[Zawgyi]

Command & Conquer ကို မိုဘိုင္းဂိမ္းအျဖစ္ EA အသက္သြင္းေတာ့မယ္

ငယ္ငယ္တုန္းက ကစားခဲ့ဖူးတဲ့ Comman & Conquer (ေရႊတူးစစ္တိုက္) ဂိမ္းကို မွတ္မိက်ဦးမယ္ ထင္ပါတယ္။ အဲ့ခ်ိန္တုန္းက အင္တာနက္လည္း ေခတ္မစားေသး၊ ဖုန္းဆိုတာလည္း ေခၚဖို႔၊ ေျပာဖို႔အတြက္ပဲဆိုေတာ့ PlayStation 1 ဂိမ္းစက္ေပၚမွာ တိုက္က်၊ ခိုက္က်၊ TV ၂ လုံးဆက္ျပီး Lan Game ပုံစံမ်ိဳးကစားခဲ့က်တာ အမွတ္ရေနၾကဦးမွာပါ။

C&C 1995

ဒီလို RTS ဂိမ္းအားလုံးရဲ႕ Creator အေၾကာင္း နည္းနည္း လွ်ာရွည္ရမယ္ဆိုရင္ ၁၉၉၅ ခုႏွစ္မွာ  Comman & Conquer ဆိုျပီး Westwood Studio မိတ္ဆက္ခဲ့တယ္။ ခုခ်ိန္ေလာက္ Graphics မလန္းခဲ့ဘူးဆိုမယ့္ ကစားရတာ ေရလည္ Feel သဗ်၊ ေရႊတူးျပီး Resource အရင္ရွာ၊ အၾကံတူ၊ ဥာဏ္တူနဲ႔ လာေတြ႕ရင္ ေျမပုံေပၚမက်န္ေအာင္ လိုက္ဗ်င္း။ အဲ့လို Early-phase မွာ နယ္ခ်ဲ႕၊ ပိုက္ဆံရွာထားႏိုင္ရင္ Late-game ေရာက္လာတဲ့အခ်ိန္ နာဖို႔သာျပင္ေပေတာ့။

Red Alert 2 Gameplay

C&C 1 စထြက္တုန္းက Cuba အေရးခင္းကို ဦးတည္ထားတာဆိုေတာ့ Russia က အင္အားအၾကီးဆုံး၊ Tesla Coil ေတြ ေထာင္ထားရင္ ေျပာင္းတိုကားေတြ အနားေတာင္ မကပ္ႏိုင္ဘူး၊ ေနာက္ျပီး V2 Launcher ေတြနဲ႔ အေဝးကေနေခ်ာင္းထု၊ Enemey နဲ႔ ထိပ္တိုက္ခ်ရျပီဆိုရင္ Heavy Tank ေတြ Super Tank ေတြနဲ႔ ခံခ်ခိုင္းျပီး ေနာက္က Tesla Tank ေတြနဲ႔ အျပတ္ရွင္း။ အဲ့သလို တိုက္စစ္၊ ခံစစ္ ၂ မ်ိဳးလုံး အသာရေနတာမလို႔ ရန္သူဖက္က Russia တို႔ Ukaraine တို႔ Random က်ျပီဆိုရင္ စစ္မခင္ကတည္းက မွ်ားကုန္ခ်င္ေနျပီ။

