[Zawgyi]

ဒူးရင္းသာကူျပင္ေတြထဲ အရသာအေကာင္းဆံုး ဘယ္တံဆိပ္လဲ? (Durian Sago Battle)

ခုေခတ္စားေနတဲ့ Facebook ေပၚက စကားအရ ျပည္ေထာင္စုသမၼတဒူးရင္းသာကူျပင္ႏိုင္ငံေတာ္ႀကီးမွာ ဘယ္ေနရာဘာစားစား၊ ဘယ္ေနရာ ဘယ္သြားသြား ဒူးရင္းသာကူျပင္ေတြခ်ည္း အေတြးထဲမွာေရာ၊ Newfeeds ေပၚမွာပါ စကၠန္႔မလပ္ စိုးမိုးေနၿပီဆိုတာ ပရိသတ္ႀကီး သိပါသလား?

ဘယ္ေနရာၾကည့္ၾကည့္ ဒူးရင္းသာကူျပင္ေခတ္စားေနတဲ့အခ်ိန္မွာ တံဆိပ္အသစ္ေတြ၊ အရသာအသစ္ေတြနဲ႔ ဆိုင္တစ္ခုနဲ႔တစ္ခု အၿပိဳင္အဆိုင္ထိုးေဖာက္ေနၾကတာမ်ား ဒူးရင္းသာကူျပင္မွ မစားရရင္ လူျဖစ္ရက်ိဳးပဲ မနပ္ေတာ့သလိုလို။ ကဲ…ဒီေလာက္ ဟိုးေလးတေၾကာ္ျဖစ္ေနတဲ့ ဒူးရင္းသာကူျပင္ေတြထဲမွာ မိဘျပည္သူေတြအႀကိဳက္ ျဖစ္ေစမယ့္ အရသာအေကာင္းဆံုးကို ေရြးခ်ယ္ေပးဖို႔ရာ အခရာမွာလည္း တာဝန္ရွိလာၿပီမို႔ တလုတ္ ဆိုတလုတ္ ေဆြမ်ိဳးေမ့ေအာင္အီဆိမ့္မယ့္ အေကာင္းဆံုးကိုစားၾကည့္ေစခ်င္တဲ့ ေစတနာနဲ႔ ဒီတပတ္ Battle ပြဲႀကီးမွာေတာ့ ရွယ္ေကာင္းတဲ့ ဒူးရင္းသာကူျပင္တို႔ရဲ႕ အႀကိတ္အနယ္ၿပိဳင္ပြဲႀကီး ကို စတင္လိုက္ပါၿပီဗ်ား…

ဒူးရင္းသာကူျပင္ေတြထဲက အေကာင္းဆံုးဘုရင္ကို ေရြးခ်ယ္ဖို႔ရာ ဒီဇိုင္းအေနအထားကာလာနဲ႔ စံနႈန္းသတ္မွတ္ရရင္-
(၁) ဒူးရင္းသီးပါဝင္မႈ
(၂) အေပၚထပ္ဒူးရင္းအုန္းႏို႔လႊာအေနအထား
(၃) ေအာက္ထပ္သာကူျပင္အေနအထား
(၄) လတ္ဆတ္သန္႔ရွင္းမႈအေနအထား
(၅) ထုပ္ပိုးမႈအေနအထား
(၆) ေစ်းႏႈန္း အဲ့ဒီအခ်က္ေလးေတြနဲ႔ တိုင္းတာပါရေစ။ ဒါမွလည္း အေကာင္းဆံုးကို ေရြးခ်ယ္တဲ့ေနရာမွာ ကိုယ့္အႀကိဳက္အလိုက္ ဘယ္တစ္ခုကို ေရြးခ်ယ္ရမလဲသိမွာေပါ့…ေနာ့္။

ဒါဆို လက္ရွိ ေစ်းကြက္ထဲ လူႀကိဳက္မ်ားေနဆဲ တရားဝင္ Brand ၃ခုျဖစ္တဲ႔ Ambrosia နတ္သုဒါၶ ရယ္၊ Wake n’ Bake ရယ္၊ ပုသိမ္ကေန တစ္ႏိုင္ငံလံုးပို႔ေပးေနတဲ့ နာမည္ႀကီး ေရႊျမင္းရယ္ ဆိုတဲ့ ဒူးရင္းသာကူျပင္ ၃ မ်ိဳးကို ယွဥ္ျပေပးမယ္ေနာ္။

