ေမာ္ေတာ္ကားနံပါတ္ျပားေတြက လြန္ခဲ့တဲ့ရာစုႏွစ္ေတြထဲက စတင္ျပီး အခုအခ်ိန္အထိ ၾကီးမားတဲ့ေျပာင္းလဲမႈေတြမရွိခဲ့ပါဘူး။ ေမာ္ေတာ္ကားေတြကပဲ နည္းပညာေတြျမင့္မားလာျပီး အခုအခ်ိန္မွာ လွ်ပ္စစ္ကားေတြ၊ ေမာင္းသူမဲ့ကားေတြဆုိျပီးျဖစ္လာေပမယ့္ ကားနံပါတ္ျပားေတြကေတာ့ ဒီအတိုင္းပဲရွိေနတာပါ။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ဒူဘုိင္းႏုိင္ငံက စတင္ေျပာင္းလဲဖုိ႔ ေဆာင္ရြက္ေနပါျပီ။

Dubai Police

BBC သတင္းဌာနရဲ႕ေျပာၾကားခ်က္အရ ဒူဘိုင္းႏုိင္ငံမွာ ကားနံပါတ္ျပားေတြကို Digital Smart Plates ေတြနဲ႔ ေမာ္ေတာ္ယာဥ္အခ်ိဳ႕မွာ ေနာက္လကေနစတင္ျပီးေတာ့ စမ္းသပ္ေတာ့မယ္လုိ႔ သိရပါတယ္။ Dubai Roads and Transport Authority ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခုလုိမ်ိဳး ဒီဂ်စ္တယ္ ကားနံပါတ္ျပားေတြကို အသံုးျပဳတာက တကယ္လုိ႔ ယာဥ္မေတာ္တဆမႈျဖစ္ပြားတာ ဒါမွမဟုတ္ ကားအခုိးခံတယ္ဆုိရင္ ရဲဌာနကုိ ပိုျပီး လွ်င္လွ်င္ျမန္ျမန္သတင္းပို႔ႏုိင္တယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ အျခားေသာ Services ေတြျဖစ္တဲ့ Tolls Gate ေတြ၊ Parking Fines ေတြကိုလည္း ကားပိုင္ရွင္ဆီကေန တုိက္ရုိက္ ႏုတ္ယူႏုိင္မွာျဖစ္ပါတယ္။

အခုလုိမ်ိဳး ျပဳလုပ္ႏုိင္တာကေတာ့ အဆုိပါ ဒီဂ်စ္တယ္ကားနံပါတ္ျပားေတြမွာ GPS တပ္ဆင္ေပးထားတာေၾကာင့္ျဖစ္ျပီးေတာ့ ကားနံပါတ္ေတြကိုလည္း သက္ဆုိရင္ Transport Authority ကေန ေျပာင္းလဲႏုိင္မယ္လုိ႔ သိရပါတယ္။ အဲ့ဒီအတြက္ ကားနံပါတ္ျပားေတြကို Hack ျပဳလုပ္ျခင္းလည္း ခံရႏုိင္တယ္လုိ႔ ေျပာၾကားခဲ့ျပီး BBC သတင္းဌာနရဲ႕ ေျပာၾကားခ်က္အရေတာ့ ဒူဘိုင္းႏုိင္ငံရဲ႕ ရာသီဥတု၊ ကႏၱာရ နဲ႔ အပူရွိန္ကလည္း အခုနည္းပညာအတြက္ စိန္ေခၚမႈေတြရွိလာႏုိင္တယ္လုိ႔ သိရပါတယ္။

Dubai Number Plates

အခုလုိမ်ိဳး ဒီဂ်စ္တယ္ကားလုိင္စင္နံပါတ္ျပားေတြကို စမ္းသပ္မႈကို ကယ္လီဖုိးနီယားျပည္နယ္က ၂၀၁၃ ခုႏွစ္မွာ အရင္ဦးဆံုး ျပဳလုပ္ခဲ့တာျဖစ္ျပီးေတာ့ အခုႏွစ္အေစာပိုင္းမွာ အခ်ိဳ႕ ေမာ္ေတာ္ယာဥ္ေတြမွာ စတင္အသံုးျပဳေနျပီပဲျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အခုလုိမ်ိဳး ဒီဂ်စ္တယ္ကားနံပါတ္ျပားေတြက ႏွစ္ေပါင္းမ်ားစြာရွိေနခဲ့တဲ့ သာမန္ကားနံပါတ္ျပားေတြကို အစားထုိးေတာ့မွာ မလြဲပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

