မိသားစုေတြမွာ လူမ်ားရင္ အိမ္မွာ ခ်က္စားတာက ပိုတန္တယ္ေလ။ သူငယ္ခ်င္းေတြ စုၿပီး လုပ္စားလည္း ေပ်ာ္စရာေကာင္းတယ္။

ကုန္က်စရိတ္သက္သာၿပီး လြယ္ကူလို႔ ခ်က္ၿပဳတ္နည္း ေရးေပးလိုက္ပါတယ္။

လူ ငါးေယာက္စာ…

လိုအပ္တဲ႔ အစာပလာ

ၾကက္သား                     ၂၀ က်ပ္သား

(ကြ်န္ေတာ္ကေတာ့ အၿမဲ ၀က္နဲ႔လုပ္တယ္။ အၿခား အမဲတို႔ ပုစြန္တို႔လည္း အဆင္ေၿပပါတယ္)

ဂ်င္း                              အနည္းငယ္

ၾကက္သြန္ၿဖဴ                  အနည္းငယ္

ၾကက္သြန္နီ                    အနည္းငယ္

ကုဆိုင္(ၾကက္သြန္ၿဖဴမိတ္)           အနည္းငယ္

(ထိုေနရာတြက္ ပံုမွန္ၾကက္သြန္မိတ္ သံုးနုိင္ပါသည္)

ပဲငံၿပာရည္ အၾကည္                    ဟင္းခက္ဇြန္း တစ္ဇြန္း

သၾကား                                     လက္ဖက္ရည္ဇြန္း တစ္ဇြန္း

(အခ်ိဳမွဳန္႔ မသံုးခ်င္လို႔)

ဆား                                         လက္ဖက္ရည္ဇြန္း တစ္ဇြန္း

နွမ္းဆီေမႊး                                 လက္ဖက္ရည္ဇြန္း တစ္ဇြန္း

(ဆန္အရက္ေလး ထည့္လ်ွင္ ပိုေမႊးပါမည္၊ အနည္းငယ္ေပ့ါ)

ဖက္ထုပ္ရြက္                             ၃၀ ခု

(မားကတ္ေတြမွာ အလြယ္တကူ ၀ယ္ယူလုိ႔ရပါတယ္ဗ်)

အဖံုးပါတဲ႔ ဒယ္အိုးၿပားတစ္ခု

ေၾကာ္မယ့္ ေပါင္းမယ့္ နည္းက ဆီ ၂ ဆ၊ ေရ ၂ ဆ

ဒီေတာ့ ခ်က္ၿပဳတ္ၾကည့္ရေအာင္…

ၿပင္ဆင္ၾကမယ္

-ၾကက္သြန္ၿဖဴ ၾကက္သြန္နီ ဂ်င္းတို႔ကို ေထာင္းလို႔ရသလို က်ိပ္လို႔ရပါတယ္။ ဓါးၿဖင့္ အံစာတံုးအရြယ္ေလးေတြ လွီးလိုရလည္းရပါတယ္။

-ေစ်းမွ ၀ယ္ယူလာေသာ အသားကို ေတာက္ေတာက္စဥ္းပါ။ မားကတ္မ်ားတြင္ စဥ္းၿပီးသား အသားမ်ားကို ေရာင္းပါတယ္။

-ၾကက္သြန္ၿမိတ္/ ကုဆိုင္တို႔ကို စင္တီမီတာ၀က္ေလာက္ စိပ္ပါ။ ဟင္းခ်ိဳေတြမွာ ၿမင္ေနၾကပံုစံေလးေတြ

အသားနွပ္ၾကမယ္

-ၿပင္ဆင္ၿပီးသား အစာပလာေတြကို ဆား၊ သၾကား၊ ပဲငံၿပာရည္အၾကည္၊ နွမ္းဆီေမႊးတို႔ၿဖင့္ သမေအာင္ ေမႊပါ။

-မိနစ္ ၃၀ ေလာက္ အသားကို နွပ္ထားပါ။

ဖက္ထုပ္ ထုပ္ၾကမယ္

-ဖက္ရြက္ေလးေတြကို ကိုင္။ အစာေလးကို လက္ဖက္ရည္ဇြန္းနဲ႔ ယူမလား၊ စားပြဲတင္ဇြန္းနဲ႔ ယူမလား၊ ၾကိဳက္နွစ္သက္ရာ အေနေလာက္ထည့္ၿပီး ထုပ္ပါ။

ေၾကာ္မယ္ ခ်က္မယ္ ေပါင္းမယ္

-ဆီအနည္းငယ္ကို ပူေအာင္လုပ္

-ဖက္ထုပ္ကို အိုးကပ္ၿပီး အေရာင္ရေအာင္ အနည္းငယ္ေၾကာ္ပါ။

-ေရအနည္းငယ္ထည့္ၿပီး မီးေအးေအးနဲ႔ ေၾကာ္ခ်က္လုပ္ပါ။ (အဖုံးလံုဖို႔ မေမ့နဲ႔ေနာ္)