C&C Red Alert 3 Poster

ဒီလိုနဲ႔ ေအာင္ျမင္လာေတာ့ Westwood Studio ကို ၁၉၉၈ ေလာက္မွာ EA ဝယ္ပစ္လိုက္တယ္၊ ဒီေတာ့ ဘာဆက္ျဖစ္လာသလဲဆိုရင္ C&C: Red Alert နဲ႔ Generals ဆိုျပီး ကြန္ပ်ဴတာဂိမ္းေတြအျဖစ္ထြက္လာခဲ့တယ္။ နဂိုကတည္းက လူၾကိဳက္မ်ားျပီးသားဆိုေတာ့ C&C: Red Alert ဆိုရင္ မသိတဲ့လူမရွိသေလာက္ပဲ။ အရင္ C&C ထက္ အသင္းပိုစုံလာတယ္၊ စစ္လက္နက္ ပိုေခတ္မီလာတယ္၊ Generals မွာဆိုရင္ လက္ရွိစစ္လက္နက္ နည္းပညာအတိုင္း ဂိမ္းဖန္တီးထားျပီး Zero Hero ထြက္ျပီးတဲ့ 2003 ေလာက္မွာ မထင္မွတ္ဘဲ Westwood Sudio ပိတ္ပစ္လိုက္ရတယ္။

C&C Generals

အဲ့ဒီသတင္းက တကယ့္အမာခံ RTS ဂိမ္မာအတြက္ ဝမ္းနည္းစရာပဲ ေျပာရမယ္ေပါ့၊ Westwood ေပ်ာက္သြားတဲ့ ေနာက္ပိုင္း Mod သြင္းထားတဲ့ဂိမ္းေတြ ေတာက္ေလွ်ာက္ထြက္ခဲ့တယ္၊ ဒီလိုနဲ႔ နာမည္အပ်က္မခံႏိုင္ဘူးဆိုေတာ့ ၂၀၁၀ မွာ C&C 4: Tiberian Twilight ဆိုျပီး C&C Universe ကို ေရာေထြးထားတဲ့ PC ဂိမ္း ထုတ္ခဲ့ေသးတယ္၊ ဒါလည္း ထင္သေလာက္ မေပါက္ခဲ့ဘူး။

Red Alert 3 Gameplay

၂၀၁၂ ေရာက္ေတာ့ Starcraft လို Browser-based ဂိမ္းမ်ိဳးအေျခခံထားတဲ့ C&C (Free to play) ဂိမ္း ထပ္ထုတ္ခဲ့တယ္ဆိုမယ့္ ဂိမ္းကစားရတာ အရမ္းေဘာင္က်ဥ္းေနသလို ခံစားရတယ္၊ Single-player Only ပဲဆိုမယ့္ မ်ားမ်ားစားစား ေရြးခ်ယ္စရာမရွိခဲ့ဘူး။ C&C Fans ေတြကလည္း Red Alert နဲ႔ Generals လို တကယ့္ RTS က်က်၊ ခုေခတ္ DOTA 2 ၊ PUBG အဌာတိုင္း ေျပာရမယ္ဆိုရင္ Battle Royale Mode တို႔ ၊ Massive Muli-player မ်ိဳး ကစားခ်င္က်တာဆိုေတာ့ ဘယ္ေတာ့မွ အလိုမျပည့္ဝခဲ့ရဘူး။

C&C Rivals Released Poster

Shooter ဂိမ္းမွာလည္း Overwatch ၊ Fortnite ရွိျပီးသားဆိုေတာ့ Strategy ဂိမ္းေကာင္းေကာင္းေလး ကစားခ်င္တာလည္း မဆန္းပါဘူးေလ။ ဒီအတြက္ေၾကာင့္ပဲလို႔ ေျပာရမလား၊ EA က ပထမဆုံး C&C ဂိမ္းကို မိုဘိုင္း Platform အတြက္ အသက္သြင္းေပးေတာ့မယ္၊ ခုဆိုရင္ Rival ဆိုတဲ့ Trailer နဲ႔ မိတ္ဆက္ေပးဖို႔ ေၾကညာထားျပီ။ ေနာက္ျပီး Remastered Version ျဖစ္လာမယ္ဆိုေတာ့ Graphics ကလည္း အလန္း၊ ဒါဆိုရင္ေတာ့ C&C ဂိမ္း မိုဘိုင္း Platform ေပၚေရာက္လာေတာ့မယ္ဆိုတဲ့ ဂိမ္မာေတြ ေမွ်ာ္လင့္ခ်က္ ျပည့္စုံသြားခဲ့ရျပီလို႔ပဲ ေျပာရေတာ့မွာပါ။

