[Zawgyi]



Heathrow Airport

Heathrow Airport

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်လေယာဉ်မှူး Katsutoshi Jitsukawa ဟာ Japan Airline မှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး အက်ေတိုဘာလ ၂၈ ရက်နေ့က Breath Test ကျ အပြီးမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။






Yoe Lu (Akhayar)

www.akhayar.com

Source : BBC.com
[Unicode]

မူးနေတဲ့ ဂျပန်လေယာဉ်မှူးကို Heathrow လေဆိပ်မှာ ဖမ်းဆီးခဲ့

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က Heathrow လေဆိပ်မှာ ဂျပန်လေယာဉ်မှူးတစ်ယောက်ဟာ ဖမ်းဆီးထိန်းသိန်းခံလိုက်ရပါတယ်။ သူ့ရဲ့ သွေးထဲက Alcohol Limit ဟာ သတ်မှတ်ထားတာထက် ၉ ဆ ကျော်နေပြီး မူးနေလို့လည်း ဖြစ်ပါတယ်။

Heathrow Airport

Heathrow Airport

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်လေယာဉ်မှူး Katsutoshi Jitsukawa ဟာ Japan Airline မှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး အကေ်တိုဘာလ ၂၈ ရက်နေ့က Breath Test ကျ အပြီးမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

သူ့ရဲ့ သွေးထဲမှာ တွေ့ရှိချက်က 189mg of alcohol per 100ml of Blood ဖြစ်နေပြီး Pilot တစ်ယောက်အတွက် တရားဝင်ကန့်သတ်ထားချက်က 20mg ပဲရှိပါတယ်။ ဒီလိုဖမ်းဆီးလိုက်ပေမယ့် ပြီးခဲ့တဲ့ ကြာသပေတေးနေ့ကမှ အပြစ်ရှိကြောင်း တရားရုံးမှာ ဝန်ခံခဲ့တာလည်း ဖြစ်ပါတယ်။

သူဒီလို သောက်လာတာကို Crew Bus မောင်းသူက အနံ့ရခဲ့တာ ဖြစ်ပြီး ရဲကို တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။ လေယာဉ်မှူးဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို ပျံသန်းမယ့် Japan Airlines (JAL) flight JL44 မှာ တာဝန်ကျတဲ့သူဖြစ်ပြီး Departure Time မတိုင်ခင် မိနစ် ၅၀ အလို Breath Test စစ်တာမှာ မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို သူ့ကို ဖမ်းဆီးပြီး Duty လဲခဲ့တဲ့အတွက် ခရီးစဉ်ဟာလည်း ၆၉ မိနစ်လောက် Delay ဖြစ်ခဲ့ပြီး Japan Airlines (JAL) ဘက်ကလည်း ဒီကိစ္စအတွက် တောင်းပန်မှုပြုခဲ့ပါတယ်။

Jitsukawa ဟာ တရားရင်ဆိုင်နေဆဲဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။ သူ့ရှေ့မှာလည်း အလားတူ British Airways Pilot ဖြစ်တဲ့ Julian Monaghan ဟာ အလုပ်ချိန်မှာ သွေးထဲ 86mg of Alcohol တွေ့တာကြောင့် ထောင်ဒဏ် ၈ လချမှတ်ခံခဲ့ရပါတယ်။

ဘယ်အကြောင်းကြောင့်နဲ့ ဖြစ်ဖြစ်လေယာဉ်မတော်တဆပျက်ကျမှုဖြစ်ရင် လေယာဉ်ပေါ်ပါလာတဲ့ လူတွေရဲ့ အသက်ရှင်နှုန်းဟာ အရမ်းကို နည်းပါးပါတယ်။ ဒီလို လူ့အသက်တွေကို သယ်ယူပို့ဆောင်ပေးရတဲ့ လေယာဉ်မှူးတစ်ယောက်အနေနဲ့ ဒီလို လက်လွတ်စပယ်အဖြစ်မျိုးဟာတော့ လက်မခံနိုင်စရာပဲ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : BBC.com