[ZawGyi]

ေစ်းဝယ္ထြက္ရင္း ကမၻာေျမၾကီးကိုကယ္တင္ၾကမယ္

လူေတြဟာ သဘာဝပတ္ဝန္းက်င္ကိုခ်စ္ျမတ္ႏိုးတဲ႔စိတ္အခံရွိေပမယ္႔ မသိလိုက္မသိဘာသာနဲ႔ပဲ သဘာဝပတ္ဝန္းက်င္ကိုဖ်က္ဆီးေနမိျပန္ပါတယ္။ အသိသာဆံုးကေတာ႔ ပလတ္စတစ္အသံုးျပဳျခင္းပါပဲ။ ဒီေန႔ေခတ္မွာလူေတြဟာ ပလတ္စတစ္အေပၚမွီခုိလြန္းအားၾကီးျပီး ေန႔ရက္တုိင္းမွာ ပလတ္စတစ္ကမပါမျဖစ္ေနရာေရာက္လာပါတယ္။ အစားအေသာက္ဝယ္တဲ႔အခါ ပလတ္စတစ္နဲ႔ထုပ္ပိုးတယ္၊ ကုန္စံုဆုိင္မွာ အခ်ဥ္ထုပ္ေလးဝယ္တာကအစ ပလတ္စတစ္အိတ္ေလးနဲ႔ထည္႔တယ္၊ အေအးေသာက္ရင္လည္း ပလတ္စတစ္ပိုက္တံေလးနဲ႔မွ ၾကည္ၾကည္ႏူးႏူးေသာက္ခ်င္ၾကတယ္။ ဒီလိုေန႔စဥ္ဘဝမွာ ခဏတာသာအသံုးက်တဲ႔ ပလတ္စတစ္ေတြဟာ လံုးဝပ်က္စီးသြားဖုိ႔ဆုိရင္အနည္းဆံုး ႏွစ္ေပါင္း ၄၀၀ ၾကာျမင္႔ပါတယ္။

plastic-waste

plastic-waste

ကိုယ္အသံုးျပဳလုိက္တဲ႔ ပလတ္စတစ္ေတြဟာေနာက္ဆံုးအမိႈက္အျဖစ္နဲ႔ သဘာဝပတ္ဝန္းက်င္ကိုေရာ ပင္လယ္သမုဒၵရာေတြကိုပါ ညစ္ညမ္းေစထိခိုက္ေစပါတယ္။ ပလတ္စတစ္မွာ အဆိပ္ျဖစ္ေစတဲ႔အဆိုးရြားဆံုးေသာညစ္ညမ္းပစၥည္းေတြပါဝင္ျပီး သူတုိ႔ဟာ ေလ၊ ေရ၊ ေျမ မွတဆင္႔ သဘာဝပတ္ဝန္းက်င္နဲ႔ သက္ရွိေတြအားလံုကိုထိခိုက္ပ်က္စီးေစတာျဖစ္ပါတယ္။ ပလတ္စတစ္ေၾကာင္႔ ပင္လယ္သမုဒၵရာထဲက ေရေနသတၱဝါမ်ားစြာဟာ ေန႔စဥ္ေသဆံုးပ်က္စီးေနရပါတယ္။

plastic pollution

plastic pollution

ေရွ႕ကလူေတြေၾကာင္႔ ဆိုးဆိုးရြားရြားပ်က္စီးေနတဲ႔ ကမၻာေျမၾကီးကိုအနာဂတ္လူသားေတြဆီခ်န္ထားခဲ႔ဖုိ႔ တရားပါ႔မလား။ ဒါေၾကာင္႔ကမၻာေျမၾကီးကိုကယ္တင္ဖို႔၊ အနည္းဆံုး ကိုယ္႔ႏိုင္ငံ၊ကိုယ္႔ျမိဳ႕၊ကိုယ္႔ရပ္ကြက္၊ကိုယ္႔လမ္းေတြကိုသန္႔ရွင္းေစဖုိ႔အတြက္ ပလတ္စတစ္သံုးစြဲမႈကိုအသိတရားနဲ႔ေလွ်ာ႔ခ်ၾကဖုိ႔လုိပါတယ္။

