[Zawgyi]

တစ္ပြဲတစ္ေထာင္နဲ႔ အဝစားရတဲ့ ဗိုလ္ခ်ဳပ္ေစ်းထဲက ဒူးရင္း၊အုန္းႏို႔သာကူျပင္လက္ေဟာင္းဆိုင္ေလး

ဒူးရင္းသာကူေတြ…အုန္းႏို႔သာကူေတြ…ရွယ္မွရွယ္ဗ်ိဳ႕။ တစ္ဘူးမွ တစ္ေထာင္တည္းရယ္။ “အို..ဟယ္..ဘယ္လို” ဆိုၿပီး ေစ်းတန္လြန္းလို႔ တအံ့တၾသျဖစ္သြားၾကမယ့္ အုန္းႏို႔နဲ႔ ဒူးရင္းသာကူပရိသတ္ေတြအတြက္ မ်ိဳး႐ိုးသံုးဆက္လက္ဆင့္ကမ္းေရာင္းလာတဲ့ မူလလက္ေဟာင္း ဒီဆိုင္ေလးကို ဗိုလ္ခ်ဳပ္ေစ်းလာတိုင္း ေရာက္ဖူးၾကၿပီးၿပီလား?

ေစ်းႀကီးေပးဝယ္စရာမလိုဘူး။ အရသာလည္းရွိ အီဆိမ့္ေနေအာင္လည္း စားေကာင္းတဲ့အျပင္ အတံုးႀကီး ၂တံုးကိုမွ ၁၀၀၀ ပဲေပးရေတာ့ ဗိုလ္ခ်ဳပ္ေစ်းေရာက္တိုင္းမျဖစ္မေနစားသင့္တဲ့အထဲပါတယ္ေျပာရမယ္။ သိသေလာက္ေတာ့ ဗိုလ္ခ်ဳပ္ေစ်းရဲ႕ နာမည္ႀကီးအစားအစာေတြထဲမွာ သူလည္းပါတယ္တဲ့။ ကဲ…စိတ္၀င္စားသြားၾကၿပီမလား?

ဆိုင္ေလးက အုန္းႏို႔သာကူျပင္၊ ပူတင္း၊ အုန္းႏို႔ဆႏြင္းမကင္း၊ ငွက္ေပ်ာသီးဆႏြင္းမကင္းနဲ႔ ေကာက္ညႇင္းေရႊၾကည္အုန္းႏို႔ဆမ္းတို႔လို ျမန္မာမုန္႔ေတြအဓိကေရာင္းခ်တာပါ။ဒါေပမယ့္ခုေနာက္ပိုင္း ဒူးရင္းသာကူေတြနာမည္ႀကီးလာေတာ့ သူတို႔လည္း မွာစားတဲ့သူေတြဆႏၵအရ ဒူးရင္းဆႏြင္းမကင္းနဲ႔ ဒူးရင္းသာကူပါထပ္ျဖည့္လိုက္တယ္တဲ့။

အရင္ကေတာ့ ေစ်းထဲ အဆင္ေျပသလိုေရာင္းေပမယ့္ ခုက်ေတာ့ ကားေလးနဲ႔ ေနာက္ခန္းထဲမွာ အက်အနထိုင္ေရာင္းေနတာ အားရစရာ။ မစႏၵာဆိုတဲ့ အျပံဳးခ်ိဳခ်ိဳနဲ႔ အန္တီက ခုအဓိကေရာင္းေပးေနၿပီး အရင္က သူမအဘြား၊ အဘြားကေန အေမ မ်ိဳး႐ိုးအဆင့္ဆင့္ ဒီေစ်းႀကီးထဲမွာပဲ လက္ဆင့္ကမ္းေရာင္းခ်ခဲ့တာတဲ့။ မစႏၵာကေတာ့ ပတ္မႀကီးအလယ္က ဆိုင္းဆရာလိုပဲ ပတ္ပတ္လည္က ဗန္းေတြကို ခပ္သြက္သြက္ဓါးနဲ႔စိတ္ေပးၿပီး ခြဲေရာင္းေပးေနတာမ်ား တစ္ေန႔တစ္ေန႔လက္ေတာင္မလည္ဘူးထင္ရတယ္။