ထို႔ေနာက္ ဖက္ထုပ္ေမႊးေမႊးေလး စားလို႔ရပါၿပီ…

ရေကာက္ – Akhayar

===============

[Unicode]

အိမ်မှာ ဖက်ထုပ် ပေါင်းလုပ်စားမယ်

ကုန်ကျစရိတ်သက်သာပြီး လွယ်ကူလို့ ချက်ပြုတ်နည်း ရေးပေးလိုက်ပါတယ်။

လိုအပ်တဲ့ အစာပလာ

ကြက်သား                     ၂၀ ကျပ်သား

(ကျွန်တော်ကတော့ အမြဲ ဝက်နဲ့လုပ်တယ်။ အခြား အမဲတို့ ပုစွန်တို့လည်း အဆင်ပြေပါတယ်)

ဂျင်း                              အနည်းငယ်

ကြက်သွန်ဖြူ                   အနည်းငယ်

ကြက်သွန်နီ                   အနည်းငယ်

ကုဆိုင်(ကြက်သွန်ဖြူမိတ်)           အနည်းငယ်

(ထိုနေရာတွက် ပုံမှန်ကြက်သွန်မိတ် သုံးနိုင်ပါသည်)

ပဲငံပြာရည် အကြည်                    ဟင်းခက်ဇွန်း တစ်ဇွန်း

သကြား                                     လက်ဖက်ရည်ဇွန်း တစ်ဇွန်း

(အချိုမှုန့် မသုံးချင်လို့)

ဆား                                         လက်ဖက်ရည်ဇွန်း တစ်ဇွန်း

နှမ်းဆီမွှေး                                 လက်ဖက်ရည်ဇွန်း တစ်ဇွန်း

(ဆန်အရက်လေး ထည့်လျှင် ပိုမွှေးပါမည်၊ အနည်းငယ်ပေ့ါ)

ဖက်ထုပ်ရွက်                            ၃၀ ခု

(မားကတ်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရပါတယ်ဗျ)

အဖုံးပါတဲ့ ဒယ်အိုးပြားတစ်ခု

ကြော်မယ့် ပေါင်းမယ့် နည်းက ဆီ ၂ ဆ၊ ရေ ၂ ဆ

ဒီတော့ ချက်ပြုတ်ကြည့်ရအောင်…

ပြင်ဆင်ကြမယ်

-ကြက်သွန်ဖြူ ကြက်သွန်နီ ဂျင်းတို့ကို ထောင်းလို့ရသလို ကျိပ်လို့ရပါတယ်။ ဓါးဖြင့် အံစာတုံးအရွယ်လေးတွေ လှီးလိုရလည်းရပါတယ်။

-ဈေးမှ ဝယ်ယူလာသော အသားကို တောက်တောက်စဉ်းပါ။ မားကတ်များတွင် စဉ်းပြီးသား အသားများကို ရောင်းပါတယ်။

-ကြက်သွန်မြိတ်/ ကုဆိုင်တို့ကို စင်တီမီတာဝက်လောက် စိပ်ပါ။ ဟင်းချိုတွေမှာ မြင်နေကြပုံစံလေးတွေ

အသားနှပ်ကြမယ်

-ပြင်ဆင်ပြီးသား အစာပလာတွေကို ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီမွှေးတို့ဖြင့် သမအောင် မွှေပါ။

-မိနစ် ၃၀ လောက် အသားကို နှပ်ထားပါ။

ဖက်ထုပ် ထုပ်ကြမယ်

-ဖက်ရွက်လေးတွေကို ကိုင်။ အစာလေးကို လက်ဖက်ရည်ဇွန်းနဲ့ ယူမလား၊ စားပွဲတင်ဇွန်းနဲ့ ယူမလား၊ ကြိုက်နှစ်သက်ရာ အနေလောက်ထည့်ပြီး ထုပ်ပါ။

ကြော်မယ် ချက်မယ် ပေါင်းမယ်

-ဆီအနည်းငယ်ကို ပူအောင်လုပ်

-ဖက်ထုပ်ကို အိုးကပ်ပြီး အရောင်ရအောင် အနည်းငယ်ကြော်ပါ။

-ရေအနည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ ကြော်ချက်လုပ်ပါ။ (အဖုံးလုံဖို့ မမေ့နဲ့နော်)

ထို့နောက် ဖက်ထုပ်မွှေးမွှေးလေး စားလို့ရပါပြီ…

ရကောက် – Akhayar