မော်တော်ကားနံပါတ်ပြားတွေက လွန်ခဲ့တဲ့ရာစုနှစ်တွေထဲက စတင်ပြီး အခုအချိန်အထိ ကြီးမားတဲ့ပြောင်းလဲမှုတွေမရှိခဲ့ပါဘူး။ မော်တော်ကားတွေကပဲ နည်းပညာတွေမြင့်မားလာပြီး အခုအချိန်မှာ လျှပ်စစ်ကားတွေ၊ မောင်းသူမဲ့ကားတွေဆိုပြီးဖြစ်လာပေမယ့် ကားနံပါတ်ပြားတွေကတော့ ဒီအတိုင်းပဲရှိနေတာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ဒူဘိုင်းနိုင်ငံက စတင်ပြောင်းလဲဖို့ ဆောင်ရွက်နေပါပြီ။

Dubai Police

BBC သတင်းဌာနရဲ့ပြောကြားချက်အရ ဒူဘိုင်းနိုင်ငံမှာ ကားနံပါတ်ပြားတွေကို Digital Smart Plates တွေနဲ့ မော်တော်ယာဉ်အချို့မှာ နောက်လကနေစတင်ပြီးတော့ စမ်းသပ်တော့မယ်လို့ သိရပါတယ်။ Dubai Roads and Transport Authority ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး ဒီဂျစ်တယ် ကားနံပါတ်ပြားတွေကို အသုံးပြုတာက တကယ်လို့ ယာဉ်မတော်တဆမှုဖြစ်ပွားတာ ဒါမှမဟုတ် ကားအခိုးခံတယ်ဆိုရင် ရဲဌာနကို ပိုပြီး လျှင်လျှင်မြန်မြန်သတင်းပို့နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားသော Services တွေဖြစ်တဲ့ Tolls Gate တွေ၊ Parking Fines တွေကိုလည်း ကားပိုင်ရှင်ဆီကနေ တိုက်ရိုက် နုတ်ယူနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး ပြုလုပ်နိုင်တာကတော့ အဆိုပါ ဒီဂျစ်တယ်ကားနံပါတ်ပြားတွေမှာ GPS တပ်ဆင်ပေးထားတာကြောင့်ဖြစ်ပြီးတော့ ကားနံပါတ်တွေကိုလည်း သက်ဆိုရင် Transport Authority ကနေ ပြောင်းလဲနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ကားနံပါတ်ပြားတွေကို Hack ပြုလုပ်ခြင်းလည်း ခံရနိုင်တယ်လို့ ပြောကြားခဲ့ပြီး BBC သတင်းဌာနရဲ့ ပြောကြားချက်အရတော့ ဒူဘိုင်းနိုင်ငံရဲ့ ရာသီဥတု၊ ကန္တာရ နဲ့ အပူရှိန်ကလည်း အခုနည်းပညာအတွက် စိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ သိရပါတယ်။

Dubai Number Plates

အခုလိုမျိုး ဒီဂျစ်တယ်ကားလိုင်စင်နံပါတ်ပြားတွေကို စမ်းသပ်မှုကို ကယ်လီဖိုးနီယားပြည်နယ်က ၂၀၁၃ ခုနှစ်မှာ အရင်ဦးဆုံး ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အခုနှစ်အစောပိုင်းမှာ အချို့ မော်တော်ယာဉ်တွေမှာ စတင်အသုံးပြုနေပြီပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး ဒီဂျစ်တယ်ကားနံပါတ်ပြားတွေက နှစ်ပေါင်းများစွာရှိနေခဲ့တဲ့ သာမန်ကားနံပါတ်ပြားတွေကို အစားထိုးတော့မှာ မလွဲပါဘူး။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com