ဒီေတာ႔ ေန႔စဥ္ဘဝမွာကိုယ္႔ရဲ႕ပလတ္စတစ္သံုးစြဲမႈကိုဒီလိုနည္းလမ္းေတြနဲ႔ ေလွ်ာ႔ခ်ၾကည္႔ရေအာင္။ အလြယ္ကူဆံုးနည္းကေတာ့ ျငင္းပယ္ျခင္းပါ။

-မလိုအပ္ဘဲနဲ႔တစ္ခါသံုး ပလတ္စတစ္အိတ္၊ အေအးပိုက္လိုပစၥည္းေတြ မသံုးဘူး။

-ေစ်းဆုိင္မွာ ေစ်းဝယ္လုိ႔ပစၥည္းတစ္ခု ႏွစ္ခုထက္မပိုရင္၊ လက္နဲ႔ကိုင္သြားလုိ႔ ကိုယ့္အိတ္ထဲ ထည့္သြားလို႔အဆင္ေျပရင္ ပလတ္စတစ္အိတ္ယူမေနေတာ႔ဘဲ လက္နဲ႔ပဲသယ္လုိ႔ရပါတယ္။

-ေစ်းဝယ္ထြက္ခ်ိန္မွာ ၀ယ္ယူထားတဲ့ပစၥည္းေတြကို ထုပ္ပိုးဖုိ႔အတြက္ ပလတ္စတစ္အိတ္ေတြအစား အႀကိမ္ေပါင္းမ်ားစြာ ျပန္လည္အသံုးျပဳႏိုင္တဲ့ Reusable Bag ေတြကိုသံုးမယ္။

-အေအးေသာက္ရင္ ပလတ္စတစ္ပိုက္သံုးတာမ်ိဳး၊ တစ္ခါသံုးခြက္ေတြနဲ႔ ေကာ္ဖီ အေအးေသာက္တာမ်ိဳး ေရွာင္မယ္။ ရံုးမွာ ေကာ္ဖီခြက္ထားမယ္။ ေသာက္ေရဘူးသီးသန္႔ေဆာင္ထားမယ္။

-အမိႈက္ကိုစနစ္တက်စြန္႔ပစ္မယ္။

dont-use-plastic-straws

dont-use-plastic-straws

နယ္သာလန္အဖြဲ႔အစည္းတစ္ခုရဲ႕ စစ္တမ္းအရ ေန႔စဥ္အမႈိက္တန္ ၂၀၀ ခန္႔က ျမန္မာႏိုင္ငံရွိျမစ္ေတြထဲ စီးဝင္ေနၿပီး ဒီအမႈိက္ေတြရဲ႕ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ားးက တစ္ခါသံုးပလတ္စတစ္အိတ္ေတြ၊ အေအးပိုက္ေတြျဖစ္ပါတယ္။

ထိုနည္းတူ ပလတ္စတစ္အိတ္ေတြအစား ကုိယ္ပိုင္အိတ္ေတြကို အစားထိုးသံုးစြဲတဲ့ အေလ့အက်င့္ကို ျပဳလုပ္သင့္ပါတယ္။ ဘယ္အခ်ိန္ ဘယ္ေနရာမွာပဲျဖစ္ျဖစ္ေစ်း၀ယ္တဲ့အခါ အႀကိမ္ေပါင္းမ်ားစြာ ျပန္လည္အသံုးျပဳလို႔ရတဲ့ Resuable Bag ေတြကိုသံုးမယ္ဆုိရင္ ဒီအခ်က္ေလးေတြကို သတိထားရင္ အဆင္ေျပပါျပီ။

reusable-bags

reusable-bags

-Reusable Bag ေတြကို မိမိသြားလိုရာ အိတ္ထဲမွာ အၿမဲေဆာင္ထားပါ။ ဒါမွ ၾကံဳၾကိဳက္လို႔ေစ်းဝင္ဝယ္ခ်ိန္မွာ အက်ိဳးရွိရွိသံုးျဖစ္မွာပါ။