C&C: Rivals Trailer ကို ဒီမွာၾကည့္လိုက္ပါ။

2B (Akhayar)
www.akhayar.com

[Unicode]

Command & Conquer ကို မိုဘိုင်းဂိမ်းအဖြစ် EA အသက်သွင်းတော့မယ်

ငယ်ငယ်တုန်းက ကစားခဲ့ဖူးတဲ့ Comman & Conquer (ရွှေတူးစစ်တိုက်) ဂိမ်းကို မှတ်မိကျဦးမယ် ထင်ပါတယ်။ အဲ့ချိန်တုန်းက အင်တာနက်လည်း ခေတ်မစားသေး၊ ဖုန်းဆိုတာလည်း ခေါ်ဖို့၊ ပြောဖို့အတွက်ပဲဆိုတော့ PlayStation 1 ဂိမ်းစက်ပေါ်မှာ တိုက်ကျ၊ ခိုက်ကျ၊ TV ၂ လုံးဆက်ပြီး Lan Game ပုံစံမျိုးကစားခဲ့ကျတာ အမှတ်ရနေကြဦးမှာပါ။

C&C 1995

ဒီလို RTS ဂိမ်းအားလုံးရဲ့ Creator အကြောင်း နည်းနည်း လျှာရှည်ရမယ်ဆိုရင် ၁၉၉၅ ခုနှစ်မှာ  Comman & Conquer ဆိုပြီး Westwood Studio မိတ်ဆက်ခဲ့တယ်။ ခုချိန်လောက် Graphics မလန်းခဲ့ဘူးဆိုမယ့် ကစားရတာ ရေလည် Feel သဗျ၊ ရွှေတူးပြီး Resource အရင်ရှာ၊ အကြံတူ၊ ဉာဏ်တူနဲ့ လာတွေ့ရင် မြေပုံပေါ်မကျန်အောင် လိုက်ဗျင်း။ အဲ့လို Early-phase မှာ နယ်ချဲ့၊ ပိုက်ဆံရှာထားနိုင်ရင် Late-game ရောက်လာတဲ့အချိန် နာဖို့သာပြင်ပေတော့။

Red Alert 2 Gameplay

C&C 1 စထွက်တုန်းက Cuba အရေးခင်းကို ဦးတည်ထားတာဆိုတော့ Russia က အင်အားအကြီးဆုံး၊ Tesla Coil တွေ ထောင်ထားရင် ပြောင်းတိုကားတွေ အနားတောင် မကပ်နိုင်ဘူး၊ နောက်ပြီး V2 Launcher တွေနဲ့ အဝေးကနေချောင်းထု၊ Enemey နဲ့ ထိပ်တိုက်ချရပြီဆိုရင် Heavy Tank တွေ Super Tank တွေနဲ့ ခံချခိုင်းပြီး နောက်က Tesla Tank တွေနဲ့ အပြတ်ရှင်း။ အဲ့သလို တိုက်စစ်၊ ခံစစ် ၂ မျိုးလုံး အသာရနေတာမလို့ ရန်သူဖက်က Russia တို့ Ukaraine တို့ Random ကျပြီဆိုရင် စစ်မခင်ကတည်းက မျှားကုန်ချင်နေပြီ။

