[Zawgyi]

ေဒါင္းနီဆိုတဲ့ မဟုတ္မခံမိန္းမတစ္ေယာက္ေနရာကေန သရုပ္ေဆာင္သြားမယ့္ အိျႏၵာေက်ာ္ဇင္

ဟစ္တိုင္ဆိုတဲ့ သက္ငယ္မုဒိမ္းပညာေပးရိုက္ကူးမယ့္ ရုပ္ရွင္ဇာတ္ကားအတြက္ အိျႏၵာေက်ာ္ဇင္ ကသူမပါဝင္မယ့္ဇာတ္ေကာင္ေနရာ နဲ႔ ဒီဇာတ္ကားမွာဘယ္လိုေတြသရုပ္ေဆာင္သြားမယ္ဆိုတာေတြကို ေျပာျပခဲ့ပါတယ္။

ဒီဇာတ္ကား ရိုက္ဖို႔အတြက္လက္ခံျဖစ္တဲ့ အေၾကာင္း ကို အိျႏၵာေက်ာ္ဇင္ကအခုလိုေျပာပါတယ္။

“တျခားကားေတြကို ျငင္းတာကလည္း အေျခအေနအရအေၾကာင္းတရားကမတိုက္ဆိုင္လို႕ရယ္ ၿပီးေတာ့ ရိုက္ဖုိ႔အတြက္ကိုအဆင္မေျပဘူး။ ေနာက္ၿပီးေတာ့ ကေလးေက်ာင္းကိစၥေတြေၾကာင့္ အျပင္ထြက္ဖို႔အဆင္မေျပလို႔ အရင္တုန္းကျငင္းပစ္ခဲ့တဲ့ ကားေတြရွိပါတယ္။ အခုဒီကားကေတာ့ ကေလးေတြေက်ာင္းပိတ္ေနတဲ့အခ်ိန္လည္းျဖစ္တယ္ ဒီကားကအခုဇူလိုင္ ရိုက္မွာဆိုေတာ့ နယ္ထြက္ၿပီးေတာ့ရိုက္ဖို႔အဆင္ေျပတယ္။ ေနာက္ၿပီး ဇာတ္လမ္းအရမ္းေကာင္းပါတယ္။ ဝတၱဳမွာတည္း ကအရမ္းေပါက္ထားတဲ့ဇာတ္ျဖစ္လို႔ ဒီဇာတ္ကုိလာငွားေပးတဲ့ ကုမၸဏီကိုလည္း ေက်းဇူးတင္သလို ဒါရိုက္တာကိုလည္း ေက်းဇူးတင္ပါတယ္”။

 

ဇာတ္ကားထဲမွာ သရုပ္ေဆာင္ရမယ့္ကာရိုက္တာ ေဒါင္းနီရဲ ႔စိတ္ဓါတ္အေၾကာင္းကိုလည္း အခုလိုေျပာျပပါတယ္။

“ေဒါင္းနီရဲ ႔စိတ္ဓါတ္ကေတာ့ မဟုတ္မခံ စိတ္ဓါတ္ရွိသလို သူ႔ဘဝမွာအဓိကျဖစ္တဲ့ သူ႔သမီးေလး ကိုခ်စ္တဲ့စိတ္နဲ႔ အရာအားလံုးကိုစြန္႔လႊတ္နိုင္တယ္ ဆိုတဲ့သူမ်ိဳးေပါ့ေလ။ ဒီဇာတ္ကားကသက္ငယ္မုဒိမ္းကို ပညာေပးအေနနဲ႔ ျပသခ်င္တဲ့ဇာတ္ကားေကာင္းတစ္ခုပါ။ သမီးအတြက္လက္တုန္႔ျပန္မယ့္ အေမေနရာကေနၿပီးသရုပ္ေဆာင္သြားမွာပါ”။

အဓိကသရုပ္ေဆာင္ဆိုေပမယ့္လည္း ရင္ဘတ္ထဲကဓါးနဲ႔မတူတဲ့အေၾကာင္းကိုလည္း အခုလိုေျပာပါတယ္။

