[Zawgyi]

အျမဲတမ္းသတိရမိေနတဲ့ အနုပညာရွင္ေဒြး လူ႔ဘဝႀကီးကေနထြက္ခြာသြားတာ ၁၁နွစ္ျပည့္ခဲ့ၿပီ

ဒီေန႕ဟာဆိုရင္ ကိုသားႀကီးေခၚမင္းသားေဒြးေသဆံုးတာ ၁၁ နွစ္ျပည့္ခဲ့ၿပီျဖစ္ပါတယ္။ ေဒြးဟာ အနုပညာေလာကသားေတြအတြက္ အမွတ္တရအျမဲရွိေန တဲ့သူတစ္ဦးျဖစ္သလို သူ႔ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ဇာတ္ကားေတြကို အားေပးၾကတဲ့ ပရိသတ္ေတြကလည္း ယေန႔တိုင္အထိရွိေနဆဲပါ။သူေသဆံုးခ်ိန္မွာ အသက္ ၄၃ နွစ္ရွိလို႔ေနပါၿပီ။ ေဒြးကို ၁၉၆၄ ခုနွစ္မွာ ေမြးဖြားခဲ့ၿပီး ၂၀၀၇ ခုနွစ္ ဇူလိုင္လ ၁၁ ရက္ေန႔မွာ ကြယ္လြန္ခဲ့တာျဖစ္ပါတယ္။

 

ကိုသားႀကီး လိုမင္းသားမ်ိဳး မ်က္လံုးအၾကည့္ေတြနဲ႔ သရုပ္ေဆာင္တတ္တဲ့သူမ်ိဳး ေနာက္တစ္ေယာာက္ရွိခဲ့ရင္ေတာင္ ကိုသားႀကီးကိုမီမွာ မဟုတ္ဘူးလို႔လည္း မင္းသားဖိုးေက်ာ္က ေျပာဖူးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ “အစ္ကုိဟာ အစ္ကိုပါပဲ အစ္ကိုလိုလူေနာက္တစ္ေယာက္မရွိဘူး” လို႔ေျပာဖူးတာျဖစ္ပါတယ္။

မင္းသားေဒြး ကို သူ႔ပတ္ဝန္းက်င္အသိုင္းအဝိုင္း ကလူေတြဟာ ယေန႔တိုင္အထိမေမ့နိုင္ဘဲ ခ်စ္ခင္ၾကတဲ့အေၾကာင္းတစ္ခုကလည္း စိတ္ထားေကာင္းၿပီး တစ္ပါးသူကို အျမဲကူညီတတ္တဲ့သူ႔ရဲ ႔စိတ္ေနစိတ္ထားေၾကာင့္ျဖစ္တယ္ လို႔လည္း သိရပါတယ္။ သူေသဆံုးမႈဟာ ၁၁နွစ္တိုင္ခဲ့ေပမယ့္လည္း ယေန႔တိုင္မေမ့နိုင္တာကေတာ့ သူ႔ပညာ ၊ သူ႔အရည္အခ်င္းေတြအျပင္ စိတ္သေဘာထားေကာင္းၿပီး ပရိသတ္ကို အျမဲမရိုးရေအာင္ေပးစြမ္းနိုင္တဲ့ သူ႔ရဲ ႔အနုပညာစိတ္ဓါတ္တို႔ေၾကာင့္ပဲျဖစ္ပါတယ္။

Photo Credit: Dway ေဒြး Facebook Page

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အမြဲတမ်းသတိရမိနေတဲ့ အနုပညာရှင်ဒွေး လူ့ဘဝကြီးကနေထွက်ခွာသွားတာ ၁၁နှစ်ပြည့်ခဲ့ပြီ

ဒီနေ့ဟာဆိုရင် ကိုသားကြီးခေါ်မင်းသားဒွေးသေဆုံးတာ ၁၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒွေးဟာ အနုပညာလောကသားတွေအတွက် အမှတ်တရအမြဲရှိနေ တဲ့သူတစ်ဦးဖြစ်သလို သူ့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားတွေကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ယနေ့တိုင်အထိရှိနေဆဲပါ။သူသေဆုံးချိန်မှာ အသက် ၄၃ နှစ်ရှိလို့နေပါပြီ။ ဒွေးကို ၁၉၆၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

 

ကိုသားကြီး လိုမင်းသားမျိုး မျက်လုံးအကြည့်တွေနဲ့ သရုပ်ဆောင်တတ်တဲ့သူမျိုး နောက်တစ်ယောာက်ရှိခဲ့ရင်တောင် ကိုသားကြီးကိုမီမှာ မဟုတ်ဘူးလို့လည်း မင်းသားဖိုးကျော်က ပြောဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ “အစ်ကိုဟာ အစ်ကိုပါပဲ အစ်ကိုလိုလူနောက်တစ်ယောက်မရှိဘူး” လို့ပြောဖူးတာဖြစ်ပါတယ်။

မင်းသားဒွေး ကို သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း ကလူတွေဟာ ယနေ့တိုင်အထိမမေ့နိုင်ဘဲ ချစ်ခင်ကြတဲ့အကြောင်းတစ်ခုကလည်း စိတ်ထားကောင်းပြီး တစ်ပါးသူကို အမြဲကူညီတတ်တဲ့သူ့ရဲ့စိတ်နေစိတ်ထားကြောင့်ဖြစ်တယ် လို့လည်း သိရပါတယ်။ သူသေဆုံးမှုဟာ ၁၁နှစ်တိုင်ခဲ့ပေမယ့်လည်း ယနေ့တိုင်မမေ့နိုင်တာကတော့ သူ့ပညာ ၊ သူ့အရည်အချင်းတွေအပြင် စိတ်သဘောထားကောင်းပြီး ပရိသတ်ကို အမြဲမရိုးရအောင်ပေးစွမ်းနိုင်တဲ့ သူ့ရဲ့အနုပညာစိတ်ဓါတ်တို့ကြောင့်ပဲဖြစ်ပါတယ်။

Photo Credit: Dway ဒွေး Facebook Page

ကြည်သာ (Akhayar)

www.akhayar.com