ေစ်းႏႈန္းေတြက အတံုးႀကီး ၂တံုးပါ တစ္ဗူးကိုမွ ၁၀၀၀ ပဲက်တယ္။ တန္ခ်က္ပဲေနာ္။ ၿပီးေတာ့ ႀကိဳက္မႀကိဳက္ အရသာျမည္းခ်င္တဲ့သူေတြအတြက္ တစ္ဇြန္းၿပီးတစ္ဇြန္းကိုအျမည္းေကြ်းေနတာမ်ား အျမည္းနဲ႔တင္ ဗိုက္ဝမလားပဲ။ မုန္႔ေရာင္းတာ ေစတနာကလဲလိုေသးတာကိုး..ေနာ္။

အခရာက စားခဲ့တာေလးေတြကေတာ့-
(၁) အုန္းႏို႔သာကူျပင္
သူေရာင္းတဲ့သာကူျပင္ေတြက အေပၚအုန္းႏို႔အႏွစ္သားထက္ ေအာက္က သာကူျပင္က ပိုမ်ားတာ ဝန္ခံပါတယ္။ ဒါေပမယ့္ အုန္းႏို႔သားကိုေတာ့ ေလွ်ာ့မတြက္နဲ႔ေနာ္။ လံုးဝအဆီအႏွစ္အျပည့္ အတံုးလိုမာဆတ္ဆတ္ေနတာမဟုတ္ဘဲ အိၿပီးေပ်ာ္က်ေနတာ။ စားအေကာင္းဆံုးပဲ။

(၂) ဒူးရင္းသာကူျပင္
ေရာင္းတဲ့အန္တီ မစႏၵာက ေျပာေလရဲ႕ ဒူးရင္းသာကူဆိုတာ အရင္ကလုပ္မေရာင္းဖူးဘူးတဲ့ ခုစားတဲ့သူေတြေမးလို႔သာလုပ္ရတာ သိပ္မလုပ္တတ္ဘူးလို႔ ႐ိုး႐ိုးသားသားပဲေျဖသတဲ့။ တကယ္ အျမည္းစားၾကည့္ေတာ့လဲ ဒူးရင္းနံ႔ေလးသင္းသင္းအရသာဆိမ့္ဆိမ့္ေလးနဲ႔ ဒီေလာက္ပါပဲ။ ဒူးရင္းဖတ္ေတြဘာေတြမေမွ်ာ္လင့္နဲ႔ေနာ္။ တစ္ပြဲမွ တစ္ေထာင္ပါဆိုေနာ့္။

(၃) ပူတင္း
အမေလး..အေၾကာေတြ အီဆိမ့္သြားေအာင္ ေမႊးၿပီးစားေကာင္းတဲ့ ပူတင္းတံုးအိအိေလးေတြက တစ္တံုးၿပီးတစ္တံုး ဆက္စားခ်င္စရာႀကီး။ ႏို႔နဲ႔ၾကက္ဥကို ရွယ္ေပါင္းထားတဲ့ပူတင္းကို တစ္ေထာင္နဲ႔ဆိုေတာ့ ဘယ္လိုေျပာရမလဲ..ႀကိဳက္ၿပီးရင္းႀကိဳက္ပဲ။

(၄) ေကာက္ညႇင္းေရႊၾကည္ အုန္းႏို႔ဆမ္း
အခ်ိဳ၊ အဆိမ့္အပိုအလိုမရွိ ေမႊးၿပီးေကာက္ညႇင္းသားကအစ အေနေတာ္ေလးကိုမွ အေပၚက အုန္းဆီခ်က္ေလးဆမ္းလိုက္ေတာ့ အေၾကာေပါင္းတေထာင္မဆိမ့္ဘဲ ေနႏိုင္႐ိုးလား။