-အိမ္ေရာက္လုိ႔ ပစၥည္းေတြေနရာခ်ထားသိုျပီးရင္လည္း ဒီအိတ္ေတြကို အိမ္ထဲမွာမထားပါနဲ႔။ ကားထဲမွာအိတ္ကိုသတိတရနဲ႔ ျပန္ထားပါ။

-ကိုယ္ကပစၥည္းမ်ားမ်ားဝယ္ေလ႔ရွိရင္ အိတ္ႀကီးႀကီး (သို႔) မ်ားမ်ားေဆာင္ထားဖို႔လုိပါတယ္။

-အသား ငါး၊ အသီးအႏွံထည္႔ေလ႔ရွိတဲ႔ အိတ္ကိုသတ္သတ္ထားျပီး အဝတ္အထည္နဲ႔ တစ္ကိုယ္ေရသံုးပစၥည္းေတြထည္႔ဖို႔ အိတ္ကိုသတ္သတ္ထားပါ။ အေရာင္မတူတာဝယ္ထားျပီးေတာ႔ ခြဲျခားႏိုင္ပါတယ္။

-ဒီအိတ္ေတြကို တစ္ပတ္တစ္ၾကိမ္ ဒါမွမဟုတ္ ႏွစ္ပတ္တစ္ၾကိမ္ ျပန္ေလွ်ာ္ဖြပ္ျပီးေတာ႔ သံုးႏိုင္ပါတယ္။

-ေစ်းဝယ္ခ်ိန္မွာ ကိုယ္က ပလတ္စတစ္အိတ္မသံုးဘဲ Reusable Bag ထဲထည္႔မယ္ဆုိတဲ႔အေၾကာင္းကို Cashier ကို ႀကိဳတင္ေျပာပါ။

-ေငြရွင္းေကာင္တာမွာလူေတြအရမ္းမ်ားေနခ်ိန္မ်ိဳးဆိုရင္ ကိုယ္ကအိတ္ကိုအဆင္သင္႔ ျပင္ဆင္ျပီးသားျဖစ္ေနသင္႔ပါတယ္။ ပစၥည္းထည္႔ေတာ႔မယ္ဆုိမွ အိတ္ကိုဖြင္႔ေန ျဖန္႔ေနတာမ်ိဳးမျဖစ္ေစဖုိ႔အတြက္ပါ။

ဒီလုိရိုးရွင္းတဲ႔နည္းေလးေတြနဲ႔ ပလတ္စတစ္အသံုးျပဳမႈကိုေလွ်ာ႔ခ်ျပီး က်န္းမာတဲ႔ကမၻာေျမၾကီးကို တစ္ဖန္ျပန္လည္တည္ေဆာက္ၾကရေအာင္။

www.akhayar.com

[Unicode]

ဈေးဝယ်ထွက်ရင်း ကမ္ဘာမြေကြီးကိုကယ်တင်ကြမယ်

လူတွေဟာ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတဲ့စိတ်အခံရှိပေမယ့် မသိလိုက်မသိဘာသာနဲ့ပဲ သဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးနေမိပြန်ပါတယ်။ အသိသာဆုံးကတော့ ပလတ်စတစ်အသုံးပြုခြင်းပါပဲ။ ဒီနေ့ခေတ်မှာလူတွေဟာ ပလတ်စတစ်အပေါ်မှီခိုလွန်းအားကြီးပြီး နေ့ရက်တိုင်းမှာ ပလတ်စတစ်ကမပါမဖြစ်နေရာရောက်လာပါတယ်။ အစားအသောက်ဝယ်တဲ့အခါ ပလတ်စတစ်နဲ့ထုပ်ပိုးတယ်၊ ကုန်စုံဆိုင်မှာ အချဉ်ထုပ်လေးဝယ်တာကအစ ပလတ်စတစ်အိတ်လေးနဲ့ထည့်တယ်၊ အအေးသောက်ရင်လည်း ပလတ်စတစ်ပိုက်တံလေးနဲ့မှ ကြည်ကြည်နူးနူးသောက်ချင်ကြတယ်။ ဒီလိုနေ့စဉ်ဘဝမှာ ခဏတာသာအသုံးကျတဲ့ ပလတ်စတစ်တွေဟာ လုံးဝပျက်စီးသွားဖို့ဆိုရင်အနည်းဆုံး နှစ်ပေါင်း ၄၀၀ ကြာမြင့်ပါတယ်။