(A) Ambrosia နတ္သုဒါၶ

(၁) သူ႔ရဲ႕ ဒူးရင္းသာကူျပင္က ဒူးရင္းသီးအနံ႔ေရာ၊ အရသာပါ သိသိသာသာခံစားရတာမ်ိဳး။ ေလာေလာလတ္လတ္ဝယ္ၿပီးၿပီးခ်င္းစားရင္ ပိုေတာင္သိသာေသး။ ဘူးကိုဖြင့္လိုက္တာနဲ႔ အနံ႔က လိႈင္တက္လာတာမ်ား ေတာ္ရံု ဒူးရင္းသီးသရဲေတြ တင္းမခံႏိုင္ဘူး။
(၂) အေပၚထပ္ဒူးရင္းသီးနဲ႔အုန္းႏို႔ျပင္ကေတာ့ သူက အေကာင္းဆံုးလို႔ ၫႊန္းရမယ္။ ဘာလို႔ဆို ဒူးရင္း၊ အုန္းႏို႔အျပင္ ၾကက္ဥပါထည့္ထားလို႔ တစ္ဇြန္းခပ္လိုက္တာနဲ႔ အိတုန္တုန္ေလး။ အုန္းႏို႔ေရာ ဒူးရင္းအရသာေရာက အရမ္းႀကီး မေလးဘဲ အဆိမ့္ဘက္ပိုကဲတယ္။ ခ်ိဳတာထက္ ဆိမ့္ၿပီးဒူးရင္းသီးရဲ႕ အခ်ိဳဓါတ္နဲ႔တင္ အရသာျပည့္ဝေနတာမ်ိဳး။ ၿပီးေတာ့ အုန္းႏို႔လႊာက တစ္ခုလံုးရဲ႕ ၅ပံု ၂ပံုေလာက္အလႊာရွိတယ္။


(၃) ေအာက္ထပ္သာကူျပင္အလႊာကေတာ့ ခ်ိဳတယ္ဆိုရံုေလးပဲ။ ေတာ္ေတာ္ေလးကို ေပါ့တယ္။ သာကူကလည္း အစိလိုက္ေလး ၿပီးေတာ့ အရသာဝင္တယ္ဆိုရံုေလး။ သူ႔ခ်ည္းစားရင္ေတာ့ အရသာကိုမရွိတာ။
(၄) လတ္ဆတ္သန္႔ရွင္းမႈကေတာ့ တကယ္ မဆိုးဘူးေၿပာရမယ္။ ဝယ္ၿပီးၿပီးခ်င္းကေန တရက္ထိ အထားခံတယ္တဲ့။
(၅) ထုပ္ပိုးမႈကေတာ့ သူ႔ကို အမွတ္ျပည့္ေပးရမယ္။ ဂႏၶဝင္ဆန္ဆန္ေရွးေခတ္ဒီဇိုင္းေလးနဲ႔ နတ္သုဒါၶဆိုတာနဲ႔ ဘူးဒီဇိုင္းပါေျပးျမင္ေနမိတာေနာ္။ ဒါေပမယ့္ ခြက္ဒီဇိုင္းေတြ လက္ရာမမွန္လြန္းေတာ့ ေစ်းပါလိုက္ခ်ိန္ေနရတာ အလုပ္တစ္လုပ္။


(၆) ေစ်းနႈန္းကေတာ့ ႀကီးတယ္။ ခုဆို တဆင့္ျပန္ေရာင္းေနၾကတဲ့သူေတြနဲ႔ဆို ပိုေစ်းႀကီးတယ္။ ေတာ္ရံုေပါ့ေပါ့ပါးပါး ဝယ္စားခ်င္တဲ့သူေတြအတြက္ လံုးဝမေျပပါဘူး။ သူေဌးေတြကလြဲၿပီး က်န္သူေတြ စားဖူးရံု၊ အာသာေျပရံုေလာက္ပဲ ဝယ္စားႏိုင္မယ့္ေစ်းမ်ိဳး။