အျမည္းေတြ၊ အႀကိဳက္ဆံုး သာကူျပင္ေတြနဲ႔တင္ဗိုက္တင္းကားသြားရွာတဲ့ အခရာက အစားတလိုင္းခမ်ာ တျခား ငွက္ေပ်ာေပါင္းတို႔၊ ဒူးရင္းဆႏြင္းမကင္းတို႔၊ အုန္းသီးဆႏြင္းမကင္းတို႔ကိုေတာ့ ဗိုက္မဆန္႔လို႔ မျမည္းစမ္းခဲ့ရတာ ရင္ခံမဆံုးပဲ။

ကဲ…အုန္းႏို႔သာကူ၊ ဒူးရင္းသာကူေတြကို တန္းစီၿပီး တကူးတက ဝယ္စားေနရတဲ့သူေတြရွိရင္ ေဝးေဝးလံလံမလိုပါဘူး ဗိုလ္ခ်ဳပ္ေစ်းက Cosmetics တန္းႀကီးရဲ႕ အလယ္ ေလဟာျပင္ေထာင့္ဘက္မွာလည္း ကားေလးနဲ႔ စားခ်င္တာအကုန္ ေစတနာပိုပို၊ အျပံဳးခ်ိဳခ်ိဳနဲ႔ ေရာင္းေပးေနတဲ့ မစႏၵာျမန္မာမုန္႔မ်ိဳးစံု ရွိေလရဲ႕ေနာ္။ ဆိုင္းဘုတ္ေတာ့မတပ္ထားပါဘူး။

တစ္ခုေတာ့ မွတ္ထားဦး။ မနက္တည္းက ေရာင္းၿပီး မကုန္မခ်င္း ေရာင္းတာပါတဲ့။ Best 149 Cosmetics ဆိုင္အေရွ႕မ်က္ေစာင္းထိုးနားမွာ ကားေလးနဲ႔ေရာင္းတဲ့ မစႏၵာေနာ္။ ကဲ… ဘယ္သူေတြကေရာ မစႏၵာရဲ႕ ျမန္မာမုန္႔ေတြနဲ႔ ႀကီးျပင္းလာခဲ့ေသးလဲ စားဖူးရင္ ေျဖသြားၾကပါဦးလို႔။

FoodieEi (AkhayarFood)

[Unicode]

တစ်ပွဲတစ်ထောင်နဲ့ အဝစားရတဲ့ ဗိုလ်ချုပ်ဈေးထဲက ဒူးရင်း၊အုန်းနို့သာကူပြင်လက်ဟောင်းဆိုင်လေး

ဒူးရင်းသာကူတွေ…အုန်းနို့သာကူတွေ…ရှယ်မှရှယ်ဗျို့။ တစ်ဘူးမှ တစ်ထောင်တည်းရယ်။ “အို..ဟယ်..ဘယ်လို” ဆိုပြီး ဈေးတန်လွန်းလို့ တအံ့တသြဖြစ်သွားကြမယ့် အုန်းနို့နဲ့ ဒူးရင်းသာကူပရိသတ်တွေအတွက် မျိုးရိုးသုံးဆက်လက်ဆင့်ကမ်းရောင်းလာတဲ့ မူလလက်ဟောင်း ဒီဆိုင်လေးကို ဗိုလ်ချုပ်ဈေးလာတိုင်း ရောက်ဖူးကြပြီးပြီလား?