plastic-waste

plastic-waste

ကိုယ်အသုံးပြုလိုက်တဲ့ ပလတ်စတစ်တွေဟာနောက်ဆုံးအမှိုက်အဖြစ်နဲ့ သဘာဝပတ်ဝန်းကျင်ကိုရော ပင်လယ်သမုဒ္ဒရာတွေကိုပါ ညစ်ညမ်းစေထိခိုက်စေပါတယ်။ ပလတ်စတစ်မှာ အဆိပ်ဖြစ်စေတဲ့အဆိုးရွားဆုံးသောညစ်ညမ်းပစ္စည်းတွေပါဝင်ပြီး သူတို့ဟာ လေ၊ ရေ၊ မြေ မှတဆင့် သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိတွေအားလုံကိုထိခိုက်ပျက်စီးစေတာဖြစ်ပါတယ်။ ပလတ်စတစ်ကြောင့် ပင်လယ်သမုဒ္ဒရာထဲက ရေနေသတ္တဝါများစွာဟာ နေ့စဉ်သေဆုံးပျက်စီးနေရပါတယ်။

plastic pollution

plastic pollution

ရှေ့ကလူတွေကြောင့် ဆိုးဆိုးရွားရွားပျက်စီးနေတဲ့ ကမ္ဘာမြေကြီးကိုအနာဂတ်လူသားတွေဆီချန်ထားခဲ့ဖို့ တရားပါ့မလား။ ဒါကြောင့်ကမ္ဘာမြေကြီးကိုကယ်တင်ဖို့၊ အနည်းဆုံး ကိုယ့်နိုင်ငံ၊ကိုယ့်မြို့၊ကိုယ့်ရပ်ကွက်၊ကိုယ့်လမ်းတွေကိုသန့်ရှင်းစေဖို့အတွက် ပလတ်စတစ်သုံးစွဲမှုကိုအသိတရားနဲ့လျှော့ချကြဖို့လိုပါတယ်။

ဒီတော့ နေ့စဉ်ဘဝမှာကိုယ့်ရဲ့ပလတ်စတစ်သုံးစွဲမှုကိုဒီလိုနည်းလမ်းတွေနဲ့ လျှော့ချကြည့်ရအောင်။ အလွယ်ကူဆုံးနည်းကတော့ ငြင်းပယ်ခြင်းပါ။

-မလိုအပ်ဘဲနဲ့တစ်ခါသုံး ပလတ်စတစ်အိတ်၊ အအေးပိုက်လိုပစ္စည်းတွေ မသုံးဘူး။

-ဈေးဆိုင်မှာ ဈေးဝယ်လို့ပစ္စည်းတစ်ခု နှစ်ခုထက်မပိုရင်၊ လက်နဲ့ကိုင်သွားလို့ ကိုယ့်အိတ်ထဲ ထည့်သွားလို့အဆင်ပြေရင် ပလတ်စတစ်အိတ်ယူမနေတော့ဘဲ လက်နဲ့ပဲသယ်လို့ရပါတယ်။

-ဈေးဝယ်ထွက်ချိန်မှာ ဝယ်ယူထားတဲ့ပစ္စည်းတွေကို ထုပ်ပိုးဖို့အတွက် ပလတ်စတစ်အိတ်တွေအစား အကြိမ်ပေါင်းများစွာ ပြန်လည်အသုံးပြုနိုင်တဲ့ Reusable Bag တွေကိုသုံးမယ်။

-အအေးသောက်ရင် ပလတ်စတစ်ပိုက်သုံးတာမျိုး၊ တစ်ခါသုံးခွက်တွေနဲ့ ကော်ဖီ အအေးသောက်တာမျိုး ရှောင်မယ်။ ရုံးမှာ ကော်ဖီခွက်ထားမယ်။ သောက်ရေဘူးသီးသန့်ဆောင်ထားမယ်။

