[Zawgyi]



Electronic Arts







Bethesda





Microsoft Game Studio










Kyaw Zaw (Akhayar)

www.akhayar.com


[Unicode]

Gamer တွေရဲ့ ရွှေနှစ်လို့ တင်စားရအောင် အလန်းစား Game တွေမြင့်ရမယ့် E3 2018

Gamer တွေ မျှော်လင့်အားခဲထားတဲ့ Game အလန်းတွေ မနက်ဖန် ကျင်းပတော့မယ့် E3 မှာ မြင်ရတော့မှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း Publisher တွေက ပွဲကြီးပွဲကောင်း မစခင် Play Conference မှာ အရင်ဆုံး Intro အနေနဲ့ Game အသစ်လေးတွေ မိတ်ဆက်လေ့ရှိပါတယ်။ ဒီလိုဆိုတော့ ဘာ Game အသစ်တွေ မိတ်ဆက်ထားလဲ သိရအောင် Akhayar အနေနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။

Electronic Arts

EA Play Conference ရဲ့ ကြေညာချက် အတိုင်းသာဆိုရင် Anthem ဟာ လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ PC နဲ့ Console တွေပေါ် ရောက်လာတော့မှာ ဖြစ်ပါတယ်။ Anthem ဟာ Unknown Planet မှာ ဇာတ်အိမ်တည်ထားပြီး ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ တိုက်ခိုက်မှုအကြား Action Role Playing Game ပုံစံနဲ့ ဆော့ကစားရမယ့် Shared Open World Game ဖြစ်ပါတယ်။

Anthem’s Cinematic Scene

နောက် EA ရဲ့ Biggest Title Game တစ်ခုဖြစ်တဲ့ Battlefield V မှာ Multiplayer Expansion အနေနဲ့ Battle Royale Mode အသစ်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီ Mode မှာ ဒုတိယ ကမ္ဘာစစ်အတွင်း The Last Survivor ဖြစ်တဲ့အထိ Player အချင်းချင်း ယှဥ်ပြိုင် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။

Battlefield V: Battle Footage Scene

Developer Respawn က ကိုင်တွယ်နေတဲ့ Star Wars Jedi: Fallen Order Game သစ်ဟာ လာမယ့်နှစ် နွေရာသီ ကျောင်းပိတ်ရက် အတွင်း ထွက်ရှိလာမှာ ဖြစ်ပြီး Revenge of the Sith နောက်ပိုင်း ဇာတ်အိမ် တည်ထားတာဖြစ်ပါတယ်။ အရင် ထွက်ခဲ့တဲ့ Star Wars: Battlefront II Game ဟာလည်း Clone Wars Materials တွေ ပါဝင်တဲ့ Expansion အသစ် ရရှိလာမှာ ဖြစ်ပြီး Anakin Skywalker, Count Dooku, General Grievous နဲ့ Obi-Wan Kenobi တို့ Playable Character ဖြစ်လာမှာပါ။ လာမယ့် ၁၂ ရက်နေ့ကျရင်လည်း ရုံတင်ထားတဲ့ Solo-themed Expansion ထွက်လာဦးမှာ ဖြစ်ပြီး Kessel Environment အသစ်နဲ့ Starfighter Mode တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

A Battlefront II’s Initial Launched Logo

Bethesda

Bethesda Conference မှာ ဆိုရင်တော့ Popular ဖြစ်နေတဲ့ Fallout 76 ရဲ့ Collector’s Edition ထွက်မယ့်ရက် ကြေညာခဲ့ပါတယ်။ Fallout Game Series တွေဟာ Collector’s Edition အနေနဲ့ လူကြိုက်များလေ့ရှိပြီး Fallout 76 Collector’s Edition Game ဟာ နိုဝင်ဘာ ၁၄ ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

A Teaser Fallout 76’s Wallpaper

နောက် Role Playing Game အနေနဲ့ Elder Scrolls Game သစ်ရဲ့ Teaser Trailer ကြေညာခဲ့ပါတယ်။ Bethesda ကတော့ Elder Scrolls ဟာ Early Development ပဲ ရှိသေးတယ် ဆိုတဲ့ အတွက်ကြောင့် Fans တွေ အတွက်တော့ ဝမ်းနည်းစရာပါပဲ။ အဲ့ဒါအပြင် 2016 တုန်းက ထွက်ခဲ့တဲ့ DOOM လည်း Sequel ထွက်လာဦးမှာဆိုတော့ Hardcore FPS Gamer တွေ အတွက် ကျေနပ်စရာပါပဲ။

The Elder Scrolls: Skyrim [Battle Scene]

Microsoft Game Studio

Microsoft ကတော့ E3 2018 မှာ Halo Infinite ၊ Gears of War V နဲ့ Forza Horizon 4 Game တွေနဲ့ Gamer တွေကို ဆွဲဆောင်ထားပါတယ်။ ၆ ဂိမ်းမြောက် ထွက်လာမယ့် Halo ကို Xbox One နဲ့ Windows 10 စက်ပေါ်မှာ မကြာခင် မြင်တွေ့ရမှာ ဖြစ်ပေမယ့် Gears of War ကတော့ နောက်နှစ်ထိ စောင့်ရဦးမယ့် ပုံပါပဲ။ အဲ့ဒါထက် Gears of War Mobile Game ကိုပါ ထုတ်ပြထားတာကြောင့် Mobile Gamer တွေအတွက် သတင်းကောင်းပါပဲ။

A Microsoft’s Studio: Gears of War Wallpaper

နောက် Racing Experience အသစ်အနေနဲ့ England နိုင်ငံရဲ့ လှပတဲ့ ရှုခင်းတွေမှာ ယှဥ်ပြိုင်ရမယ့် Forza Horizon 4 Game ဟာ အောက်တိုဘာ ၂ ရက်နေ့ကျ PC နဲ့ Console တွေပေါ်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

A Custom Forza Horizon’s Racing Wallpaper

Capcom ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ထွက်ခဲ့တဲ့ Devil May Cry 4 ရဲ့ Sequel Game သစ်နဲ့ E3 အတွက် ပြင်ဆင်ထားပုံပါပဲ။ နောက် Gamer တွေ နှစ်သက် သဘောကျခဲ့တဲ့ The Witcher Game Series ရဲ့ Developer CD Projekt Red ကလည်း အလန်းစား Cyberpunk 2077 Game သစ် မိတ်ဆက်ထားပါတယ်။

A CD Projekt Red’s Cyberpunk 2077 Theme Wallpaper

Ubisoft ကတော့ E3 Conference မှာ လောလောဆယ် Washington D.C. မှာ ဇာတ်အိမ်တည်ထားတဲ့ The Division 2 Game တစ်ခုပဲ ကြေညာထားပါသေးတယ်။ Open World Survival Shooter ဖြစ်လာမယ့် Division Game သစ်ဟာ နောက်နှစ် မတ်လလယ်လောက်မှာ Gamer တွေ လက်ထဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

The Division: Rogue Agent

အခုလို Announce လုပ်ထားတဲ့ သတင်းတွေအရ E3 2018 ပွဲဟာ အခက်အလက် စုံလင်နေပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အချစ်တော် God of War ဖန်တီးရှင် Sony ရဲ့ PlayStation Conference အလှည့် ကျန်နေပါသေးတယ်။ ဒီလိုဆိုတော့ E3 ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ သိရအောင် Akhayar အနေနဲ့  တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Kyaw Zaw (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။