[Zawgyi]

ခ်န္ပီယံလိဂ္မွာ မွတ္တမ္းေကာင္းတစ္ခုရယူႏိုင္ခဲ႔တဲ႔ ဒီဘားလား Dybala

ဂ်ဴဗင္တပ္စ္အသင္း တိုက္စစ္မႈး ဒီဘားလား Dybala ဟာ ခ်န္ပီယံလိဂ္မွာ မွတ္တမ္းေကာင္းတစ္ခု ရယူႏိုင္ခဲ႔ပါတယ္။ ဒါကေတာ႔ ဒီဘားလားဟာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ခ်န္ပီယံလိဂ္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ႔တဲ႔ စတုတၳေျမာက္ ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ႔တာပါ။ ဒီဘားလားရဲ႕ အေရွ႕က ဂ်ဴဗင္တပ္စ္အသင္းအတြက္ ခ်န္ပီယံလိဂ္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ႔တဲ႔ ကစားသမားေတြကေတာ႔ အင္ဇာဂီ Inzaghi ၊ ဒယ္ပီယာ႐ို Del Piero နဲ႔ ဗီဒယ္လ္ Vidal တို႔ပဲျဖစ္ပါတယ္။

Dybala

Dybala

ဂ်ဴဗင္တပ္စ္အသင္းက ယန္းဘိြဳင္းစ္အသင္းကို ( ၃ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔တဲ႔ပြဲကို အသင္းရဲ႕ အဓိကတိုက္စစ္မႈး စီေရာ္နယ္လ္ဒို Cristiano Ronaldo ပြဲပယ္ျပစ္ဒဏ္ေၾကာင္႔ လြဲေခ်ာ္ခဲ႔တာေၾကာင္႔ ဒီဘားလားက အသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ကစားကစားခဲ႔ျပီး အခုလိုဟက္ထရစ္သြင္းယူႏိုင္ခဲ႔တာပါ။ ဒီနွစ္ေဘာလံုးရာသီအစက ဒီဘားလားဟာ နည္းျပအယ္လီဂရီ Allegri နဲ႔ျပႆနာေလးေတြရိွခဲ႔တာေၾကာင္႔ ပံုမွန္ကစားခြင္႔ေပ်ာက္ဆံုးခဲ႔ပါတယ္။ လက္ရိွမွာ နည္းျပကအခြင္႔အေရး ျပန္ေပးခ်ိန္မွာေတာ႔ ဒီဘားလားဟာ အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကိုျပသႏိုင္ခဲ႔တာေၾကာင္႔ သူ႔အတြက္ေတာ႔ ေက်နပ္စရာျဖစ္ခဲ႔ပါတယ္။

Ref: Bleacher Report Football
Photo: Juventus Twitter , Bleacher Report Football
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်မှာ မှတ်တမ်းကောင်းတစ်ခုရယူနိုင်ခဲ့တဲ့ ဒီဘားလား Dybala

ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှုး ဒီဘားလား Dybala ဟာ ချန်ပီယံလိဂ်မှာ မှတ်တမ်းကောင်းတစ်ခုရယူနိုင်ခဲ့ပါတယ်။ ဒါကတော့ ဒီဘားလားဟာ ဂျူဗင်တပ်စ်အသင်းအတွက် ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ စတုတ္ထမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ဒီဘားလားရဲ့ အရှေ့က ဂျူဗင်တပ်စ်အသင်းအတွက် ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေကတော့ အင်ဇာဂီ Inzaghi ၊ ဒယ်ပီယာရို Del Piero နဲ့ ဗီဒယ်လ် Vidal တို့ပဲဖြစ်ပါတယ်။

Dybala

Dybala

ဂျူဗင်တပ်စ်အသင်းက ယန်းဘွိုင်းစ်အသင်းကို ( ၃ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကို အသင်းရဲ့ အဓိကတိုက်စစ်မှုး စီရော်နယ်လ်ဒို Cristiano Ronaldo ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့တာကြောင့် ဒီဘားလားက အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ကစားကစားခဲ့ပြီး အခုလိုဟက်ထရစ်သွင်းယူနိုင်ခဲ့တာပါ။ ဒီနှစ်ဘောလုံးရာသီအစက ဒီဘားလားဟာ နည်းပြအယ်လီဂရီ Allegri နဲ့ပြဿနာလေးတွေရှိခဲ့တာကြောင့် ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့ပါတယ်။ လက်ရှိမှာ နည်းပြကအခွင့်အရေး ပြန်ပေးချိန်မှာတော့ ဒီဘားလားဟာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့တာကြောင့် သူ့အတွက်တော့ ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

Ref: Bleacher Report Football
Photo: Juventus Twitter , Bleacher Report Football
Ko Kyue(Akhayar)
www.akhayar.com