ဈေးကြီးပေးဝယ်စရာမလိုဘူး။ အရသာလည်းရှိ အီဆိမ့်နေအောင်လည်း စားကောင်းတဲ့အပြင် အတုံးကြီး ၂တုံးကိုမှ ၁၀၀၀ ပဲပေးရတော့ ဗိုလ်ချုပ်ဈေးရောက်တိုင်းမဖြစ်မနေစားသင့်တဲ့အထဲပါတယ်ပြောရမယ်။ သိသလောက်တော့ ဗိုလ်ချုပ်ဈေးရဲ့ နာမည်ကြီးအစားအစာတွေထဲမှာ သူလည်းပါတယ်တဲ့။ ကဲ…စိတ်ဝင်စားသွားကြပြီမလား?

ဆိုင်လေးက အုန်းနို့သာကူပြင်၊ ပူတင်း၊ အုန်းနို့ဆနွင်းမကင်း၊ ငှက်ပျောသီးဆနွင်းမကင်းနဲ့ ကောက်ညှင်းရွှေကြည်အုန်းနို့ဆမ်းတို့လို မြန်မာမုန့်တွေအဓိကရောင်းချတာပါ။ဒါပေမယ့်ခုနောက်ပိုင်း ဒူးရင်းသာကူတွေနာမည်ကြီးလာတော့ သူတို့လည်း မှာစားတဲ့သူတွေဆန္ဒအရ ဒူးရင်းဆနွင်းမကင်းနဲ့ ဒူးရင်းသာကူပါထပ်ဖြည့်လိုက်တယ်တဲ့။

အရင်ကတော့ ဈေးထဲ အဆင်ပြေသလိုရောင်းပေမယ့် ခုကျတော့ ကားလေးနဲ့ နောက်ခန်းထဲမှာ အကျအနထိုင်ရောင်းနေတာ အားရစရာ။ မစန္ဒာဆိုတဲ့ အပြုံးချိုချိုနဲ့ အန်တီက ခုအဓိကရောင်းပေးနေပြီး အရင်က သူမအဘွား၊ အဘွားကနေ အမေ မျိုးရိုးအဆင့်ဆင့် ဒီဈေးကြီးထဲမှာပဲ လက်ဆင့်ကမ်းရောင်းချခဲ့တာတဲ့။ မစန္ဒာကတော့ ပတ်မကြီးအလယ်က ဆိုင်းဆရာလိုပဲ ပတ်ပတ်လည်က ဗန်းတွေကို ခပ်သွက်သွက်ဓါးနဲ့စိတ်ပေးပြီး ခွဲရောင်းပေးနေတာများ တစ်နေ့တစ်နေ့လက်တောင်မလည်ဘူးထင်ရတယ်။

ဈေးနှုန်းတွေက အတုံးကြီး ၂တုံးပါ တစ်ဗူးကိုမှ ၁၀၀၀ ပဲကျတယ်။ တန်ချက်ပဲနော်။ ပြီးတော့ ကြိုက်မကြိုက် အရသာမြည်းချင်တဲ့သူတွေအတွက် တစ်ဇွန်းပြီးတစ်ဇွန်းကိုအမြည်းကျွေးနေတာများ အမြည်းနဲ့တင် ဗိုက်ဝမလားပဲ။ မုန့်ရောင်းတာ စေတနာကလဲလိုသေးတာကိုး..နော်။

အခရာက စားခဲ့တာလေးတွေကတော့-
(၁) အုန်းနို့သာကူပြင်
သူရောင်းတဲ့သာကူပြင်တွေက အပေါ်အုန်းနို့အနှစ်သားထက် အောက်က သာကူပြင်က ပိုများတာ ဝန်ခံပါတယ်။ ဒါပေမယ့် အုန်းနို့သားကိုတော့ လျှော့မတွက်နဲ့နော်။ လုံးဝအဆီအနှစ်အပြည့် အတုံးလိုမာဆတ်ဆတ်နေတာမဟုတ်ဘဲ အိပြီးပျော်ကျနေတာ။ စားအကောင်းဆုံးပဲ။

