ဒူးရင်းရာသီတိုင်း မစားမဖြစ် နွယ်နီ ၈ လမ်းရဲ့ နာမည်ကြီး ဒူးရင်းမလိုင်

ဒူးရင်း မလိုင်တဲ့ ။ စဉ်းစားကြည့်ပါဦး အီစိမ့်နေမယ့် အသားချည်း နွှင်ထားတဲ့ ဒူးရင်းသားချိုခါးခါးကို ချိုအီနေအောင် လုပ်ထားတဲ့ ဒူးရင်းမလိုင်။ ဒူးရင်းသီးချစ်သူတွေသာဆို တစ်ထိုင်တည်း အီစိမ့်ပစ်လဲအောင် အရသာရှိတဲ့ ဒူးရင်းမလိုင်။ အဲ့လိုဒူးရင်းမလိုင်အရမ်းနာမည်ကြီးတဲ့ ဆိုင်တစ်ဆိုင်တော့ ဒူးရင်းရာသီလေး အခရာက ညွှန်ပြပေးချင်ပါတယ်။

ဒူးရင်းသီးရာသီတိုင်း ဒီဆိုင်က ဝေးဝေးလံလံသွားရတာတောင် လူအပြည့်၊ ထိုင်ခုံအပြည့် တကူးတက လာစားရအားပေးရတဲ့ထိ နာမည်ကြီးပါတယ်။ မြောက်ဥက္ကလာ နွယ်နီ ၈ လမ်းထဲက ဒူးရင်းမလိုင်ဆိုင်လေးတဲ့။

ဒီဆိုင်မှာ နာမည်အကြီးဆုံးက ဒူးရင်းမလိုင်ရယ် အဲ့ဒူးရင်းမလိုင်ကိုရောင်းတဲ့ မျက်နှာခပ်တည်တည်နဲ့ အန်တီကြီးရယ် သူတို့က ဒီဆိုင်ကို နာမည်ကြီးစေတဲ့အဓိက အချက်ပဲ။

ဆိုင်ကလေးက အိမ်ဆိုင်လေး နွယ်နီ ၈ လမ်းသွယ်ထဲက သေးသေးလေး။ ရောင်းတာကလည်း ဒူးရင်းမလိုင်၊ ထောပတ်သီးမလိုင်နဲ့ စတော်ဘယ်ရီမလိုင် ၃မျိုးတည်း။ ဒါပေမယ့် ဒူးရင်းမလိုင်ထဲမှာ တော်တော်လူကြိုက်များတာတော့ အဟုတ်။

ဒူးရင်းမလိုင် တစ်ခွက် ၂၅၀၀ တဲ့။ အမှန်တော့ ဒူးရင်းသားအမွှာ ချိုခါးခါးလေးတွေအသားချည်း ခပ်များများကို နို့ဆီ၊ နို့စိမ်း နိုင်နိုင်နဲ့ ချိုစိမ့်နေအောင်လုပ်ထားတဲ့ အရသာလေးပါ။ မလိုင်မပါပါဘူး။ ဒါပေမယ့် ဒူးရင်းသားတော်တော်အရသာရှိတော့ ဒီဆိုင်လေးက ဒူးရင်းမလိုင်တွေက ရှယ်ကောင်းတယ်။

နောက်ထပ် ၂မျိး စတော်ဘယ်ရီနဲ့ ထောပတ်သီးမလိုင်ကတော့ အသီးတွေနဲ့ နို့ဆီ၊နို့စိမ်းကျိတ်ထားတော့ တကယ်ကို အရသာရှိတယ်။ စတော်ဘယ်ရီမလိုင်မြည်းခဲ့တော့ အသီးနံ့သင်းသင်းခပ်မွှေးမွှေးနဲ့ ချဉ်ဆိမ့်ဆိမ့်လေး ထောပတ်မလိုင်ဆို ချိုဆိမ့်ဆိမ့်လေး။

ရောင်းတဲ့အန်တီကြီးကတော့ မျက်နှာခပ်တည်တည်နဲ့မို့ အကြောတင်းတဲ့ပုံပေမယ့် သဘောကောင်း သေချာရှင်းပြတယ်။ အသီးလိုက်လည်း ရောင်းတယ်။

နေ့လည် ၂ နာရီလောက်ကနေ ညနေစောင်း၊ညထိ မြောက်ဥက္ကလာ နွယ်နီလမ်းသွယ် ၈လမ်းလေးထဲမှာ ဒူးရင်းသီးတွေ အကျအနနဲ့ရောင်းနေတဲ့ ဒီဆိုင်လေးကတော့ ဒူးရင်းသီးဆို အရမ်းဇွတ်အရူးမူးကြိုက်တဲ့သူတွေ မုဖစ်မနေသွားစားကြည့်သင့်ပါကြောင်း။

ချစ်လှစွာသော
FoodieEi (Akhayar)