[Zawgyi]

ခ်စ္သူနဲ႔ ဘယ္လိုစေတြ႔ခဲ့တယ္ဆိုတဲ့အေၾကာင္းကို ေျပာျပခဲ့တဲ့ ေရႊအိမ္စည္

ေမာ္ဒယ္မင္းသမီးေလး ေရႊအိမ္စည္ ရဲ ႔ အခ်စ္ေရးနဲ႔ပတ္သက္လို႔ အနည္းငယ္ေမးျမန္းျဖစ္ခဲ့ပါတယ္။ သူမနဲ႔ ကိုေအးေနဝင္းတို႕ ဘယ္လုိေတြ႕ဆံုခဲ့ၾကတာလဲဆိုတာနဲ႔ အခ်စ္ေရးစတင္ျဖစ္ခဲ့တာေတြကို သူမရဲ ႔ပရိသတ္ေတြ အတြက္ ပြင့္ပြင့္လင္းလင္းေျပာျပခဲ့တာလည္း ျဖစ္ပါတယ္။

“အိမ္စည္ကေလ အခ်စ္ေရးကို ဖုံးကြယ္မထားပါဘူး။ ကိုယ္ဘယ္သြားသြားဘာလုပ္လုပ္ ဘယ္စကားေျပာလိုက္ေျပာလိုက္ အျမဲတမ္းစိတ္ဝင္စားျခင္းခံရတယ္ ဒီအရာေတြေပၚမွာ မႀကိဳက္တာေတာ့မဟုတ္ဘူး ဒါေပမယ့္လည္းကိုယ္ဘာလုပ္လုပ္မလြတ္ပါလားဆိုတဲ့ စိတ္ေတာ့ ျဖစ္မိတယ္။ဒါေပမယ့္ အဲ့ဒါကလြဲၿပီးေတာ့အိမ္စည္ ဒီလိုမ်ိဳး Public မွာ ခ်တြဲျပေနၿပီဆိုကတည္းက Reaction ေတြလာမယ္ဆိုတာကို အိမ္စည္သိပါတယ္။ အစတည္းက ဒီလိုျဖစ္မယ္ဆိုတာကိုသိၿပီးေတာ့လုပ္ခဲ့တဲ့ အရာေတြခ်ည္းပဲဆိုေတာ့ေလ”။

“အစ္ကိုနဲ႔ Relationship ကေတာ့ ၂ နွစ္ေက်ာ္သြားၿပီ။သူငယ္ခ်င္းသက္တမ္းကေတာ့ အဲ့ထက္ပုိၾကာပါတယ္။ အမွတ္တရကေတာ့ စစေတြ႔တုန္းက သူဘာလဲ ဆိုတာကိုလည္း ကိုယ္မသိဘူး အိမ္စည္ လန္ဒန္ကစေရာက္ခါစဆိုေတာ့ေလမသိပါဘူး”။

“အဲ့အခ်ိန္အစ္ကိုပံုစံ ကေလကိုယ့္ကိုခ်ည္းကပ္ဖို႔ကိုမဝင့္မရဲျဖစ္ေနတဲ့ သူေပါ့ေလ။ ေနာက္ေတာ့ မွလာၿပီးစကားစေျပာတယ္ ဘယ္လိုစေျပာတာလဲဆိုေတာ့ လန္ဒန္မွာတုန္းက ၿမိဳ႕အတူတူေနခဲ့ဖူးတယ္ ဆိုတာကို သူက အိမ္စည္ရဲ ႔ ပရိုဖိုင္းကိုၾကည့္ၿပီးသိသြားတာေတာ့ အဲ့မွာစကားေတြနဲ႔ ခ်ဥ္းကပ္ေတာ့တာပါပဲ။ ဟိုမွာလည္း ေနလာတာျဖစ္တယ္ဆိုေတာ့ နိုင္ငံျခားကသူငယ္ခ်င္းေတြကို သတိရေနတဲ့ ဘယ္သူမွလည္းမရွိတဲ့အခ်ိန္ အဲ့ကေၾကာင္းေလးေတြေျပာၿပီးခင္သြားၾကတာပါ။သူက အဲ့ေလာက္မဆိုးပါဘူး။ အိမ္စည္ေျပာခ်င္တာကေတာ့ အိမ္စည္အတြက္ကေတာ့ အိုေကပါတယ္။ အျပင္မွာေတြ႔ဖူးတဲ့သူေတြသိၾကပါတယ္ အစ္ကိုကသေဘာေကာင္းပါတယ္” လို႔ ေမာ္ဒယ္မင္းသမီးေလး ေရႊအိမ္စည္ က သူမရဲ ႔ အခ်စ္ေရး ကို အခုလိုေျပာျပခဲ့တာျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Shwe Eain Si Facebook ၊ ေအးေနဝင္း Aye NeWin Facebook Page

www.akhayar.com
[Unicode]