(B) Wake n’ Bake

(၁) သူ႔ဗူးက ဖြင့္လိုက္တာနဲ႔ ဒူးရင္းသီးအနံ႔ ခပ္သင္းသင္းေလးရတယ္။ ဒူးရင္းဖတ္ေလးေတြပါ တခ်က္တခ်က္ဝါးမိေသးတယ္ ဆိုေတာ့ ဒူးရင္းသီးပါဝင္မႈအပိုင္းေတာ့ မဆိုးဘူးေျပာရမယ္။ ဒူးရင္းဖတ္ပါ ထိထိမိမိဝါးရတာ ဒီတစ္ခုေတာ့ မိုက္တယ္။
(၂) ဒူးရင္းသာကူျပင္တဲ့။ ဘုရားစူး ဒူးရင္းအုန္းႏို႔လႊာ ခပ္ပါးပါးေလးပဲပါတယ္။ တကယ္ပါးပါးေလးရယ္။ အရသာကေတာ့ ခ်ိဳေလးစိမ့္ မဆိုးပါဘူး။


(၃) ေအာက္က သာကူျပင္ကက် အထူႀကီး။ ဒူးရင္းနဲ႔ သာကူတြဲစားဖို႔ဆို သာကူအရသာက ပိုမ်ားေနတာမ်ိဳး ခံစားရတယ္။ သာကူေစ့အေနအထားကေတာ့ မေပ်ာ့မမာ အေတာ္ပါပဲ။ အရသာကေတာ့ သာကူကအစ အရသာရွိတယ္။
(၄) လတ္ဆတ္မႈကေတာ့ အားနည္းတယ္လို႔ခံစားရတယ္။ ကိုယ္ဝယ္ခဲ့တုန္းက တရက္ႀကိဳလုပ္ထားတာကို အေအးခံထားတာဆိုေတာ့အေရာင္ကအစ ဝင္းဝင္းဝါဝါမရွိဘူး။ အေပၚယံေၾကာမာတင္းၿပီး ေအးေအးႀကီး စားရတာ အဆင္မေျပခဲ့ဘူး။ သန္႔ရွင္းမႈေတာ့ အသင့္အတင့္ ရွိတယ္ဆိုရမယ္။


(၅) ထုပ္ပိုးေပးတာကေတာ့ ပံုမွန္သာကူျပင္ ဘူးေလးနဲ႔ပါပဲ။ ဆိုင္တံဆိပ္ေလးနဲ႔ ႐ိုး႐ိုးေလးရယ္။
(၆) ေစ်းႏႈန္းကေတာ့ ေတာ္ေတာ္ေလးသက္သာတယ္။ ၂၅၀၀ တန္ရယ္၊ ၃၀၀၀ တန္ရယ္ရွိတယ္ဆိုေတာ့ ေတာ္ေတာ္တန္တဲ့ထဲပါတယ္။

(C) ေရႊျမင္း

ဒီနာမည္ႀကီး ျမန္မာမုန္႔မ်ိဳးစံုရတဲ့ ေရႊျမင္းတံဆိပ္ကေတာ့ ပုသိမ္ကေနေတာင္ တကူးတကမွာစားၾကရတာဆိုပဲ။
(၁) ဒူးရင္းသီးပါဝင္မႈကေတာ့ အနံ႔ခပ္သင္းသင္းေလးပါပါတယ္။ စားလိုက္တိုင္းဒူးရင္း အနံ႔အရသာကိုလည္း ခံစားမိတယ္။
(၂) ထူးထူးဆန္းဆန္းသူ႔သာကူျပင္က ဒူးရင္းအုန္းႏို႔ျပင္တဝက္၊ သာကူျပင္ေစ့တဝက္စီပါတာ။ အလဲ့။ ဒူးရင္းအုန္းႏို႔လႊာကေတာ့ အကုန္လံုးကိုေမႊၿပီး ျဖန္႔ဖုတ္ထားသလိုပဲ အရသာခ်ိဳေလးေလး ေလးနဲ႔ ဆိမ့္ေနတာပဲ။


(၃) ေအာက္က သာကူေစ့ေလးကေတာ့ နည္းနည္းပါးပါး ေၾကေနတာ ေတြ႕ရတယ္။ သာကူအေစ့လိုက္ေလးမွ ႀကိဳက္တဲ့ကိုယ္ကေတာ့ သာကူေစ့ေလးေတြမဆိုစေလာက္ေၾကေနေပမယ့္ သာကူျပင္ထိပါအရသာရွိေတာ့ ဘယ္လိုေျပာရမလဲစားေကာင္းလို႔ ေက်နပ္မိတယ္ေပါ့ေနာ္။ သာကူလႊာၾကားထဲမွာပါ အုန္းႏို႔သားကစိမ့္ဝင္ေနေသး။
(၄) လတ္ဆတ္မႈကေတာ့ သူ႕ဘူးေပၚက Expired Date မတိုင္ခင္အတြင္း စားရင္ စားေကာင္းတယ္။ လတ္ဆတ္တယ္။ မဆိုးဘူး။
(၅) ထုပ္ပိုးမႈကေတာ့ ဗမာဆန္ဆန္ပဲ။ စကၠဴဘူးေလးနဲ႔ ဇြန္းေလးနဲ႔ ခပ္႐ိုး႐ိုးေလးပဲ။