“ေျပာရမယ္ဆိုရင္ေတာ့ ရင္ဘတ္ထဲကဓါးနဲ႔ေတာ့လံုးဝမတူပါဘူး။ ရင္ဘတ္ထဲကဓါးက်ေတာ့လည္း ကုမၸဏီဝန္ထမ္းအမ်ိဳးသမီးေပါ့ေနာ္ ဒါေပမယ့္လို႔သူ႔ရဲ ႔စိတ္ေတြ ကျပင္းထန္တယ္ ၊ ဒီဟာကက်ေတာ့ ကာရိုက္တာကိုပါပံုေဖာ္ရမွာ တစ္ခုပိုပါတယ္။ ေဒါင္းနီရဲ ႔စိတ္ဓါတ္နဲ႔ လႈပ္ရွားပံုေတြကနည္းနည္း ၾကမ္းတယ္။ နယ္ၿမိဳ ႔မွာ ေနထိုင္တဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔သရုပ္ေဆာင္ရမွာ ျဖစ္တာေၾကာင့္ ရင္ဘတ္ထဲက ဓါးနဲ႔ေတာ့ နဲနဲကြဲပါတယ္”။

ဒီဇာတ္ကားမွာပါဝင္ရတဲ့ အတြက္ေက်နပ္မိတဲ့အေၾကာင္းကိုလည္းအခုလိုေျပာပါတယ္။

“ဒီလိုပညာေပးဇာတ္လမ္းမ်ိဳးမွာ ပါဝင္ၿပီးေတာ့သရုပ္ေဆာင္ရတဲ့အတြက္ေတာ္ေတာ္ေလးကို ေက်နပ္မိပါတယ္။ အေကာင္းဆံုးလည္း လုပ္ဖို႔ဆံုးျဖတ္ထားပါတယ္။ ပရိသတ္အတြက္ဒီဟစ္တိုင္ဇာတ္ကားကို အေကာင္းဆံုးျဖစ္ေအာင္ႀကိဳးစားပါ့မယ္ အားေပးၾကပါလို႔ေျပာခ်င္ပါတယ္”။

ၾကည္သာ (Akhayar)

Photo Credit: Eaindra Kyaw Zin Facebook Page ၊ Su Myat (Akhayar)

www.akhayar.com
[Unicode]

ဒေါင်းနီဆိုတဲ့ မဟုတ်မခံမိန်းမတစ်ယောက် နေရာကနေ သရုပ်ဆောင်သွားမယ့် အိန္ဒြာကျော်ဇင်

ဟစ်တိုင်ဆိုတဲ့ သက်ငယ်မုဒိမ်းပညာပေးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် အိန္ဒြာကျော်ဇင် ကသူမပါဝင်မယ့်ဇာတ်ကောင်နေရာ နဲ့ ဒီဇာတ်ကားမှာဘယ်လိုတွေသရုပ်ဆောင်သွားမယ်ဆိုတာတွေကို ပြောပြခဲ့ပါတယ်။

ဒီဇာတ်ကား ရိုက်ဖို့အတွက်လက်ခံဖြစ်တဲ့ အကြောင်း ကို အိန္ဒြာကျော်ဇင်ကအခုလိုပြောပါတယ်။

“တခြားကားတွေကို ငြင်းတာကလည်း အခြေအနေအရအကြောင်းတရားကမတိုက်ဆိုင်လို့ရယ် ပြီးတော့ ရိုက်ဖို့အတွက်ကိုအဆင်မပြေဘူး။ နောက်ပြီးတော့ ကလေးကျောင်းကိစ္စတွေကြောင့် အပြင်ထွက်ဖို့အဆင်မပြေလို့ အရင်တုန်းကငြင်းပစ်ခဲ့တဲ့ ကားတွေရှိပါတယ်။ အခုဒီကားကတော့ ကလေးတွေကျောင်းပိတ်နေတဲ့အချိန်လည်းဖြစ်တယ် ဒီကားကအခုဇူလိုင် ရိုက်မှာဆိုတော့ နယ်ထွက်ပြီးတော့ရိုက်ဖို့အဆင်ပြေတယ်။ နောက်ပြီး ဇာတ်လမ်းအရမ်းကောင်းပါတယ်။ ဝတ္တုမှာတည်း ကအရမ်းပေါက်ထားတဲ့ဇာတ်ဖြစ်လို့ ဒီဇာတ်ကိုလာငှားပေးတဲ့ ကုမ္ပဏီကိုလည်း ကျေးဇူးတင်သလို ဒါရိုက်တာကိုလည်း ကျေးဇူးတင်ပါတယ်”။