ချစ်သူနဲ့ ဘယ်လိုစတွေ့ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့တဲ့ ရွှေအိမ်စည်

မော်ဒယ်မင်းသမီးလေး ရွှေအိမ်စည် ရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ အနည်းငယ်မေးမြန်းဖြစ်ခဲ့ပါတယ်။ သူမနဲ့ ကိုအေးနေဝင်းတို့ ဘယ်လိုတွေ့ဆုံခဲ့ကြတာလဲဆိုတာနဲ့ အချစ်ရေးစတင်ဖြစ်ခဲ့တာတွေကို သူမရဲ့ပရိသတ်တွေ အတွက် ပွင့်ပွင့်လင်းလင်းပြောပြခဲ့တာလည်း ဖြစ်ပါတယ်။

“အိမ်စည်ကလေ အချစ်ရေးကို ဖုံးကွယ်မထားပါဘူး။ ကိုယ်ဘယ်သွားသွားဘာလုပ်လုပ် ဘယ်စကားပြောလိုက်ပြောလိုက် အမြဲတမ်းစိတ်ဝင်စားခြင်းခံရတယ် ဒီအရာတွေပေါ်မှာ မကြိုက်တာတော့မဟုတ်ဘူး ဒါပေမယ့်လည်းကိုယ်ဘာလုပ်လုပ်မလွတ်ပါလားဆိုတဲ့ စိတ်တော့ ဖြစ်မိတယ်။ဒါပေမယ့် အဲ့ဒါကလွဲပြီးတော့အိမ်စည် ဒီလိုမျိုး Public မှာ ချတွဲပြနေပြီဆိုကတည်းက Reaction တွေလာမယ်ဆိုတာကို အိမ်စည်သိပါတယ်။ အစတည်းက ဒီလိုဖြစ်မယ်ဆိုတာကိုသိပြီးတော့လုပ်ခဲ့တဲ့ အရာတွေချည်းပဲဆိုတော့လေ”။

“အစ်ကိုနဲ့ Relationship ကတော့ ၂ နှစ်ကျော်သွားပြီ။သူငယ်ချင်းသက်တမ်းကတော့ အဲ့ထက်ပိုကြာပါတယ်။ အမှတ်တရကတော့ စစတွေ့တုန်းက သူဘာလဲ ဆိုတာကိုလည်း ကိုယ်မသိဘူး အိမ်စည် လန်ဒန်ကစရောက်ခါစဆိုတော့လေမသိပါဘူး”။

“အဲ့အချိန်အစ်ကိုပုံစံ ကလေကိုယ့်ကိုချည်းကပ်ဖို့ကိုမဝင့်မရဲဖြစ်နေတဲ့ သူပေါ့လေ။ နောက်တော့ မှလာပြီးစကားစပြောတယ် ဘယ်လိုစပြောတာလဲဆိုတော့ လန်ဒန်မှာတုန်းက မြို့အတူတူနေခဲ့ဖူးတယ် ဆိုတာကို သူက အိမ်စည်ရဲ့ ပရိုဖိုင်းကိုကြည့်ပြီးသိသွားတာတော့ အဲ့မှာစကားတွေနဲ့ ချဉ်းကပ်တော့တာပါပဲ။ ဟိုမှာလည်း နေလာတာဖြစ်တယ်ဆိုတော့ နိုင်ငံခြားကသူငယ်ချင်းတွေကို သတိရနေတဲ့ ဘယ်သူမှလည်းမရှိတဲ့အချိန် အဲ့ကကြောင်းလေးတွေပြောပြီးခင်သွားကြတာပါ။သူက အဲ့လောက်မဆိုးပါဘူး။ အိမ်စည်ပြောချင်တာကတော့ အိမ်စည်အတွက်ကတော့ အိုကေပါတယ်။ အပြင်မှာတွေ့ဖူးတဲ့သူတွေသိကြပါတယ် အစ်ကိုကသဘောကောင်းပါတယ်” လို့ မော်ဒယ်မင်းသမီးလေး ရွှေအိမ်စည် က သူမရဲ့ အချစ်ရေး ကို အခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Shwe Eain Si Facebook ၊ အေးနေဝင်း Aye NeWin Facebook Page

www.akhayar.com