ရင္ဘတ္ထဲကဓားဇာတ္ကားနဲ႔ အိျႏၵာေက်ာ္ဇင္ကို ဘာလို႔အကယ္ဒမီမွန္းၾကတာလဲ

Eaindra Kyaw Zin

[Zawgyi]

ရင္ဘတ္ထဲကဓားဇာတ္ကားနဲ႔ အိျႏၵာေက်ာ္ဇင္ကို ဘာလို႔အကယ္ဒမီမွန္းၾကတာလဲ

လာမယ့္ေအာက္တိုဘာ ၂၇ ရက္ေန႔မွာ ရံုတင္ျပသေတာ့မယ့္ ရင္ဘတ္ထဲကဓား ရုပ္ရွင္ကားႀကီးနဲ႔ အိျႏၵာေက်ာ္ဇင္ဟာ အကယ္ဒမီရႏိုင္တယ္ဆိုၿပီး သူ႔ရဲ႕ပရိသတ္ေတြက ေမွ်ာ္မွန္းေနၾကပါတယ္။

Oktoberfest
Oktoberfest

ဒီဇာတ္ကားဟာ စာေရးဆရာမလမင္းမုိမုိရဲ႕ အေမွာင္ထဲမွာဆိုတဲ့ဇာတ္လမ္းကို ဒါရုိက္တာဝိုင္းက ပံုေဖာ္ရိုက္ကူးထားတာျဖစ္ပါတယ္။ ဇာတ္ကားနမူနာအရ မင္းသမီးအဓိကဇာတ္ျဖစ္ၿပီး အရာရာကိုေမွ်ာ္မွန္းခ်က္ႀကီးႀကီးထားတတ္ၿပီး အၿမဲတမ္းႀကိဳးစားေနတဲ့ ထက္ျမက္တဲ့မိန္းမတစ္ေယာက္ဟာ သူမရဲ႕ အိမ္ေထာင္ေရးမွာလည္း ေမွ်ာ္လင့္ခ်က္ေတြ အမ်ားႀကီးရွိတယ္ဆိုတာမ်ိဴးကို ထိထိမိမိတင္ဆက္ထားပါတယ္။

သူမကို ဘာေၾကာင့္ ပရိသတ္ေတြက အကယ္ဒမီမွန္းလဲဆိုတာကို သူမရဲ႕သဘာဝက်လြန္းတဲ႔ သရုပ္ေဆာင္ခ်က္ေတြနဲ႔ ေပးခ်င္တဲ့ရသကို ပရိသတ္ရင္ထဲကို တိုက္ရိုက္ထည့္ေပးလုိက္ႏိုင္တာကိုၾကည့္ရင္သိႏိုင္ပါတယ္။

ရင္ဘတ္ထဲကဓားရုပ္ရွင္ကားမွာ အကယ္ဒမီေျပတီဦး၊ အကယ္ဒမီထြန္းအိျႏၵာဗုိ၊ အကယ္ဒမီအိျႏၵာေက်ာ္ဇင္၊ အကယ္ဒမီျမတ္ေကသီေအာင္၊ ေနဆန္း နဲ႔ ေမကဗ်ာတို႔က အဓိကပါဝင္သရုပ္ေဆာင္ထားပါတယ္။

ဒါ့အျပင္ ဒီဇာတ္ကားမွာ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ရဲ႕ သာယာခ်မ္းေျမ႕တဲ့ တကယ့္မိသားစုဘဝေလးနဲ႔ လံုးဝဆန္႔က်င္တဲ့ အိမ္ေထာင္ေရးဇာတ္လမ္းမ်ိဳးကို သူတို႔ဇနီးေမာင္ႏွံကပဲ ျပန္လည္သရုပ္ေဆာင္ထားတာေၾကာင့္ ထူးျခားဆန္းသစ္တဲ့ရသေတြနဲ႔ ဇာတ္ေကာင္စရိုက္ေတြကို သဘာဝက်က်ျမင္ေတြ႔ရမွာျဖစ္လို႔ လာမယ့္ေအာက္တိုဘာ ၂၇ ရက္ေန႔ကစၿပီး ရုံတင္ျပသတဲ့အခ်ိန္က်ရင္လည္း သြားၾကည့္ဖို႔ လက္မလႊတ္သင့္တဲ႔ဇာတ္ကားေကာင္းျဖစ္ပါတယ္။

