် အိပ်ရာမဝင်ခင်မှာ ဘရပ်ရှ် (သို့) သင့်ရဲ့လက်ချောင်းလေးများဖြင့် ညင်သာစွာသုတ်လိမ်းပေးပါ။ မနက်အိပ်ရာထတဲ့အခါမှတော့ ရေဖြင့်ပြန်ဆေးချပေးပါ။ဒီအရောအနှောကတော့ မျက်ခုံးမွှေးကနဂိုအတိုင်းပြန်ဖြစ်ကာ သန်စွမ်းလာစေတဲ့အပြင် ဆံသားကိုလည်း ချောမွေ့တောက်ပြောင်စေပါတယ်။

Vitamin
Vitamin

(၃) ကြက်သွန်နီ

ကြက်သွန်နီရည်ဆိုလို့ အံသြသွားလားမသိဘူး။ဒါပင်မယ့်လည်း ကြက်သွန်နီရည်ရဲ့အစွမ်းကတော့ အံ့မခန်းပဲနော်။သူရဲ့အစွမ်းတွေကတော့ မျက်ခုံးအတွက်တင်မဟုတ်ဘဲ ဆံသားတွေကသန်စွမ်းစေရုံသာမက ဆံပင်မွေးညင်းပေါက်တွေကိုအားဖြည့်ပေးပါကာ ဆံပင်ရှည်မြန်အောင်ကူညီပေးပြီး ဆံသကသာတောက်ပြောင်စေပါတယ်။သေးငယ်တဲ့ ကြက်သွန်နီတစ်လုံးကိုယူကာ လှီးပြီးနောက် အရည်ညှစ်ယူပါ။ ထိုအရည်ကို မျက်ခုံးမှာလိမ်းပေးပြီး ၅ မိနစ်လောက်နှိပ်နယ်ပေးပါ။ထိုနောက်ရေဆေးချပြီး ရေအေးအေးလေးသုံးကာ ပုံမှန်သစ်နေကျ မျက်နှာသစ်ဆေးနဲ့သစ်ပေးပါ။ ဒါမှမဟုတ် ကြက်သွန်နီကိုတစ်ခြမ်းကိုလှီးပြီး မျက်ခုံးပေါ် ပွတ်တိုက်ပေးလို့လည်းရပါတယ်။

Onion
Onion

(၄) နွားနို့

နွားနို့မှာ ပရိုတိန်း၊ ဗီတာမင်ဘီ၊ လက်တစ်အက်စစ် နှင့် ကယ်လ်ဆီယမ်ပါဝင်တာကြောင့် မျက်ခုံးကောင်းအောင်အသုံးပြုနိုင်ရုံသာမက ဆံသားကောင်းမွန်အောင်လည်း ထိန်းသိမ်းနိုင်ပါတယ်။ ဂွမ်းဖတ်လေးကို နွားနို့ထဲနှစ်ပြီး မျက်ခုံးပေါ်သုတ်လိမ်းပေးပါ။ မျက်ခုံးပေါ်မှာရှိတဲ့ နွားနို့လေးတွေ ခြောက်သွားတဲ့အခါ ပုံမှန်သစ်နေကျမျက်နှာသစ်ဆေးနှင့် ပြန်သစ်လိုက်ရင်ရပါတယ်။

(၅) သံပုရာသီး

သံပုရာသီးက ဗီတာမင်မြောက်မြားစွာပါဝင်တဲ့အပြင် အင်တီအောက်ဆီဒင့်လည်းပါဝင်တဲ့အတွက် မျက်ခုံးမွှေးတွေရှည်လျားသန်စွမ်းအောင်ပြုလုပ်ပေးပါတယ်။ သံပုရာသီးကိုတစ်စိတ်လှီးပြီး မျက်ခုံးမွှေးလမ်းကြောင်းအတိုင်း ပွတ်ပေးပါ။ ၁၅ မိနစ် မိနစ်၂၀ လောက်ကြာသွားတဲ့အခါမှာ ရေဆေးချလို့ရပါတယ်။ ဒါအပြင် သံပုရာသီးအခြမ်းလေးတွေနှင့် အုန်းဆီခွက်တစ်ဝက်လောက်ကို ရောနှောကာ ၁၅ ရက်လောက်အေးမြတဲ့နေရာမှာထားပြီးနောက် ညအိပ်ရာဝင်ခါးနီးတိုင်း မျက်ခုံးပေါ်မှာသုတ်လိမ်းပေးလို့ရပါတယ်။