(၆) ေစ်းကေတာ့ အတန္တကာ့အတန္ဆံုးဆိုရမယ္ ခပ္ဝိုင္းဝိုင္းႀကီးတစ္ဘူးမွ ၃၅၀၀ ပဲေပးရတယ္။ တစ္ဗူးဆို ၂ေယာက္အဝ အီဆိမ့္ေနေအာင္စားပါလိမ့္။ ဘက္ဂ်က္လည္း ကိုက္တယ္။ မွာရင္ ေအာင္ဆန္းကြင္းမွာယူရတာေလးတစ္ခုတည္းပဲ။

ကဲ…ဒူးရင္းသာကူတို႔ရဲ႕ ၿပိဳင္ပြဲႀကီးကို အေသးစိတ္သံုးသပ္ခ်က္ေတြကေတာ့ ဒီမွာတင္ပဲ တစ္စခန္းရပ္ပါၿပီေနာ္။ အရသာပိုင္း ခ်ိဳအီစိမ့္၊လတ္ဆတ္မႈ အတန္အသင့္နဲ႔ ေစ်းအတန္ဆံုးဗမာႀကိဳက္ လက္ရာဆိုရင္ေတာ့ ေရႊျမင္း က လံုးဝမွာစားၾကည့္သင့္တဲ့ တကယ့္ဒူးရင္းသာကူျပင္ အထူႀကီးျဖစ္ၿပီး အခ်ိဳထက္ အစိမ့္နဲ႔ ႏူးညံ့အိေနတဲ့ ဒူးရင္းသာကူျပင္အတြက္ေတာ့ မင္းႀကိဳက္စိုးႀကိဳက္ျဖစ္လာတဲ့ Ambrosia က ေစ်းႀကီးတာကလြဲ ရွယ္တကာ့ရွယ္ အေပၚယံ ဒူးရင္းအုန္းႏို႔လႊာမွာေတာ့ အေကာင္းဆံုးလို႔ ၫႊန္းပါရေစ။ ဘက္ဂ်က္သမားေတြ၊ ဒူးရင္းသာကူကို လြယ္လြယ္ကူကူနဲ႔ အာသာေျပရံုစားခ်င္တယ္ဆိုရင္ေတာ့ Wake n’ Bake ကေတာ့ ဒူးရင္းဖတ္ေလးေတြပါဝါးရတဲ့ သာကူျပင္လို႔ ၫႊန္းလိုက္ပါရေစ။

ေသြးတိုးသမားေတြနဲ႔ လူႀကီးေတြအတြက္ေတာ့ Ambrosia ကပိုသင့္ေတာ္ၿပီး ေတာ္ရံုနဲ႔မဝတတ္ဘဲ ဒူးရင္းအုန္းႏို႔ျပင္ အီဆိမ့္မူးေနေအာင္စားဖို႔ဆို ေရႊျမင္းပဲေရြးလို႔ရပါတယ္။ Wake n’ Bake ကေတာ့ နီးနီးနားနားအဆင္ေျပေျပ ဝယ္လို႔ရတာမို႔ ေစ်းတန္၊ ဝန္ေပါ့လို႔ ခနခနဝယ္စားလို႔ရပါတယ္။