ဒီဇာတ္ကားက မင္းသမီးအသားေပး ဇာတ္ကားၿဖစ္ၿပီး ဒီဇာတ္ကား နမူနာကို ေဖ့စ္ဘြတ္မွာတင္ခဲ့တဲ့အခ်ိန္မွာပဲၾကိဳက္ႏွစ္သက္သူမ်ားခဲ့ပါတယ္။ ဇာတ္ကားထဲက သံုးႏႈန္းသြားတဲ့စကားလံုးေတြနဲ့ သရုပ္ေဆာင္ခ်က္ေတြပီၿပင္လြန္းေနတာေၾကာင္႔ အိၿႏၵာေက်ာ္ဇင္ အေပၚေကာင္းမြန္တဲ့ မွတ္ခ်က္ေတြအမ်ားအၿပားရွိခဲ့ပါတယ္။ဒီဇာတ္ကားနမူနာကိုၾကည့္ၿပီးတဲ့ သူ႔ရဲ႕ပရိတ္သတ္ေတာ္ေတာ္မ်ားမ်ားက သူမဟာ ဒီဇာတ္ကားမွာ အကယ္ဒမီထပ္ရနိုင္တယ္ဆိုတဲ့ မွတ္ခ်က္ေတြအမ်ားအျပားၿပဳခဲ့ၾကပါတယ္။

www.akhayar.com

[Unicode]

ရင်ဘတ်ထဲကဓားဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင်ကို ဘာလို့အကယ်ဒမီမှန်းကြတာလဲ

လာမယ့်အောက်တိုဘာ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ရင်ဘတ်ထဲကဓား ရုပ်ရှင်ကားကြီးနဲ့ အိန္ဒြာကျော်ဇင်ဟာ အကယ်ဒမီရနိုင်တယ်ဆိုပြီး သူ့ရဲ့ပရိသတ်တွေက မျှော်မှန်းနေကြပါတယ်။

Oktoberfest
Oktoberfest

ဒီဇာတ်ကားဟာ စာရေးဆရာမလမင်းမိုမိုရဲ့ အမှောင်ထဲမှာဆိုတဲ့ဇာတ်လမ်းကို ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားနမူနာအရ မင်းသမီးအဓိကဇာတ်ဖြစ်ပြီး အရာရာကိုမျှော်မှန်းချက်ကြီးကြီးထားတတ်ပြီး အမြဲတမ်းကြိုးစားနေတဲ့ ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာ သူမရဲ့ အိမ်ထောင်ရေးမှာလည်း မျှော်လင့်ချက်တွေ အများကြီးရှိတယ်ဆိုတာမျိူးကို ထိထိမိမိတင်ဆက်ထားပါတယ်။

သူမကို ဘာကြောင့် ပရိသတ်တွေက အကယ်ဒမီမှန်းလဲဆိုတာကို သူမရဲ့သဘာဝကျလွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပေးချင်တဲ့ရသကို ပရိသတ်ရင်ထဲကို တိုက်ရိုက်ထည့်ပေးလိုက်နိုင်တာကိုကြည့်ရင်သိနိုင်ပါတယ်။

ရင်ဘတ်ထဲကဓားရုပ်ရှင်ကားမှာ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီထွန်းအိန္ဒြာဗို၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီမြတ်ကေသီအောင်၊ နေဆန်း နဲ့ မေကဗျာတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် ဒီဇာတ်ကားမှာ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သာယာချမ်းမြေ့တဲ့ တကယ့်မိသားစုဘဝလေးနဲ့ လုံးဝဆန့်ကျင်တဲ့ အိမ်ထောင်ရေးဇာတ်လမ်းမျိုးကို သူတို့ဇနီးမောင်နှံကပဲ ပြန်လည်သရုပ်ဆောင်ထားတာကြောင့် ထူးခြားဆန်းသစ်တဲ့ရသတွေနဲ့ ဇာတ်ကောင်စရိုက်တွေကို သဘာဝကျကျမြင်တွေ့ရမှာဖြစ်လို့ လာမယ့်အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ရုံတင်ပြသတဲ့အချိန်ကျရင်လည်း သွားကြည့်ဖို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။

ဒီဇာတ်ကားက မင်းသမီးအသားပေး ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကား နမူနာကို ဖေ့စ်ဘွတ်မှာတင်ခဲ့တဲ့အချိန်မှာပဲကြိုက်နှစ်သက်သူများခဲ့ပါတယ်။ဇာတ်ကားထဲက သုံးနှုန်းသွားတဲ့စကားလုံးတွေနဲ့ သရုပ်ဆောင်ချက်တွေပီပြင်လွန်းနေတာကြောင် အိန္ဒြာကျော်ဇင် အပေါ်ကောင်းမွန်တဲ့ မှတ်ချက်တွေအများအပြားရှိခဲ့ပါတယ်။ဒီဇာတ်ကားနမူနာကိုကြည့်ပြီးတဲ့သူ့ရဲ့ပရိတ်သတ်တော်တော်များများက သူမဟာ ဒီဇာတ်ကားမှာ အကယ်ဒမီထပ်ရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေအများအပြားပြုခဲ့ကြပါတယ်။

www.akhayar.com