(၆) Essential Oil

Essential Oil များဖြစ်ကြတဲ့ tea tree (သို့) lavender oil တွေက ရေဓာတ်ပေါများပြီး အေးမြ အားပြည့်စေတဲ့အစွမ်းရှိတာကြောင့် သူတို့ကို အုန်းဆီ၊ သံလွင်ဆီ၊ ကြက်ဆူဆီတို့နဲ့ရောနှောကာ ရရှိလာတဲ့အရောအနှောကို မျက်ခုံးပေါ်သုတ်လိမ်းပြီး ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။သတိပြုရမှာကတော့ မသုတ်လိမ်းခင်မှာ တည့်မတည့်ကို လက်ပေါ်တင်ပြီးစမ်းကြည့်သင့်ပါတယ်။

Essential Oil
Essential Oil

(၇) ကြက်ဥအနှစ်

ကြက်ဥအနှစ်မှာပါဝင်တဲ့ ဗီတာမင်နှင့် ပရိုတင်းဓာတ်တွေက မျက်ခုံးမွှေးရှည်လျားထူထဲလာအောင် ကူညီပေးပါတယ်။ကြက်ဥအနှစ်ကိုယူကာ အမြှုပ်ထအောင်မွှေပြီးနောက် မျက်ခုံးပေါ်သုတ်လိမ်းပေးပါ။၁၅-၂၀ မိနစ်လောက်ထားပြီးနောက် ရေဆေးချလိုက်လို့ရပါတယ်။

(၈) Vaseline

Vaseline ကမျက်ခုံးမွှေးကို ရေဓာတ်ပြည့်ဝစေဖို့အတွက် အသုံးပြုလို့ရသလို မျက်ခုံးမွှေးသန်စွမ်းလာအောင်နဲ့ စွဲဆောင်မှုရှိတဲ့ မျက်ခုံးပုံစံရရှိအောင် လည်းစွမ်းဆောင်ပေးပါတယ်။ Vaseline ကို Mascara ဘရပ်ရှ် (သို့) နားကြပ်တံလေးဖြင့်ယူကာ မျက်ခုံးလမ်းကြောင်းအတိုင်း သုတ်လိမ်းပေးပါ။ ဒါမှမဟုတ် Vaseline ကို ကြက်ဆူဆီ၊ သံလွင်ဆီ ၊ ရှားစောင်းလက်ပတ်၊ Essential Oil၊ နွားနို့တို့နှင့် ရောစပ်ပြီးလည်းအသုံးပြုနိုင်ပါတယ်။

(၉) နှိပ်နယ်ခြင်း

သန့်စင်တဲ့ Mascara ဘရပ်ရှ် (သို့) ဘီးကိုယူပြီး မျက်ခုံးမွှေးအတိုင်း အပေါ် အောက် ရွေ့လျားကာ နှာရိုးကနေ နားထင်နားအထိ ဖြည်းညင်းစွာ နှိပ်နယ်ပေးနိုင်တဲ့အပြင် သင့်ရဲ့လက်ချောင်းလေးတွေနဲ့ မျက်ခုံးမွှေးကို ညင်သာစွာနှိပ်နယ်ပေးလို့ရပါတယ်။ မျက်ခုံးမွှေးရဲ့အလယ်နေရာကိုဖိပြီး လက်ချောင်းကိုမလွှတ်ဘဲ စက်ဝိုင်းပုံစံ ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။ အခြားတစ်ဖက်ကိုလည်း အလားတူပုံစံအတိုင်းလုပ်ပေးပါ။ထိုကဲ့သို့နှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှုကိုကောင်းစေတဲ့အပြင် အာဟာရဓာတ်ကိုစုပ်ယူဖို့လှုံဆော်ပေးပြီး ခေါင်းကိုက်ခြင်းနှင့် မျက်လုံးညောင်းညာခြင်းကိုလည်း သက်သာစေပါတယ်။

Message
Message

အချိန်ကုန်သက်သာပြီး ငွေကုန်ကြေးကျလည်းအရမ်းမများဘဲ လွယ်ကူလျင်မြန်တဲ့ သဘာဝနည်းလမ်းလေးတွေအတိုင်းလုပ်ဆောင်ပြီး သန်စွမ်းလှပတဲ့ မျက်ခုံးတစ်စုံကို ပိုင်ဆိုင်ရရှိနိုင်မှာပါ။

Credit:Brightside

www.akhayar.com