-အမှိုက်ကိုစနစ်တကျစွန့်ပစ်မယ်။

dont-use-plastic-straws

dont-use-plastic-straws

နယ်သာလန်အဖွဲ့အစည်းတစ်ခုရဲ့ စစ်တမ်းအရ နေ့စဉ်အမှိုက်တန် ၂၀၀ ခန့်က မြန်မာနိုင်ငံရှိမြစ်တွေထဲ စီးဝင်နေပြီး ဒီအမှိုက်တွေရဲ့ ရာခိုင်နှုန်းတော်တော်များများးက တစ်ခါသုံးပလတ်စတစ်အိတ်တွေ၊ အအေးပိုက်တွေဖြစ်ပါတယ်။

ထိုနည်းတူ ပလတ်စတစ်အိတ်တွေအစား ကိုယ်ပိုင်အိတ်တွေကို အစားထိုးသုံးစွဲတဲ့ အလေ့အကျင့်ကို ပြုလုပ်သင့်ပါတယ်။ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ်ဈေးဝယ်တဲ့အခါ အကြိမ်ပေါင်းများစွာ ပြန်လည်အသုံးပြုလို့ရတဲ့ Resuable Bag တွေကိုသုံးမယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားရင် အဆင်ပြေပါပြီ။

reusable-bags

reusable-bags

-Reusable Bag တွေကို မိမိသွားလိုရာ အိတ်ထဲမှာ အမြဲဆောင်ထားပါ။ ဒါမှ ကြုံကြိုက်လို့ဈေးဝင်ဝယ်ချိန်မှာ အကျိုးရှိရှိသုံးဖြစ်မှာပါ။

-အိမ်ရောက်လို့ ပစ္စည်းတွေနေရာချထားသိုပြီးရင်လည်း ဒီအိတ်တွေကို အိမ်ထဲမှာမထားပါနဲ့။ ကားထဲမှာအိတ်ကိုသတိတရနဲ့ ပြန်ထားပါ။

-ကိုယ်ကပစ္စည်းများများဝယ်လေ့ရှိရင် အိတ်ကြီးကြီး (သို့) များများဆောင်ထားဖို့လိုပါတယ်။

-အသား ငါး၊ အသီးအနှံထည့်လေ့ရှိတဲ့ အိတ်ကိုသတ်သတ်ထားပြီး အဝတ်အထည်နဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေထည့်ဖို့ အိတ်ကိုသတ်သတ်ထားပါ။ အရောင်မတူတာဝယ်ထားပြီးတော့ ခွဲခြားနိုင်ပါတယ်။

-ဒီအိတ်တွေကို တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် နှစ်ပတ်တစ်ကြိမ် ပြန်လျှော်ဖွပ်ပြီးတော့ သုံးနိုင်ပါတယ်။

-ဈေးဝယ်ချိန်မှာ ကိုယ်က ပလတ်စတစ်အိတ်မသုံးဘဲ Reusable Bag ထဲထည့်မယ်ဆိုတဲ့အကြောင်းကို Cashier ကို ကြိုတင်ပြောပါ။

-ငွေရှင်းကောင်တာမှာလူတွေအရမ်းများနေချိန်မျိုးဆိုရင် ကိုယ်ကအိတ်ကိုအဆင်သင့် ပြင်ဆင်ပြီးသားဖြစ်နေသင့်ပါတယ်။ ပစ္စည်းထည့်တော့မယ်ဆိုမှ အိတ်ကိုဖွင့်နေ ဖြန့်နေတာမျိုးမဖြစ်စေဖို့အတွက်ပါ။

ဒီလိုရိုးရှင်းတဲ့နည်းလေးတွေနဲ့ ပလတ်စတစ်အသုံးပြုမှုကိုလျှော့ချပြီး ကျန်းမာတဲ့ကမ္ဘာမြေကြီးကို တစ်ဖန်ပြန်လည်တည်ဆောက်ကြရအောင်။

www.akhayar.com