ကဲ…ဒီေလာက္ဆို တစ္ရင္းထဲရင္းေနၾကတဲ့ ရွယ္တကာ့ရွယ္ဒူးရင္းသာကူျပင္ေတြကို အေကာင္းဆံုးေတြမွ ေရြးထုတ္ၿပီး တစ္ခုခ်င္းစီ အေသးစိတ္ အၿပိဳင္အဆိုင္ေရြးခ်ယ္လို႔ အမိုက္ဆံုးအရသာကို တင္ျပေပးလိုက္ၿပီေနာ္။ ၃ခုလံုး မစားဖူးေသးရင္ေတာ့ ဒူးရင္းခေရဇီမပီသဘူးေျပာရမယ္။ စားဖူးသြားရင္ေတာ့ အေကာင္ပဲ…ဒူးရင္းသီးအသံၾကားတာနဲ႔ ခႏၶာကိုယ္တြင္းက အေၾကာေပါင္းတေထာင္ ႂကြတက္လာတဲ့ ဒူးရင္းသီးမွာဆရာက်တဲ့အေကာင္ဗ်ိဳ႕။ ဖတ္သြားၿပီးရင္ ဝယ္စားၿပီး ဘယ္တစ္ခုကို ပိုႀကိဳက္လဲ ျငင္းၾက၊ ခုန္ၾက၊ ေဆြးေႏြးၾကရေအာင္ဗ်ား။

FoodieEi (Akhayar)

[Unicode]

ဒူးရင်းသာကူပြင်တွေထဲ အရသာအကောင်းဆုံး ဘယ်တံဆိပ်လဲ? (Durian Sago Battle)

ခုခေတ်စားနေတဲ့ Facebook ပေါ်က စကားအရ ပြည်ထောင်စုသမ္မတဒူးရင်းသာကူပြင်နိုင်ငံတော်ကြီးမှာ ဘယ်နေရာဘာစားစား၊ ဘယ်နေရာ ဘယ်သွားသွား ဒူးရင်းသာကူပြင်တွေချည်း အတွေးထဲမှာရော၊ Newfeeds ပေါ်မှာပါ စက္ကန့်မလပ် စိုးမိုးနေပြီဆိုတာ ပရိသတ်ကြီး သိပါသလား?

ဘယ်နေရာကြည့်ကြည့် ဒူးရင်းသာကူပြင်ခေတ်စားနေတဲ့အချိန်မှာ တံဆိပ်အသစ်တွေ၊ အရသာအသစ်တွေနဲ့ ဆိုင်တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင်ထိုးဖောက်နေကြတာများ ဒူးရင်းသာကူပြင်မှ မစားရရင် လူဖြစ်ရကျိုးပဲ မနပ်တော့သလိုလို။ ကဲ…ဒီလောက် ဟိုးလေးတကြော်ဖြစ်နေတဲ့ ဒူးရင်းသာကူပြင်တွေထဲမှာ မိဘပြည်သူတွေအကြိုက် ဖြစ်စေမယ့် အရသာအကောင်းဆုံးကို ရွေးချယ်ပေးဖို့ရာ အခရာမှာလည်း တာဝန်ရှိလာပြီမို့ တလုတ် ဆိုတလုတ် ဆွေမျိုးမေ့အောင်အီဆိမ့်မယ့် အကောင်းဆုံးကိုစားကြည့်စေချင်တဲ့ စေတနာနဲ့ ဒီတပတ် Battle ပွဲကြီးမှာတော့ ရှယ်ကောင်းတဲ့ ဒူးရင်းသာကူပြင်တို့ရဲ့ အကြိတ်အနယ်ပြိုင်ပွဲကြီး ကို စတင်လိုက်ပါပြီဗျား…

ဒူးရင်းသာကူပြင်တွေထဲက အကောင်းဆုံးဘုရင်ကို ရွေးချယ်ဖို့ရာ ဒီဇိုင်းအနေအထားကာလာနဲ့ စံနှုန်းသတ်မှတ်ရရင်-
(၁) ဒူးရင်းသီးပါဝင်မှု
(၂) အပေါ်ထပ်ဒူးရင်းအုန်းနို့လွှာအနေအထား
(၃) အောက်ထပ်သာကူပြင်အနေအထား
(၄) လတ်ဆတ်သန့်ရှင်းမှုအနေအထား
(၅) ထုပ်ပိုးမှုအနေအထား
(၆) ဈေးနှုန်း အဲ့ဒီအချက်လေးတွေနဲ့ တိုင်းတာပါရစေ။ ဒါမှလည်း အကောင်းဆုံးကို ရွေးချယ်တဲ့နေရာမှာ ကိုယ့်အကြိုက်အလိုက် ဘယ်တစ်ခုကို ရွေးချယ်ရမလဲသိမှာပေါ့…နော့်။