C&C Red Alert 3 Poster

ဒီလိုနဲ့ အောင်မြင်လာတော့ Westwood Studio ကို ၁၉၉၈ လောက်မှာ EA ဝယ်ပစ်လိုက်တယ်၊ ဒီတော့ ဘာဆက်ဖြစ်လာသလဲဆိုရင် C&C: Red Alert နဲ့ Generals ဆိုပြီး ကွန်ပျူတာဂိမ်းတွေအဖြစ်ထွက်လာခဲ့တယ်။ နဂိုကတည်းက လူကြိုက်များပြီးသားဆိုတော့ C&C: Red Alert ဆိုရင် မသိတဲ့လူမရှိသလောက်ပဲ။ အရင် C&C ထက် အသင်းပိုစုံလာတယ်၊ စစ်လက်နက် ပိုခေတ်မီလာတယ်၊ Generals မှာဆိုရင် လက်ရှိစစ်လက်နက် နည်းပညာအတိုင်း ဂိမ်းဖန်တီးထားပြီး Zero Hero ထွက်ပြီးတဲ့ 2003 လောက်မှာ မထင်မှတ်ဘဲ Westwood Sudio ပိတ်ပစ်လိုက်ရတယ်။

C&C Generals

အဲ့ဒီသတင်းက တကယ့်အမာခံ RTS ဂိမ်မာအတွက် ဝမ်းနည်းစရာပဲ ပြောရမယ်ပေါ့၊ Westwood ပျောက်သွားတဲ့ နောက်ပိုင်း Mod သွင်းထားတဲ့ဂိမ်းတွေ တောက်လျှောက်ထွက်ခဲ့တယ်၊ ဒီလိုနဲ့ နာမည်အပျက်မခံနိုင်ဘူးဆိုတော့ ၂၀၁၀ မှာ C&C 4: Tiberian Twilight ဆိုပြီး C&C Universe ကို ရောထွေးထားတဲ့ PC ဂိမ်း ထုတ်ခဲ့သေးတယ်၊ ဒါလည်း ထင်သလောက် မပေါက်ခဲ့ဘူး။

Red Alert 3 Gameplay

၂၀၁၂ ရောက်တော့ Starcraft လို Browser-based ဂိမ်းမျိုးအခြေခံထားတဲ့ C&C (Free to play) ဂိမ်း ထပ်ထုတ်ခဲ့တယ်ဆိုမယ့် ဂိမ်းကစားရတာ အရမ်းဘောင်ကျဉ်းနေသလို ခံစားရတယ်၊ Single-player Only ပဲဆိုမယ့် များများစားစား ရွေးချယ်စရာမရှိခဲ့ဘူး။ C&C Fans တွေကလည်း Red Alert နဲ့ Generals လို တကယ့် RTS ကျကျ၊ ခုခေတ် DOTA 2 ၊ PUBG အဌာတိုင်း ပြောရမယ်ဆိုရင် Battle Royale Mode တို့ ၊ Massive Muli-player မျိုး ကစားချင်ကျတာဆိုတော့ ဘယ်တော့မှ အလိုမပြည့်ဝခဲ့ရဘူး။

C&C Rivals Released Poster

Shooter ဂိမ်းမှာလည်း Overwatch ၊ Fortnite ရှိပြီးသားဆိုတော့ Strategy ဂိမ်းကောင်းကောင်းလေး ကစားချင်တာလည်း မဆန်းပါဘူးလေ။ ဒီအတွက်ကြောင့်ပဲလို့ ပြောရမလား၊ EA က ပထမဆုံး C&C ဂိမ်းကို မိုဘိုင်း Platform အတွက် အသက်သွင်းပေးတော့မယ်၊ ခုဆိုရင် Rival ဆိုတဲ့ Trailer နဲ့ မိတ်ဆက်ပေးဖို့ ကြေညာထားပြီ။ နောက်ပြီး Remastered Version ဖြစ်လာမယ်ဆိုတော့ Graphics ကလည်း အလန်း၊ ဒါဆိုရင်တော့ C&C ဂိမ်း မိုဘိုင်း Platform ပေါ်ရောက်လာတော့မယ်ဆိုတဲ့ ဂိမ်မာတွေ မျှော်လင့်ချက် ပြည့်စုံသွားခဲ့ရပြီလို့ပဲ ပြောရတော့မှာပါ။

C&C: Rivals Trailer ကို ဒီမှာကြည့်လိုက်ပါ။

2B (Akhayar)
www.akhayar.com