 

ဇာတ်ကားထဲမှာ သရုပ်ဆောင်ရမယ့်ကာရိုက်တာ ဒေါင်းနီရဲ့စိတ်ဓါတ်အကြောင်းကိုလည်း အခုလိုပြောပြပါတယ်။

“ဒေါင်းနီရဲ့စိတ်ဓါတ်ကတော့ မဟုတ်မခံ စိတ်ဓါတ်ရှိသလို သူ့ဘဝမှာအဓိကဖြစ်တဲ့ သူ့သမီးလေး ကိုချစ်တဲ့စိတ်နဲ့ အရာအားလုံးကိုစွန့်လွှတ်နိုင်တယ် ဆိုတဲ့သူမျိုးပေါ့လေ။ ဒီဇာတ်ကားကသက်ငယ်မုဒိမ်းကို ပညာပေးအနေနဲ့ ပြသချင်တဲ့ဇာတ်ကားကောင်းတစ်ခုပါ။ သမီးအတွက်လက်တုန့်ပြန်မယ့် အမေနေရာကနေပြီးသရုပ်ဆောင်သွားမှာပါ”။

အဓိကသရုပ်ဆောင်ဆိုပေမယ့်လည်း ရင်ဘတ်ထဲကဓါးနဲ့မတူတဲ့အကြောင်းကိုလည်း အခုလိုပြောပါတယ်။

“ပြောရမယ်ဆိုရင်တော့ ရင်ဘတ်ထဲကဓါးနဲ့တော့လုံးဝမတူပါဘူး။ ရင်ဘတ်ထဲကဓါးကျတော့လည်း ကုမ္ပဏီဝန်ထမ်းအမျိုးသမီးပေါ့နော် ဒါပေမယ့်လို့သူ့ရဲ့စိတ်တွေ ကပြင်းထန်တယ် ၊ ဒီဟာကကျတော့ ကာရိုက်တာကိုပါပုံဖော်ရမှာ တစ်ခုပိုပါတယ်။ ဒေါင်းနီရဲ့စိတ်ဓါတ်နဲ့ လှုပ်ရှားပုံတွေကနည်းနည်း ကြမ်းတယ်။ နယ်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့သရုပ်ဆောင်ရမှာ ဖြစ်တာကြောင့် ရင်ဘတ်ထဲက ဓါးနဲ့တော့ နဲနဲကွဲပါတယ်”။

ဒီဇာတ်ကားမှာပါဝင်ရတဲ့ အတွက်ကျေနပ်မိတဲ့အကြောင်းကိုလည်းအခုလိုပြောပါတယ်။

“ဒီလိုပညာပေးဇာတ်လမ်းမျိုးမှာ ပါဝင်ပြီးတော့သရုပ်ဆောင်ရတဲ့အတွက်တော်တော်လေးကို ကျေနပ်မိပါတယ်။ အကောင်းဆုံးလည်း လုပ်ဖို့ဆုံးဖြတ်ထားပါတယ်။ ပရိသတ်အတွက်ဒီဟစ်တိုင်ဇာတ်ကားကို အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ့မယ် အားပေးကြပါလို့ပြောချင်ပါတယ်”။

ကြည်သာ (Akhayar)

Photo Credit: Eaindra Kyaw Zin Facebook Page ၊ Su Myat (Akhayar)

www.akhayar.com