ဒါဆို လက်ရှိ ဈေးကွက်ထဲ လူကြိုက်များနေဆဲ တရားဝင် Brand ၃ခုဖြစ်တဲ့ Ambrosia နတ်သုဒါ္ဓ ရယ်၊ Wake n’ Bake ရယ်၊ ပုသိမ်ကနေ တစ်နိုင်ငံလုံးပို့ပေးနေတဲ့ နာမည်ကြီး ရွှေမြင်းရယ် ဆိုတဲ့ ဒူးရင်းသာကူပြင် ၃ မျိုးကို ယှဉ်ပြပေးမယ်နော်။

(A) Ambrosia နတ်သုဒါ္ဓ

(၁) သူ့ရဲ့ ဒူးရင်းသာကူပြင်က ဒူးရင်းသီးအနံ့ရော၊ အရသာပါ သိသိသာသာခံစားရတာမျိုး။ လောလောလတ်လတ်ဝယ်ပြီးပြီးချင်းစားရင် ပိုတောင်သိသာသေး။ ဘူးကိုဖွင့်လိုက်တာနဲ့ အနံ့က လှိုင်တက်လာတာများ တော်ရုံ ဒူးရင်းသီးသရဲတွေ တင်းမခံနိုင်ဘူး။
(၂) အပေါ်ထပ်ဒူးရင်းသီးနဲ့အုန်းနို့ပြင်ကတော့ သူက အကောင်းဆုံးလို့ ညွှန်းရမယ်။ ဘာလို့ဆို ဒူးရင်း၊ အုန်းနို့အပြင် ကြက်ဥပါထည့်ထားလို့ တစ်ဇွန်းခပ်လိုက်တာနဲ့ အိတုန်တုန်လေး။ အုန်းနို့ရော ဒူးရင်းအရသာရောက အရမ်းကြီး မလေးဘဲ အဆိမ့်ဘက်ပိုကဲတယ်။ ချိုတာထက် ဆိမ့်ပြီးဒူးရင်းသီးရဲ့ အချိုဓါတ်နဲ့တင် အရသာပြည့်ဝနေတာမျိုး။ ပြီးတော့ အုန်းနို့လွှာက တစ်ခုလုံးရဲ့ ၅ပုံ ၂ပုံလောက်အလွှာရှိတယ်။


(၃) အောက်ထပ်သာကူပြင်အလွှာကတော့ ချိုတယ်ဆိုရုံလေးပဲ။ တော်တော်လေးကို ပေါ့တယ်။ သာကူကလည်း အစိလိုက်လေး ပြီးတော့ အရသာဝင်တယ်ဆိုရုံလေး။ သူ့ချည်းစားရင်တော့ အရသာကိုမရှိတာ။
(၄) လတ်ဆတ်သန့်ရှင်းမှုကတော့ တကယ် မဆိုးဘူးပြောရမယ်။ ဝယ်ပြီးပြီးချင်းကနေ တရက်ထိ အထားခံတယ်တဲ့။
(၅) ထုပ်ပိုးမှုကတော့ သူ့ကို အမှတ်ပြည့်ပေးရမယ်။ ဂန္ဓဝင်ဆန်ဆန်ရှေးခေတ်ဒီဇိုင်းလေးနဲ့ နတ်သုဒါ္ဓဆိုတာနဲ့ ဘူးဒီဇိုင်းပါပြေးမြင်နေမိတာနော်။ ဒါပေမယ့် ခွက်ဒီဇိုင်းတွေ လက်ရာမမှန်လွန်းတော့ ဈေးပါလိုက်ချိန်နေရတာ အလုပ်တစ်လုပ်။


(၆) ဈေးနှုန်းကတော့ ကြီးတယ်။ ခုဆို တဆင့်ပြန်ရောင်းနေကြတဲ့သူတွေနဲ့ဆို ပိုဈေးကြီးတယ်။ တော်ရုံပေါ့ပေါ့ပါးပါး ဝယ်စားချင်တဲ့သူတွေအတွက် လုံးဝမပြေပါဘူး။ သူဌေးတွေကလွဲပြီး ကျန်သူတွေ စားဖူးရုံ၊ အာသာပြေရုံလောက်ပဲ ဝယ်စားနိုင်မယ့်ဈေးမျိုး။

