[Zawgyi]

ဟီဂြါအင္ Higuain ကို ေခၚယူဖို႔ ဂ်ဴဗင္တပ္စ္နဲ႔ သေဘာတူညီမႈရခဲ့တဲ့ ေအစီမီလန္

ေအစီမီလန္အသင္းအေနနဲ႔ အာဂ်င္တီးနားတိုက္စစ္မွဴး ဟီဂြါအင္ Higuain ကို ေခၚယူဖို႔ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့ပါတယ္။ ေအစီမီလန္အသင္းရဲ႕ ယူရို (၅၄)သန္းနဲ႔ ကမ္းလွမ္းမႈကို ဂ်ဴဗင္တပ္စ္အသင္းက လက္ခံခဲ့တာျဖစ္ၿပီး မီလန္ၿမိဳ႕ခံအသင္းက အသက္ (၃၀)အရြယ္ရွိ တိုက္စစ္မွဴး ဟီဂြါအင္ Higuain ကို (၂)စာခ်ဳပ္ခ်ဳပ္ဆိုသြားဖို႔ ရွိေနပါတယ္။ အီတလီမီဒီယာေတြရဲ႕ ေဖာ္ျပမႈမွာေတာ့ ကလပ္အသင္းႏွစ္သင္းအၾကား ေနာက္ဆံုးအဆင့္ ေဆြးေႏြးမႈေတြကို ျပဳလုပ္ေနၿပီး ဟီဂြါအင္ Higuain ရဲ႕ အေျပာင္းအေရႊ႕ကို အၿပီးသတ္ဖို႔ စီစဥ္ေနၾကပါတယ္။ ေအစီမီလန္အသင္းက ဟီဂြါအင္ Higuain ကို တစ္ရာသီအငွားနဲ႔ ေခၚယူခြင့္ ရရွိခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္စ္အသင္းကို ယူရို (၁၈)သန္းေပးေခ်သြားရမွာျဖစ္ပါတယ္။ အငွားစာခ်ဳပ္သက္တမ္းျပည့္ခ်ိန္မွာ ေအစီမီလန္အသင္းက အၿပီးသတ္ေခၚယူခြင့္ကို ရရွိမွာျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကးအျဖစ္ ယူရို (၃၆)သန္း ထပ္ေဆာင္း ေပးေခ်သြားရမွာပါ။

Higuain-deal-agreed

Higuain-deal-agreed

ကစားသမားကိုယ္တိုင္ကလည္း အသင္းကထြက္ခြာၿပီး ေအစီမီလန္အသင္းကို ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိခဲ့လို႔ ဂ်ဴဗင္တပ္စ္အသင္းက ေရာင္းခ်ဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ေအစီမီလန္အသင္းရဲ႕ ဘ႑ာေရးအေျခအေနေၾကာင့္ ဟီဂြါအင္ Higuain ကို တစ္ရာသီအငွားနဲ႔ ေခၚယူဖို႔ ညွိႏႈိင္းမႈေတြ ျပဳလုပ္ခဲ့တာပါ။ ဂ်ဴဗင္တပ္စ္အသင္းက ကစားသမားရဲ႕ ဆႏၵေၾကာင့္ အသင္းကေန ထြက္ခြာခြင့္ျပဳခဲ့ရတာျဖစ္တယ္လို႔ အသင္းတာဝန္ရွိသူေတြက ေျပာၾကားခဲ့ေပမယ့္ ခရစၥတီယာႏိုေရာ္နယ္လ္ဒို Cristiano Ronaldo ကို ေခၚယူၿပီးခဲ့တဲ့ေနာက္ ဟီဂြါအင္ Higuain ကို ျပန္လည္ေရာင္းခ်ဖို႔ စီစဥ္ေနခဲ့တာျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ ဟီဂြါအင္ Higuain ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးအသင္းကလည္း ကမ္းလွမ္းမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ေအစီမီလန္အသင္းက လက္ဦးမႈရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

REF:Football Italia
Photo:MilanLive, Sempreinter
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဟီဂွါအင် Higuain ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှုရခဲ့တဲ့ အေစီမီလန်

အေစီမီလန်အသင်းအနေနဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဟီဂွါအင် Higuain ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ အေစီမီလန်အသင်းရဲ့ ယူရို (၅၄)သန်းနဲ့ ကမ်းလှမ်းမှုကို ဂျူဗင်တပ်စ်အသင်းက လက်ခံခဲ့တာဖြစ်ပြီး မီလန်မြို့ခံအသင်းက အသက် (၃၀)အရွယ်ရှိ တိုက်စစ်မှူး ဟီဂွါအင် Higuain ကို (၂)စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။ အီတလီမီဒီယာတွေရဲ့ ဖော်ပြမှုမှာတော့ ကလပ်အသင်းနှစ်သင်းအကြား နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေကို ပြုလုပ်နေပြီး ဟီဂွါအင် Higuain ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ စီစဉ်နေကြပါတယ်။ အေစီမီလန်အသင်းက ဟီဂွါအင် Higuain ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခွင့် ရရှိခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကို ယူရို (၁၈)သန်းပေးချေသွားရမှာဖြစ်ပါတယ်။ အငှားစာချုပ်သက်တမ်းပြည့်ချိန်မှာ အေစီမီလန်အသင်းက အပြီးသတ်ခေါ်ယူခွင့်ကို ရရှိမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးအဖြစ် ယူရို (၃၆)သန်း ထပ်ဆောင်း ပေးချေသွားရမှာပါ။

Higuain-deal-agreed

Higuain-deal-agreed

ကစားသမားကိုယ်တိုင်ကလည်း အသင်းကထွက်ခွာပြီး အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့လို့ ဂျူဗင်တပ်စ်အသင်းက ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အေစီမီလန်အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ဟီဂွါအင် Higuain ကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာပါ။ ဂျူဗင်တပ်စ်အသင်းက ကစားသမားရဲ့ ဆန္ဒကြောင့် အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ရတာဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပေမယ့် ခရစ္စတီယာနိုရော်နယ်လ်ဒို Cristiano Ronaldo ကို ခေါ်ယူပြီးခဲ့တဲ့နောက် ဟီဂွါအင် Higuain ကို ပြန်လည်ရောင်းချဖို့ စီစဉ်နေခဲ့တာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဟီဂွါအင် Higuain ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် အေစီမီလန်အသင်းက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

REF:Football Italia
Photo:MilanLive, Sempreinter
Aung Kyaw Wai (Akhayar)
www.akhayar.com