[Zawgyi] 





Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Learner တွေအတွက် Challenge အသစ်တွေ ထပ်ထည့်ပေးလာတဲ့ Duolingo

Duolingo အသုံးပြုသူတွေအတွက် Update အသစ်တစ်ခုထွက်လာခဲ့ပါတယ်။ App Update အသစ်ထဲမှာတော့ အရင်ကထက် ပိုခက်လာတဲ့ သင်ခန်းစာ Level တွေကိုထပ်ထည့်ပေးလာတာကို တွေ့ရပါတယ်။ 

Lessons in Nature Session

ဘာသာစကားတစ်ခုခုကို သင်ကြားနေသူတွေကြားမှာ အသုံးအများဆုံး App တစ်ဖြစ်တာကြောင့် လက်ရှိ Update အပေါ်ဝေဖန်မှုတွေလည်း အများကြီးရှိခဲ့ပါသေးတယ်။ Update ကြောင့် အရင်ကလို Level တစ်ခုကနေ နောက်တစ်ခုကိုကူးပြောင်းဖို့ကတော့ အလွယ်တစ်ကူမရနိုင်တော့ပါဘူး။ ကြားထဲမှာ Crown Level လို့ခေါ်တဲ့ အဆင့် အသစ်တွေထပ်ထည့်ပေးလိုက်တာပဲဖြစ်ပါတယ်။ Crown Level မှာ အဆင့်ငါးဆင့်အထိ သတ်မှတ်ပေးထားမှာဖြစ်တာကြောင့် လွယ်ကူတဲ့စကားလုံးတွေကနေ ခက်ခဲတဲ့ စကားလုံးတွေအထိ အဆင့်အမျိုးမျိုး မှာဝင်ရောက်လေ့ကျင့်နိုင်လာမှာပါ။ လွယ်လွယ်ပြောရရင်တော့ သင်ခန်းစာတွေပိုများလာတာပါ။ Crown Level တစ်ခုမှာ သင်ခန်းစာအခန်းပေါင်း ၄၀ ဝန်းကျင်အထိပါဝင်ပါတယ်။ တခြား Update တွေအနေနဲ့တော့ Listening ပိုင်းမှာ Skill အမျိုးအစားသစ်တွေ ထပ်ထည့်ပေးလာတာပဲဖြစ်ပါတယ်။ 

Duolingo အနေနဲ့တော့ Crown Level Feature အသစ်ကိုစမ်းသပ်နေခဲ့တာ အချိန်တစ်ခုကြာခဲ့ပါပြီ။ အခုမှ လူအများအတွက် အဆင်ပြေတဲ့အဆင့်ကို ရောက်လာတာကြောင့် App Update မှာထည့်ပေးလာတာပဲဖြစ်ပါတယ်။ Crown Level အသစ်ကို ထည့်ပေးရတဲ့ရည်ရွယ်ချက်ကတော့ သင်ခန်းစာတွေနဲ့ပတ်သက်ပြီး လက်ရှိထက်ပိုမိုခက်ခဲတာတွေကိုမှ သဘောကျတဲ့ သင်ကြားသူတွေအတွက်ဖြစ်တယ်လို့ Duolingo ကပြောထားပါတယ်။ သင်လည်း Duolingo အသုံးပြုသူဆိုရင်တော့ အခုပဲ App Store နဲ့ Play Store တို့မှာ  Update လုပ်လို့ရပါပြီနော်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။