(B) Wake n’ Bake

(၁) သူ့ဗူးက ဖွင့်လိုက်တာနဲ့ ဒူးရင်းသီးအနံ့ ခပ်သင်းသင်းလေးရတယ်။ ဒူးရင်းဖတ်လေးတွေပါ တချက်တချက်ဝါးမိသေးတယ် ဆိုတော့ ဒူးရင်းသီးပါဝင်မှုအပိုင်းတော့ မဆိုးဘူးပြောရမယ်။ ဒူးရင်းဖတ်ပါ ထိထိမိမိဝါးရတာ ဒီတစ်ခုတော့ မိုက်တယ်။
(၂) ဒူးရင်းသာကူပြင်တဲ့။ ဘုရားစူး ဒူးရင်းအုန်းနို့လွှာ ခပ်ပါးပါးလေးပဲပါတယ်။ တကယ်ပါးပါးလေးရယ်။ အရသာကတော့ ချိုလေးစိမ့် မဆိုးပါဘူး။


(၃) အောက်က သာကူပြင်ကကျ အထူကြီး။ ဒူးရင်းနဲ့ သာကူတွဲစားဖို့ဆို သာကူအရသာက ပိုများနေတာမျိုး ခံစားရတယ်။ သာကူစေ့အနေအထားကတော့ မပျော့မမာ အတော်ပါပဲ။ အရသာကတော့ သာကူကအစ အရသာရှိတယ်။
(၄) လတ်ဆတ်မှုကတော့ အားနည်းတယ်လို့ခံစားရတယ်။ ကိုယ်ဝယ်ခဲ့တုန်းက တရက်ကြိုလုပ်ထားတာကို အအေးခံထားတာဆိုတော့အရောင်ကအစ ဝင်းဝင်းဝါဝါမရှိဘူး။ အပေါ်ယံကြောမာတင်းပြီး အေးအေးကြီး စားရတာ အဆင်မပြေခဲ့ဘူး။ သန့်ရှင်းမှုတော့ အသင့်အတင့် ရှိတယ်ဆိုရမယ်။


(၅) ထုပ်ပိုးပေးတာကတော့ ပုံမှန်သာကူပြင် ဘူးလေးနဲ့ပါပဲ။ ဆိုင်တံဆိပ်လေးနဲ့ ရိုးရိုးလေးရယ်။
(၆) ဈေးနှုန်းကတော့ တော်တော်လေးသက်သာတယ်။ ၂၅၀၀ တန်ရယ်၊ ၃၀၀၀ တန်ရယ်ရှိတယ်ဆိုတော့ တော်တော်တန်တဲ့ထဲပါတယ်။

(C) ရွှေမြင်း

ဒီနာမည်ကြီး မြန်မာမုန့်မျိုးစုံရတဲ့ ရွှေမြင်းတံဆိပ်ကတော့ ပုသိမ်ကနေတောင် တကူးတကမှာစားကြရတာဆိုပဲ။
(၁) ဒူးရင်းသီးပါဝင်မှုကတော့ အနံ့ခပ်သင်းသင်းလေးပါပါတယ်။ စားလိုက်တိုင်းဒူးရင်း အနံ့အရသာကိုလည်း ခံစားမိတယ်။
(၂) ထူးထူးဆန်းဆန်းသူ့သာကူပြင်က ဒူးရင်းအုန်းနို့ပြင်တဝက်၊ သာကူပြင်စေ့တဝက်စီပါတာ။ အလဲ့။ ဒူးရင်းအုန်းနို့လွှာကတော့ အကုန်လုံးကိုမွှေပြီး ဖြန့်ဖုတ်ထားသလိုပဲ အရသာချိုလေးလေး လေးနဲ့ ဆိမ့်နေတာပဲ။


(၃) အောက်က သာကူစေ့လေးကတော့ နည်းနည်းပါးပါး ကြေနေတာ တွေ့ရတယ်။ သာကူအစေ့လိုက်လေးမှ ကြိုက်တဲ့ကိုယ်ကတော့ သာကူစေ့လေးတွေမဆိုစလောက်ကြေနေပေမယ့် သာကူပြင်ထိပါအရသာရှိတော့ ဘယ်လိုပြောရမလဲစားကောင်းလို့ ကျေနပ်မိတယ်ပေါ့နော်။ သာကူလွှာကြားထဲမှာပါ အုန်းနို့သားကစိမ့်ဝင်နေသေး။
(၄) လတ်ဆတ်မှုကတော့ သူ့ဘူးပေါ်က Expired Date မတိုင်ခင်အတွင်း စားရင် စားကောင်းတယ်။ လတ်ဆတ်တယ်။ မဆိုးဘူး။
(၅) ထုပ်ပိုးမှုကတော့ ဗမာဆန်ဆန်ပဲ။ စက္ကူဘူးလေးနဲ့ ဇွန်းလေးနဲ့ ခပ်ရိုးရိုးလေးပဲ။