(၂) ဒူးရင်းသာကူပြင်
ရောင်းတဲ့အန်တီ မစန္ဒာက ပြောလေရဲ့ ဒူးရင်းသာကူဆိုတာ အရင်ကလုပ်မရောင်းဖူးဘူးတဲ့ ခုစားတဲ့သူတွေမေးလို့သာလုပ်ရတာ သိပ်မလုပ်တတ်ဘူးလို့ ရိုးရိုးသားသားပဲဖြေသတဲ့။ တကယ် အမြည်းစားကြည့်တော့လဲ ဒူးရင်းနံ့လေးသင်းသင်းအရသာဆိမ့်ဆိမ့်လေးနဲ့ ဒီလောက်ပါပဲ။ ဒူးရင်းဖတ်တွေဘာတွေမမျှော်လင့်နဲ့နော်။ တစ်ပွဲမှ တစ်ထောင်ပါဆိုနော့်။

(၃) ပူတင်း
အမလေး..အကြောတွေ အီဆိမ့်သွားအောင် မွှေးပြီးစားကောင်းတဲ့ ပူတင်းတုံးအိအိလေးတွေက တစ်တုံးပြီးတစ်တုံး ဆက်စားချင်စရာကြီး။ နို့နဲ့ကြက်ဥကို ရှယ်ပေါင်းထားတဲ့ပူတင်းကို တစ်ထောင်နဲ့ဆိုတော့ ဘယ်လိုပြောရမလဲ..ကြိုက်ပြီးရင်းကြိုက်ပဲ။

(၄) ကောက်ညှင်းရွှေကြည် အုန်းနို့ဆမ်း
အချို၊ အဆိမ့်အပိုအလိုမရှိ မွှေးပြီးကောက်ညှင်းသားကအစ အနေတော်လေးကိုမှ အပေါ်က အုန်းဆီချက်လေးဆမ်းလိုက်တော့ အကြောပေါင်းတထောင်မဆိမ့်ဘဲ နေနိုင်ရိုးလား။

အမြည်းတွေ၊ အကြိုက်ဆုံး သာကူပြင်တွေနဲ့တင်ဗိုက်တင်းကားသွားရှာတဲ့ အခရာက အစားတလိုင်းခမျာ တခြား ငှက်ပျောပေါင်းတို့၊ ဒူးရင်းဆနွင်းမကင်းတို့၊ အုန်းသီးဆနွင်းမကင်းတို့ကိုတော့ ဗိုက်မဆန့်လို့ မမြည်းစမ်းခဲ့ရတာ ရင်ခံမဆုံးပဲ။

ကဲ…အုန်းနို့သာကူ၊ ဒူးရင်းသာကူတွေကို တန်းစီပြီး တကူးတက ဝယ်စားနေရတဲ့သူတွေရှိရင် ဝေးဝေးလံလံမလိုပါဘူး ဗိုလ်ချုပ်ဈေးက Cosmetics တန်းကြီးရဲ့ အလယ် လေဟာပြင်ထောင့်ဘက်မှာလည်း ကားလေးနဲ့ စားချင်တာအကုန် စေတနာပိုပို၊ အပြုံးချိုချိုနဲ့ ရောင်းပေးနေတဲ့ မစန္ဒာမြန်မာမုန့်မျိုးစုံ ရှိလေရဲ့နော်။ ဆိုင်းဘုတ်တော့မတပ်ထားပါဘူး။

တစ်ခုတော့ မှတ်ထားဦး။ မနက်တည်းက ရောင်းပြီး မကုန်မချင်း ရောင်းတာပါတဲ့။ Best 149 Cosmetics ဆိုင်အရှေ့မျက်စောင်းထိုးနားမှာ ကားလေးနဲ့ရောင်းတဲ့ မစန္ဒာနော်။ ကဲ… ဘယ်သူတွေကရော မစန္ဒာရဲ့ မြန်မာမုန့်တွေနဲ့ ကြီးပြင်းလာခဲ့သေးလဲ စားဖူးရင် ဖြေသွားကြပါဦးလို့။

FoodieEi (AkhayarFood)