(၆) ဈေးကတော့ အတန်တကာ့အတန်ဆုံးဆိုရမယ် ခပ်ဝိုင်းဝိုင်းကြီးတစ်ဘူးမှ ၃၅၀၀ ပဲပေးရတယ်။ တစ်ဗူးဆို ၂ယောက်အဝ အီဆိမ့်နေအောင်စားပါလိမ့်။ ဘက်ဂျက်လည်း ကိုက်တယ်။ မှာရင် အောင်ဆန်းကွင်းမှာယူရတာလေးတစ်ခုတည်းပဲ။

ကဲ…ဒူးရင်းသာကူတို့ရဲ့ ပြိုင်ပွဲကြီးကို အသေးစိတ်သုံးသပ်ချက်တွေကတော့ ဒီမှာတင်ပဲ တစ်စခန်းရပ်ပါပြီနော်။ အရသာပိုင်း ချိုအီစိမ့်၊လတ်ဆတ်မှု အတန်အသင့်နဲ့ ဈေးအတန်ဆုံးဗမာကြိုက် လက်ရာဆိုရင်တော့ ရွှေမြင်း က လုံးဝမှာစားကြည့်သင့်တဲ့ တကယ့်ဒူးရင်းသာကူပြင် အထူကြီးဖြစ်ပြီး အချိုထက် အစိမ့်နဲ့ နူးညံ့အိနေတဲ့ ဒူးရင်းသာကူပြင်အတွက်တော့ မင်းကြိုက်စိုးကြိုက်ဖြစ်လာတဲ့ Ambrosia က ဈေးကြီးတာကလွဲ ရှယ်တကာ့ရှယ် အပေါ်ယံ ဒူးရင်းအုန်းနို့လွှာမှာတော့ အကောင်းဆုံးလို့ ညွှန်းပါရစေ။ ဘက်ဂျက်သမားတွေ၊ ဒူးရင်းသာကူကို လွယ်လွယ်ကူကူနဲ့ အာသာပြေရုံစားချင်တယ်ဆိုရင်တော့ Wake n’ Bake ကတော့ ဒူးရင်းဖတ်လေးတွေပါဝါးရတဲ့ သာကူပြင်လို့ ညွှန်းလိုက်ပါရစေ။

သွေးတိုးသမားတွေနဲ့ လူကြီးတွေအတွက်တော့ Ambrosia ကပိုသင့်တော်ပြီး တော်ရုံနဲ့မဝတတ်ဘဲ ဒူးရင်းအုန်းနို့ပြင် အီဆိမ့်မူးနေအောင်စားဖို့ဆို ရွှေမြင်းပဲရွေးလို့ရပါတယ်။ Wake n’ Bake ကတော့ နီးနီးနားနားအဆင်ပြေပြေ ဝယ်လို့ရတာမို့ ဈေးတန်၊ ဝန်ပေါ့လို့ ခနခနဝယ်စားလို့ရပါတယ်။

ကဲ…ဒီလောက်ဆို တစ်ရင်းထဲရင်းနေကြတဲ့ ရှယ်တကာ့ရှယ်ဒူးရင်းသာကူပြင်တွေကို အကောင်းဆုံးတွေမှ ရွေးထုတ်ပြီး တစ်ခုချင်းစီ အသေးစိတ် အပြိုင်အဆိုင်ရွေးချယ်လို့ အမိုက်ဆုံးအရသာကို တင်ပြပေးလိုက်ပြီနော်။ ၃ခုလုံး မစားဖူးသေးရင်တော့ ဒူးရင်းခရေဇီမပီသဘူးပြောရမယ်။ စားဖူးသွားရင်တော့ အကောင်ပဲ…ဒူးရင်းသီးအသံကြားတာနဲ့ ခန္ဓာကိုယ်တွင်းက အကြောပေါင်းတထောင် ကြွတက်လာတဲ့ ဒူးရင်းသီးမှာဆရာကျတဲ့အကောင်ဗျို့။ ဖတ်သွားပြီးရင် ဝယ်စားပြီး ဘယ်တစ်ခုကို ပိုကြိုက်လဲ ငြင်းကြ၊ ခုန်ကြ၊ ဆွေးနွေးကြရအောင်ဗျား။

FoodieEi (Akhayar)